ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများကိုယ်တိုင် ကျန်းမာရေးနှင့်ညီညွတ်သောစားသုံးဆီကို စားသုံးဖြစ်ကြပါသလား..?
ကျွန်မတို့မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံသည် တတိယအများဆုံး စိုက်ပျိုးသီးနှံဖြစ်၍ အဓိကအားဖြင့် နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲပုပ်၊ ဆီအုန်းတို့်စိုက်ပျိုးသည်။ ဆီထွက်သီးနှံစိုက်ပျိုးမှုမှာ တတိယအများဆုံး စိုက်ပျိုးသီးနှံဖြစ်သော်လည်း ပြည်တွင်းစားသုံးမှုအတွက်ပင် မလုံလောက်မှုများဖြစ်နေသည်။
စားသုံးဆီများထုတ်လုပ်ရာတွင် အသုံးပြုသောသီးနှံများ၏ ပြည်ပမှတင်သွင်းမှုသည် ယခုအချိန်ထိ ပြည်ပပို့ကုန်ထက် နှစ်ဆကျော်ပိုများနေသည်။ လွန်ခဲ့သော လေးနှစ်မှ ငါးနှစ်အတွင်း စားသုံးဆီများသုံးစွဲသောပမာဏသည် အမေရိကန်ဒေါ်လာ သန်း၂၀၀ ခန့်ရှိပြီး ယခုအခါ အမေရိကန်ဒေါ်လာ သန်း ၆၀၀ အထိမြင့်တက်ခဲ့သည်ဟုသိရသည်။
ဒါ့ကြောင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းရေးမှူး ဦးအောင်စိုး၏ ပြောပြချက်အရ ပြည်တွင်းလိုအပ်ချက်များအတွက် လုံလောက်သောထောက်ပံ့မှုများ ရရှိစေရန် ယခင်စားသုံးဆီများတင်ပို့ခြင်းကို တားမြစ်ထားသောကြောင့် လယ်သမားများသည် စီးပွားရေးအရ မက်လုံးနည်းပါးသောကြောင့် သီးနှံများစိုက်ပျိုးခြင်းကို လျှော့ချခဲ့သည်ဟုသိရသည်။
ဤတွင် စားသုံးဆီတင်ပို့မှုကို တားမြစ်ခြင်းကြောင့် လယ်သမားများ မက်လုံးနည်းပါးလာ၍ သီးနှံစိုက်ပျိုးခြင်းကို လျှော့ချခဲ့သည်ဟုအဆိုတွင် မက်လုံးနည်းပါးသော အကြောင်းရင်းထက်ပိုသော အကြောင်းရင်းများစွာရှိနေသည်ဟု ကျွန်မမြင်မိသည်။
မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီအစရှိသော ဒေသတွင်းထုတ်လုပ်နိုင်သောဆီများသည် ဝင်ငွေနည်းပါးသော စားသုံးသူအုပ်စုနှင့် အခြေခံလူတန်းစားများအတွက် ဝယ်ယူစားသုံးနိုင်မှုမှာ အတိုင်းအတာတစ်ခုအထိ ကွဲပြားနေသေးသည်။ ထို့ပြင် ပြည်တွင်းထုတ်လုပ်သော စားသုံးဆီများကိုရောင်းရန် လူတို့သည် အတုလုပ်၍ အမွှေးနံ့သာများကိုထည့်ကာ လိမ်လည်ရောင်းချမှုများလည်းရှိနေပေသည်။
ဆီစက်နှင့် ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံ သွားရောက်လေ့လာရာတွင် လက်လီလက်ကားရောင်းချပေးသော ဆီအမျိုးအစား မျိုးစုံရှိ၍ စားအုန်းဆီကို ၂၀၀၀ ကျပ်နှုန်း၊ စက်ဆီကို ၃၀၀၀ ကျပ်နှုန်း၊ ပဲဆီကို ၆၀၀၀ ကျပ်နှုန်းနှင့် နှမ်းဆီကို ၇၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေသည်။ သို့သော် တစ်နေ့ကို ဆီလက်လီဝယ်ယူသောစားသုံးသူ ၁၀ ဦးတွင် ၈ ဦးနှုန်းမှာ စားအုန်းဆီ ၂၀၀၀ ကျပ်တန်ကိုသာ ဝယ်ယူလေ့ရှိကြောင်း တွေ့ခဲ့ရသည်။ဒါ့ကြောင့် ပြည်တွင်းထုတ်လုပ်သော မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ စသောအန္တရာယ်ကင်းသော တန်ဖိုးမြင့်သောဆီများကို ဝယ်ယူစားသုံးနိုင်မှုအခြေအနေမှာ အလွန်နည်းပါးနေသေးသော ကျွန်မတို့မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံစိုက်တောင်သူများ သီးနှံလျှော့စိုက်ခြင်းမှာ မက်လုံးနည်းပါးသည်ဆိုသော အကြောင်းရင်းထက်ပိုသော အခက်အခဲများစွာရှိနေပါသည်။
ထို့ကြောင့် ထုတ်လုပ်မှုအနည်းငယ်သာ ဈေးနှုန်းများမြင့်တက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများသည် စားသုံးဆီများတင်သွင်းခြင်းကို စတင်ခဲ့သည်။ ထို့ကြောင့် ပြည်ပသို့ တင်ပို့ခွင့် ထပ်မံခွင့်ပြုပြီးနောက် ဆီအုန်းစိုက်ပျိုးရန် ခွဲဝေချမှတ်ထားပေးသည့် မြေယာများ ထပ်မံတိုးမြင့်ခဲ့သော်လည်း ယခုအခါ သီးနှံများကို ကုန်ချောအဖြစ် ပြန်လည်ပြုပြင်ရန် ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ပြည်တွင်းလိုအပ်ချက်ဖြစ်သော စားအုန်းဆီကုန်ချောအဖြစ် မထုတ်လုပ်နိုင်သေး၍ သွင်းကုန်များ ပိုမိုလိုအပ်လာသည်ဟုသိရသည်။
ဒါ့ကြောင့် တင်သွင်းမှုများတွင် စားအုန်းဆီမှာ အများဆုံးဖြစ်၍ ကျွန်မတို့နိုင်ငံကိုတင်သွင်းသော စားအုန်းဆီမှာ အရည်အသွေးမပြည့်မီပဲ ထုတ်လုပ်တဲ့နေရာမှာ အဆင့်တစ်ခုလျှော့ထားလို့ မြန်မာနိုင်ငံမှာဆိုရင်ဖြင့် စားအုန်းဆီဟာ မစားသုံးသင့်ပါဘူး။ သို့သော် အိမ်နီးချင်းနိုင်ငံများမှာတော့ အရည်အသွေးပြည့်မီလို့ စားသုံးကြပါတယ်။ ဒါ့ကြောင့် စားသုံးသူတွေမှာ အကျိုးဆက်တွေခံစားရစေပါတယ်။
သို့သော် စားသုံးသူများတင်မကပါဘူး ဆီထွက်သီးနှံစိုက်သော တောင်သူများကိုယ်တိုင်ပင် ကျန်းမာရေးနှင့်ညီညွတ်သော ပြည်တွင်းထုတ်ဆီများကို မစားသုံးပဲ စားအုန်းဆီကဲ့သို့ ဈေးနှုန်းသက်သာသော ဆီများကိုသာ စားသုံးကြပါတယ်။ ဆီထွက်သီးနှံစိုက်သော တောင်သူ ၁၀၀ တွင် ၁၀ ရာခိုင်နှုန်းခန့်သာ ကိုယ်ပိုင်သီးနှံကို ဆီကြိတ်စားကြတာတွေ့ရပါတယ်။ ကျွန်မတို့ လူနေမှုအသိုင်းအဝိုင်းတွင် တောင်သူမိသားစုများအနေဖြင့်လည်း ပညာရေး၊ လူမှုရေး၊ စားဝတ်နေထိုင်ရေး လိုအပ်ချက်များအတွက် ငွေကြေးလိုအပ်ချက်ပိုမိုများလာသောကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များကို လျစ်လျူရှုလာရသော အခြေအနေများဖြစ်လာကြပေသည်။
ဒါ့ကြောင့် ဆီစားသုံးမှု ပိုမိုမြင့်မားလာသည်နှင့်အမျှ သင့်လျော်သောဆီကို မည်သို့ရွေးချယ်ရမည်ကို အများပြည်သူသိရှိနားလည်စေရန်အတွက် အစီအစဉ်များပြုလုပ်ပေးရန် ပိုမိုလိုအပ်လာပေသည်။ ထို့ပြင် ကျွန်မတို့မှာ လယ်သမားတွေရှိတယ်၊ ထုတ်လုပ်မှုကောင်းတဲ့မြေတွေရှိတယ်။ ဒါ့ကြောင့် လယ်သမားတွေကို အကာအကွယ်ပေးနိုင်သော နည်းလမ်းများကို စဉ်းစား၍ ကျန်းမာရေးနှင့်ညီညွတ်သော ပြည်တွင်းစားသုံးဆီကို အလုံအလောက်ထုတ်လုပ်လာနိုင်ရန် လယ်သမား၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းများကိုပါ ထည့်သွင်းစဉ်းစားသော မူဝါဒများလိုအပ်နေပါကြောင်း ရေးသားတ်ပြလိုပ်ရပါသည်။
လေးစားစွာဖြင့်
သိင်္ဂီလှိုင်(B.Agr.Sc)
ကိုးကားချက်
https://www.google.com/url?sa=t&source=web&rct=j&url=https://www.mmtimes.com/news/oil-seed-imports-dwarf-exports.html&ved=2ahUKEwjh0NbUmfnrAhWL73MBHZG6DHcQFjABegQIDRAH&usg=AOvVaw280mcTjvt-w07zUUoXGuIR
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ခင်မောင်တင့်
လွန်ခဲ့သော ၅ နှစ် ကလျှော်ဖြူဆီထုပ်ခြင်ပါတယ်ဗျာ ကျေးဇူးပြုပြီးရှင်းပြပါအုံး
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from သိင်္ဂီလှိုင်
အားလုံး
သာတူညီမျှဖြစ်မှုကို ဆုံးရှုံးနေရသောတောင်သူများ
29/10/2021
လယ်ယာမြေ စတော့ရှယ်ယာဈေးကွက်ဆိုတာဘာလဲ? ဘာလို့ သိထားသင့်တာလဲ?
20/10/2021
အိမ်တွင်းစိုက်အပင်လေးတွေရဲ့ စိတ်ဝင်စားစရာသမိုင်းကြောင်း
29/09/2021
သက်ရှည်ကျန်းမာစေလိုသောအားဖြင့် ပြင်းထန်စွာသတိပေးပါရစေ
03/12/2020
ငါးနုတ်ငါးဖွဲများ လျော့နည်းမျိုးတုံးလာရခြင်း အကြောင်းရင်းများနှင့် ဆက်စပ်နေသော စိုက်ပျိုးရေးကဏ္ဍတစ်စိတ်တစ်ပိုင်း
23/11/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....