မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
ပွေးကောင်လို့ခေါ်တဲ့ အကောင်ငယ်လေးတွေကိုတော့ တောင်သူတွေအနေနဲ့ မစိမ်းလောက်ဘူးလို့ ထင်ပါတယ်။ သီးနှံစိုက်ခင်းတွေထဲမှာလည်း တစ်ခါတစ်ရံတွေ့ရတတ်တာမို့ တောင်သူတွေ သိရှိပြီးဖြစ်မှာပါ။ သူတို့ကို (Bamboo Rat) လို့ခေါ်ဆိုကြပါတယ်။ ပွေးကောင်တွေဟာဆိုရင် ကိုက်ဖြတ်စားသောက်တဲ့သတ္တဝါ (Rodent) အုပ်စုထဲမှာ ပါဝင်ပြီး ကြွက်များကဲ့သို့ မြေအောင်းသတ္တဝါတွေဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ ပွေးကောင်တွေရဲ့ အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ပွေးကောင်တွေဟာဆိုရင် ယေဘုယျအားဖြင့် မျိုးစိတ် ၄ မျိုးရှိပါတယ်။ ၎င်းတို့ရဲ့ မျိုးစိတ်နဲ့ တွေ့ရှိရတတ်တဲ့ နေရာဒေသတွေကတော့ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါတယ်။
၁။ Chinese Bamboo Rat (တရုတ်အလယ်ပိုင်းနဲ့ တောင်ပိုင်း၊ မြန်မာပြည်မြောက်ပိုင်း၊ ဗီယက်နမ်)
၂။ Hoary Bamboo Rat (အိန္ဒိယ အာသံပြည်နယ်မှ တရုတ် အရှေ့တောင်ဘက်၊ မလေး ကျွန်းဆွယ်နဲ့ ဆူမားတြား ကျွန်း)
၃။ Large Bamboo Rat (တရုတ်ပြည် ယူနန်၊ မလေး ကျွန်းဆွယ်နဲ့ ဆူမားတြားကျွန်း၊ အင်ဒိုချိုင်းနား ကျွန်းဆွယ်)
၄။ Lesser Bamboo Rat (နီပေါ၊ အိန္ဒိယ အာသံပြည်နယ်၊ ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်း၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် မြောက်ပိုင်း) စတဲ့ နေရာဒေသတွေမှာ ပွေးကောင်တွေကို အဓိကတွေ့ရှိရပါတယ်။ ဒါ့အပြင် ပွေးကောင်တွေဟာ အထက်ဖော်ပြပါ နိုင်ငံတွေမှာရှိတဲ့ ဒေသခံ လူမျိုးတွေရဲ့ အစားအစာ အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာပြည်မာ အတွေ့များတဲ့ (Lesser Bamboo Rat) ပွေးကောင် ရဲ့ ခန္ဓာကိုယ် အရှည်ဟာ ၆ လက်မ ကနေ ၈ လက်မထိ ရှိပါတယ်။ အမြီးကတော့ ၂ လက်မ ဝန်းကျင် ရှိပြီး ၎င်းရဲ့ အလေးချိန်ဟာ ဝ.၂၀ ကီလိုကနေ ဝ.၃၄ ကီလိုသာ ရှိပါတယ်။ သူတို့ရဲ့ နားရွက်တွေဟာ သေးငယ်ပြီး ပျောက်နေတတ်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ အမွှေးတွေဟာ ထူပြီးတော့ နူးညံ့ပါတယ်။ ခန္ဓာကိုယ် အပေါ်ဘက် အရောင်ကတော့ နီညိုရောင်ကနေ မီးခိုးရောင်ထိ ရှိတတ်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းကတော့ အရောင်ဖျော့ပါတယ်။ ခေါင်းနဲ့လည်ပင်းတစ်ဝိုက်မှာ တစ်ခါတစ်ရံ အဖြူရောင် အစင်းကြောင်းလေးတွေ တွေ့ရတတ်ပါတယ်။ ပွေးကောင်ရဲ့ နောက်ခြေသည်းဟာ တိုပြီး ရှေ့ခြေသည်းကတော့ ကြီးပြီးရှည်ပါတယ်။ ရှေ့ခြေမရဲ့ အပြင်ဘက်မှာ ကောက်နေတဲ့ အရိုးတစ်ချောင်းပါတဲ့အတွက် ဆောက်ကဲ့သို့ မြေကြီးကို ထွင်းပြီး တူးနိုင်ပါတယ်။ ပွေးကောင် ယက်ထုတ်ထားတဲ့ မြေပုံကိုကြည့်ပြီး စိုက်ခင်းထဲမှာ ပွေးကောင်ရှိ မရှိ သိနိုင်ပါတယ်။
ပွေးကောင်ဟာ မြေပျော့ပျော့သာရှိနေမယ်ဆိုရင် တစ်ညကို ပေ ၃၀၀ လောက်ထိ တွင်းတူးနိုင်တယ်လို့ သိရပါတယ်။ 
အဖျက်ကောင်လား / မိတ်ဆွေလား ?
ပွေးကောင်တွေဟာ တွင်းတူးပြီး အုပ်စုဖွဲ့နေထိုင်လေ့ရှိတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဝါးပင်တွေ ထူထပ်စွာ ပေါက်ရောက်တဲ့ ဒေသတွေမှာ အများဆုံးနေထိုင်ကျက်စားလေ့ပြီး ပေါင်းမြက်ပေါများတဲ့နေရာတွေ၊ သစ်တောတွေ၊ ဥယျာဉ်ခြံမြေတွေနဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေမှာလည်း တွေ့ရတတ်ပါတယ်။ ပွေးကောင် ကြိုက်နှစ်သက်တဲ့ အစာကတော့ တီကောင်နဲ့ သီးနှံပင်တွေရဲ့ အမြစ်မှာ ကျရောက်တဲ့ ပိုးတွေပဲ ဖြစ်ပါတယ်။ တီကောင်နဲ့ အမြစ်ထိုးပိုး၊ ပိုးလောက်ကောင်နဲ့ ပိုးတုံးလုံး တွေကို ရှာဖွေစားသောက်ရင်း အချိန်နဲ့အမျှ လှုပ်ရှားနေတဲ့ ပွေးကောင်ရဲ့ သဘာဝကြောင့် တောင်သူတို့ရဲ့ စိုက်ပျိုးထားတဲ့ သီးနှံအမြစ်တွေကိုပါ ထိခိုက်ပြီး အပင်တွေ ညှိုးသေလာရခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ တောင်သူတွေ ထင်နေသလို ပွေးကောင်က အပင်ရည်ကို စုပ်ယူစားသုံးလို့ အပင်ညှိုးသွားတာမျိုး မဟုတ်ပါဘူး။ ပိုးမွှားများအပြင် ၎င်းတို့ဟာ ဝါးပင်ရဲ့ အညွန့်တွေ၊ အမြစ်တွေနဲ့ မြေအောက်ရှိ အပင်အစိတ်အပိုင်းများကိုပါ စားသောက်ကြပါတယ်။ ထို့အပြင် စိုက်ပျိုးထားတဲ့ ပီလောပီနံဥနဲ့ ကြံပင်တွေကိုလည်း စားသုံးတတ်ကြပါသေးတယ်။ ဒါ့ကြောင့်ပဲ ပွေးကောင်လို့ ဆိုလိုက်တာနဲ့ စိုက်ပျိုးရေးလုပ်တဲ့ တောင်သူအများစုက အဖျက်ပိုးအုပ်စုထဲမှာ ပါဝင်တယ်ဆိုပြီး သတ်မှတ်ကြတာဖြစ်ပါတယ်။ သူတို့ဟာ တစ်ခါတစ်ရံမှာတော့ ကျွန်ုပ်တို့ တောင်သူတွေစိုက်ပျိုးထားတဲ့ သီးနှံပင်တွေကို လာရောက်ဖျက်စီးတဲ့ ကြွက်တွေကိုလည်း ဖမ်းယူစားသောက်တတ်ပါသေးတယ်။ သူဟာ အချိန်နဲ့အမျှ ဆာလောင်နေတတ်တာဖြစ်ပြီး ၁၀ နာရီကြာ အစာမစားရဘူးဆိုရင် သေဆုံးသွားတတ်တယ်လို့ သိရပါတယ်။ ပွေးသားဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး အဆီနည်းတာကြောင့် တရုတ်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့မှာတော့ စားသောက်ဖွယ်ရာ ဟင်းလျာအနေနဲ့ ရောင်းချတယ်လို့သိရပါတယ်။
ပွေးကောင်ဟာ ၈ လကနေ ၁ နှစ်သားမှာ အရွယ်ရောက်ပြီး မိတ်လိုက်ခြင်း (Mating) ပြုလုပ်ပါတယ်။ အရွယ်ရောက်ပြီးသား ပွေးကောင်အမရဲ့ ကိုယ်ဝန်ဆောင်ကာလဟာ ၆ ပတ်ခန့် ကြာမြင့်ပြီး တစ်ကြိမ်မွေးလျှင် ၂ ကောင်မှ ၅ ကောင်ထိမွေးပါတယ်။ နို့တိုက်သတ္တဝါဖြစ်ပြီး မွေးပြီး ၈ ပတ်ခန့်အကြာမှာ အခြားသော အစားအစာများကို စတင်စားသောက်ပါတယ်။ ကြွက်များကဲ့သို့ အုပ်စုဖွဲ့ကာ စနစ်တကျ တွင်းတူးနေထိုင်တဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ အေးမြသောဆောင်းရာသီနဲ့ သားပေါက်သော နွေဦးကာလမှာဆိုရင် မြေထဲမှာ တွင်းအောင်းပြီး နေထိုင်ကြတယ်လို့ သိရပါတယ်။
ကိုးကားချက်
၁။ ကိုရဲ (စိုက်ပျိုးရေး)၊ စိုက်ပျိုးရေးရာ အကြံပြုချက်များ ၂
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုစိုးပိုင်
လွန်ခဲ့သော ၁ ပတ် ကအမြစ်တွေကိုက်ဖြတ်လို့ဘယ်လိုကာကွယ်ရပါမလဲ
ကိုစိုးပိုင်
လွန်ခဲ့သော ၁ ပတ် ကပွေးကောင်တွေရန်ကိုဘယ်လိုကာကွယ်ရပါမလဲ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
ဆက်စပ်မေးခွန်းများ
အဲ့ရာဘာဖစ်တာလည်း
Ah Sai Shesoi • ဖြေကြားချက် 0 ခု
ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။
ဦးမောင်ကို • ဖြေကြားချက် 1 ခု
စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။
ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from ဇင်ထူးနိုင်
အားလုံး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026