ငါးသလောက်ရာသီချိန်ဖြစ်လို့ ဖမ်းသူတွေ တွက်ခြေကိုက်နေ
ယခုရာသီသည် ငါးသလောက်ငါးရာသီချိန်ဖြစ်တဲ့အတွက် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရဲ့ မြစ်ထဲမှာ ငါးဖမ်းသူတွေအနေနဲ့ တစ်ရက်ကို ငါးသလောက် နှစ်ပိဿာလောက်အထိ ဖမ်းမိရရှိမှုရှိနေတယ်လို့ သိရပါတယ်။
ဘိုကလေးမြစ်ထဲကနေ ဖမ်းမိတဲ့ ငါးသလောက်တွေကိုတော့ စျေးကွက်အတွင်းမှာ တစ်ပိဿာကို ၂၅၀၀၀ ကျပ်နှုန်းဝန်းကျင်နဲ့ ရောင်းချနေရတယ်လို့သိရပါတယ်။
"တစ်ရက်ကို ခြောက်ကောင်နဲ့ ခုနှစ်ကောင်လောက်က ပုံမှန် ရကြတယ်။ အဲဒီထက်ပိုပြီး ရတဲ့အခါ လည်းရှိပါတယ်။ ၂၅၀၀၀ ဆိုတာက အကောင် အကြီးအသေး အကုန်အရောစျေးပေါ့ " လို့ ဘိုကလေးမြို့ ငါးဖမ်းလုပ်သားတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်မှာ ငါးသလောက်တွေဟာ မြစ်အထက်ကိုဆန်တက်တဲ့ ကာလဖြစ်တဲ့အတွက် ဘိုကလေး မြစ်ရေပြင်မှာ ငါးဖမ်းဆီးသူတွေ များပြားနေတာဖြစ်သလို ငါးသလောက်ဖမ်းဆီးရရှိမှုကလည်း ငါးဖမ်းသမားတွေအတွက် တွက်ခြေကိုက်မှုရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
ငါးသလောက်တွေဟာ ကမ်းရိုးတန်းတလျှောက်မှာ အုပ်စုဖွဲ့နေထိုင်ကျက်စားတတ်ပြီး ရေချိုမြစ်အတွင်း ဥချသားပေါက်တတ်လေ့ရှိကြောင်း သားပေါက်တွေက ငါးလသား၊ ခြောက်လသားအရွယ်မှာတော့ ရေချိုရေငန်စပ်ဒေသနှင့်ပင်လယ်ပြင်မှာ ကျက်စားတတ်တယ်လို့သိရပါတယ်။

"ဒီအချိန်လေးကို အလုအယက် ဖမ်းကြရတာ။ ငါးသလောက်က စျေးလည်းကောင်းတော့ ဖမ်းသူများနေတာပေါ့"လို့ ငါးဒိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
ပြည်တွင်းငါးစျေးကွက်မှာတော့ ငါးသားလောက် အကောင်အရွယ်အစား အကြီးအသေးအပေါ်ကိုလိုက်ပြီး တစ်ပိဿာကို အနိမ့်ဆုံး ၃၀၀၀၀ ကျပ်မှစပြီး အမြင့်ဆုံး ၆၀၀၀၀ ကျပ်အထက်ရှိတယ်လို့ သိရပါတယ်။
ငါးသလောက်ဥကတော့ စျေးကွက်ထဲမှာ စျေးနှုန်းအမြင့်ဆုံးနဲ့ တစ်ပိဿာကို ၂၅၀၀၀၀ ကျပ်အထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။ ငါးသလောက်စျေးနှုန်းကမြင့်တဲ့အတွက် အခြေခံလူတန်းစားတွေ စားသုံးမှုနှုန်း မရှိသလောက်နည်းပြီး စားသောက်ဆိုင်တွေနဲ့ မြန်မာထမင်းဆိုင်တွေကသာ အဓိက ဝယ်ယူမှုရှိနေတယ်လို့ သိရပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
သားငါးဈေးနှုန်းများ
Topic 2
ငါးဈေးကွက်အချိတ်အဆက်
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....