စပါးခွံမြေဆွေး ပြုလုပ် သုံးစွဲနည်း
မကြာသေးမီက FFTC (Food and Fertilizer Technology Centre) မှ ထုတ်ဝေသော ဂျာနယ်တစ်စောင်တွင် စပါးခွံမြေဆွေးပြုလုပ်သုံးစွဲခြင်းနှင့် ပတ်သတ်သော စာတမ်းတစ်စောင်ကို ဖတ်ခွင့်ရလိုက်ရပါသည်။
ထိုစာတမ်း၏ ဖော်ပြချက်မှာ မလေးရှားနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ဆန်စပါး ကြိတ်ခွဲစက်ရုံများမှ ထွက်ရှိသော ဘေးထွက်ပစ္စည်းများဖြစ်သည့် စပါးခွံများကို အစပထမ၌ စွန့်ပစ်ရန် အခက်အခဲရှိနေခဲ့သည်။ နောက်ပိုင်းတွင် ၎င်းပြဿနာအား ဖြေရှင်းရန် ထိုစပါးကြိတ်ခွဲစက်ရုံများမှ ထွက်ရှိသော စပါးခွံများကို မြေဆွေးအဖြစ် ထုတ်လုပ် ထုတ်ယူသုံးစွဲလျှင် ပတ်ဝန်းကျင် ညစ်ညမ်းမှုအားလည်း ကာကွယ်ရန်နှင့် အပင်များ စိုက်ပျိုးရာတွင် သဘာဝမြေဩဇာများအဖြစ်လည်း ပြန်လည် အသုံးပြုနိုင်ရန် စမ်းသပ်ထုတ်လုပ် အောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။ ကောင်းမွန်သော အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ပြီး အထူးသဖြင့် ဆန်စပါးကို အဓိကထား စိုက်ပျိုးထုတ်လုပ် စားသုံးတင်ပို့ ရောင်းချသောနိုင်ငံ ဖြစ်ပါသည်။ နှစ်စဉ် စပါးမှထွက်ရှိသော ကောက်ရိုး စပါးခွံစသည့် ဘေးထွက်ပစ္စည်းများမှာ အလွန်များပြားလှပါသည်။ ၎င်းဘေးထွက် ပစ္စည်းများကို အခြားနေရာများတွင် ပြန်လည်အသုံးပြုခြင်း (ဥပမာ- လောင်စာအဖြစ် အသုံးပြုခြင်း) များလည်း ရှိပါသည်။ သို့သော်လည်း ၎င်းတို့အား စနစ်တကျ မြေဆွေးပြုလုပ်၍ အပင်များ စိုက်ပျိုးရာ၌ ပြန်လည် အသုံးပြုခြင်းကို ဆောင်ရွက်မှု နည်းပါးပါလိမ့်မည်။ ထို့ကြောင့် ကုန်ကျစရိတ်နှင့် ကရိကထလည်း များဟန်မတူသော မလေးရှားနိုင်ငံမှ ထုတ်လုပ်သုံးစွဲနေသည့် စပါးခွံ မြေဆွေး ပြုလုပ်သုံးစွဲနည်းကို စိတ်ပါဝင်စားသူများဆောင်ရွက်လုပ်ကိုင်နိုင် ရေးသား ဖော်ပြအပ်ပါသည်။ကုန်ကျစရိတ်နှင့် ကရိကထလည်း များဟန်မတူသော မလေးရှားနိုင်ငံမှ ထုတ်လုပ်သုံးစွဲနေသည့် စပါးခွံ မြေဆွေး ပြုလုပ်သုံးစွဲနည်းကို စိတ်ပါဝင်စားသူများဆောင်ရွက်လုပ်ကိုင်နိုင် ရေးသား ဖော်ပြအပ်ပါသည်။
ပြုလုပ်ဆောင်ရွက်နည်းများ
· စွန့်ပစ်စပါးခွံများအား ယူရီးယား၊ ထုံး၊ ကြက်ချေး၊ သဘာမြေစေး တို့နှင့်အတူ ၁-၂ ရက်ခန့် ရေထဲတွင်စိမ်ထားပါ၊
· ထို့နောက် ပိုသောရေများအားထုတ်ပစ်ပြီး ပလပ်စတစ်အစပေါ်တွင် ပုံပါ။
· မြေဆွေးပြုလုပ် ထားစဉ်အတွင်း အစိုဓာတ်ကို ထိန်းထားနိုင်ရန် နောက်ပလပ်စတစ်စ တစ်ခုဖြင့် အုပ်ပေးပါ။
· မြေဆွေးပုံအား ရေလောင်းပေးပြီး တစ်လတစ်ကြိမ် အထက်အောက် လှန်ပေးပါ။
၎င်းကို ၆ လအထိ ပြုလုပ်ပေးရမည်။ ဤသို့ဆောင်ရွက်ပေးခြင်းအားဖြင့် မြေဆွေးပုံအတွင်း ပါဝင်သော အရာဝတ္ထုပစ္စည်းများ ကောင်းစွာရောနှော သမသွားပြီး ဆွေးမြေ့မှုကိုလည်း မြန်စေပါသည်။ ပြုလုပ်ပုံ အဆင့်ဆင့်ကို ပုံတွင် ဖော်ပြထားသကဲ့သို့ နမှုနာကြည့်၍ ဆောင်ရွက် ပြုလုပ်နိုင်ပါသည်။
ဓာတ်ပုံ- မြေဆွေးပြုလုပ်ရန်စွန့်ပစ်ပစ္စည်းများစိမ်မည့်အုတ်ကန် (ပုံ- ၁)
ဓာတ်ပုံ- စပါးခွံများအား ကန်အတွင်းသို့လောင်းထည့်ပါ (ပုံ-၂)
ဓာတ်ပုံ- ယူရီးယား၊ ထုံး၊ ကြက်ချေးနှင့် သဘာဝမြေစေးတို့ ထည့်ပါ (ပုံ- ၃)
ဓာတ်ပုံ- ပိုသောရေများအားထုတ်ပစ်ပြီး ပလပ်စတစ်အစပေါ်တွင်ပုံပါ။ ပြီးနောက် အစိုဓာတ်ကို ထိန်းထားနိုင်ရန် နောက်ပလပ်စတစ်စ တစ်ခုဖြင့် အုပ်ပေးပါ။ (ပုံ-၄)
ဓာတ်ပုံ- မြေဆွေးပုံအား ရေလောင်းပေးပြီး တစ်လတစ်ကြိမ် အထက်အောက် လှန်ပေးပါ (ပုံ- ၅)
ဓာတ်ပုံ- အသုံးပြုရန် အသင့်ဖြစ်လာသော စပါးခွံမြေဆွေး
စပါးခွံမြေဆွေးတွင်ပါဝင်သောအာဟာရဓာတ်တန်ဖိုးများ
နိုက်ထရိုဂျင် - ဝ.၄ %
ဖော့စ်ပရပ် - ဝ.၆
ပိုတက် - ၁.၇ %
မဂ္ဂနီစီယမ်အောက်ဆိုဒ် - ဝ.၂ %
သံဓာတ်/အိုင်းရွန်း - ၄၃၀ (သန်းခိုင်နှုန်း)
သွပ်ဓာတ်/ဇင့် - ၆၈ (သန်းခိုင်နှုန်း)
ကြေးနီဓာတ်/ကော့ပါး - ၂၃ (သန်းခိုင်နှုန်း)
မင်းဂနိ - ၁၀၃ (သန်းခိုင်နှုန်း)
ဘိုရွန် - ၆ (သန်းခိုင်နှုန်း)
pH (မြေချဉ်ငံကိန်း) - ၆.၄
သီးနှံအမျိုးမျိုးတွင်အသုံးပြုရမည့်နှုန်းထား
ယာသီးနှံများ- ၁၀-၂၀ တန်/ဟက်တာ (၄.၀၅- ၈ တန် / ၁ ဧက)
လက်ဖက် - ၂၀-၂၅ တန်/ဟက်တာ (၈-၉ တန်/ ၁ ဧက)
ဆေးရွက်ကြီး - ၁၅-၂၀ တန်/ဟက်တာ( ၆ - ၈ တန် / ဧက )
စပျစ် - ၆ တန်/ဟက်တာ( ၂ တန်ခွဲ/ဧက) (ကြက်ချေး) - ၁၂ တန်/ဟက်တာ (ကြက်ချေးနှင့်စပါးခွံ) (၄.၈ တန် /၁ ဧက )
ရှောက်သံပရာလိမ္မော် - ၁၀ ကီလိုဂရမ်/တစ်ပင်
သင်္ဘော - ၁၀ တန်/ဟက်တာ(၄.၀၅ တန်/ ဧက)
နာနတ် - ၁၅ တန်/ဟက်တာ(၆ တန်/ ဧက)
အရွက်စားဟင်းသီးဟင်းရွက်များ - ၁၀-၂၀ တန်/ဟက်တာ(၄- ၈ တန်/ ဧက)
အသီးစားဟင်းသီးဟင်းရွက်များ - ၁၀-၂၀ တန်/ဟက်တာ(၄- ၈ တန်/ ဧက)
အမြစ်စားဟင်းသီးဟင်းရွက်များ - ၁၀-၃၀ တန်/ဟက်တာ(၄- ၁၂ တန်/ ဧက)
ဥစား ဟင်းသီးဟင်းရွက်များ - ၁၀-၂၀ တန်/ဟက်တာ (၄- ၈ တန်/ ဧက)
အလှစိုက်ပန်းများ - ၁၀-၂၀ တန်/ဟက်တာ (၄- ၈ တန်/ ဧက)
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
၂၅-၁၀-၂၀၀၈
Source: FFTC
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
aungsanoo
လွန်ခဲ့သော ၃ နှစ် ကစပါးခွံနွားချေးကြက်ချေးစတဲ့ပါဝင်ကုန်ကြမ့်းတွေရဲအချိုးအစားကိုတင်ပေးစေချင်ပါတယ်
ဦးစိုး096637718171တင်.
လွန်ခဲ့သော ၃ နှစ် ကတစ်ဟတ်တာမသိ
u zaw bawk
လွန်ခဲ့သော ၄ နှစ် ကvedio file ရှိရင်ကောင်းမယ်ဆရာ
u zaw bawk
လွန်ခဲ့သော ၄ နှစ် ကပုံမပေါလို့ဆရာ
ko ko myat
လွန်ခဲ့သော ၅ နှစ် က1တန်ကို 1တင်းခွဲအိပ် ဘယ်နစ်လုံးလဲ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။
bominthu • ဖြေကြားချက် 1 ခု
အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။
ကို ငယ် • ဖြေကြားချက် 2 ခု
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
Hmai OoSwe • ဖြေကြားချက် 2 ခု
ဆရာများအားလုံးမဂ်လာပါ🙏 စပါးပီးရင် မတ်ပဲကိုခုတ်ဖုံးလုပ်ပီးရိုးပြက်တွေကိုEMဖျန်းမယ် တစ်ဧက ကိုဘယ်နှစ်ပုံးဖျန်းရမလဲ အပင်ဖြစ်လာရင် အမိုင်နိုဖျန်းချင်တယ် အပင်ဘယ်အရွယ်မှာဖျန်းရမလဲ ခုလို အသုံးပြုတာအဆင်ပြေမလာ ဖြေကြားပေးပါ။ 🌱
bominthu • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from HanPhyoAung
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....