အတူတွန်းမှရွေ့နိုင်မယ့် စိုက်ပျိုးရေးကဏ္ဍအတွက် အနာဂါတ်စိုက်ပျိုးပညာရှင်လူငယ်များ၏သဘာထားများ ပိုမိုအရေးကြီးလာ
စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာရန် လုပ်ဆောင်နေချိန်တွင် ပိုမိုကောင်းမွန်သောမူဝါဒများ ပြောင်းလဲကျင့်သုံးနေရုံဖြင့် မပြီးပြည့်စုံနိုင်ပါ။ ၎င်းမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နေသော ပညာရှင်များ၊ ဝန်ထမ်းကောင်းများ၊ တောင်သူများမှလည်း ခိုင်မာသော သဘောထားအမြင်တွေ၊ ဝေဖန်သုံးသပ်နိုင်သော ပညာရပ်တွေ၊ ပြောင်းလဲလိုစိတ်ရှိသော အမူအကျင့်တွေ၊ မှန်ကန်ရိုးသားသော စိတ်သဘောထားတွေ ပိုမိုလိုအပ်လာပါပြီ။
တောင်သူများနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးလာစေရန် ကဏ္ဍစုံမှ ကြိုးပမ်းနေသော စီမံကိန်းများရှိနေသော်လည်း သိသာသောအကျိုးရလဒ်ကတော့ ခုချိန်ထိ မမြင်သာသေးတာကတော့ အားမရဖွယ်ရာပါပဲ။
စိုက်ပျိုးကဏ္ဍဖွံ့ဖြိုးရေးအတွက် ကန်ထရိုက်လယ်ယာစနစ်(contract farming) ကိုအားပေးလုပ်ဆောင်ရန် ရည်ရွယ်ဆောင်ရွက်နေသည်မှာ နှစ်နှစ်ကျော် သုံးနှစ်ဝန်းကျင်ခန့်ရှိနေပါသော်လည်း ကန်ထရိုက်လယ်ယာစနစ်၏ မူဝါဒများ၊ ကောင်းကျိုး ဆိုးကျိုးများကို တောင်သူများမှ ခုထက်ထိတိုင်မသိရှိသေးပေ။
ကန်ထရိုက်လယ်ယာလုပ်ကိုင်ရန် လုပ်ငန်းရှင်ကုမ္ပဏီများဘက်မှ တောင်သူများထံကွင်းဆင်း၍ အကျိုးတူလုပ်ဆောင်ရန် စာချုပ်ချုပ်ဆိုရာတွင် ကောင်းကျိုးများသာချပြ၍ တိကျသောဈေးနှုန်းသတ်မှတ်ချက် မက်လုံးဖြစ်သာ ဆွဲဆောင်နေတယ်လိုမြင်မိပါတယ်။ကန်ထရိုက်လယ်ယာစနစ်၏ မူဝါဒများနှင့် မရင်းနှီးသေးသော တောင်သူများအတွက် ကောင်းကျိုးဆိုးပစ်နှင့် နောင်ဖြစ်လာမည့် အကျိုးဆက်တို့ကို စိုက်ပျိုးရေးဝန်ကြီးဌာနမှ ကြိုတင်ပညာပေးလုပ်ဆောင်မှုများ လိုအပ်နေပေသည်။
သို့ရာတွင် ကန်ထရိုက်လယ်ယာစနစ်ကိုလုပ်ကိုင်နေသော လုပ်ငန်းရှင်များဘက်မှ ဝန်ထမ်းအများစုမှာ စိုက်ပျိုးရေးပညာ သင်ယူထားသောသူများဖြစ်သော်လည်း ၎င်းတို့၏ လုပ်ငန်းအပေါ်တာဝန်ယူမှု အပြည့်အဝမရှိသလို၊ တောင်သူ့အကျိုးထက် ၎င်းလုပ်ငန်းရှင်၏အကျိုးကိုသာ ဇောင်းပေးလုပ်ဆောင်နေတာကို အတော်လေးစိတ်မကောင်းဖြစ်ရကြောင်း တောင်သူများထံမှ ပြန်လည်ကြားသိရတယ်။ ကိုယ်တိုင်အနေဖြင့်လည်း ကန်ထရိုက်လယ်ယာဝန်ထမ်းတစ်ဦး ထံမှ "တောင်သူတွေ စပါးဈေးအတော်လေးကျသွားစေချင်တယ် ဒါမှ ငါတို့ကုမ္ပဏီကပေးတဲ့ဈေးက ကောင်းတာကိုမြင်ပြီး လိုက်လုပ်ကြမှာ" လို့ ကြားလိုက်ရချိန် အတော်စိတ်မကောင်းဖြစ်မိပါတယ်။ ဒီစကားဟာ သူ၏ စိတ်ရင်းမှန် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျွန်မတို့ စိုက်ပျိုးပညာသင်ကြားပေးမှုမှာ လိုအပ်ချက်တွေရှိနေပြီဟု ကျွန်မမြင်မိလာပါတယ်။
ဒါဆို နိုင်ငံတော်ကခန့်အပ်ထားသော စိုက်ပျိုးရေးဝန်ထမ်းအများစုကရော တောင်သူတွေအတွက် အမှန်တကယ် ရပ်တည်လုပ်ဆောင်ပေးနေပါသလား...?
အမှန်တကယ် တောင်သူအတွက် ရပ်တည်လုပ်ဆောင်ပေးနေတဲ့ ဝန်ထမ်းကောင်းတွေရှိနေပါတယ်။ သို့သော် မြင်သာသောလုပ်ဆောင်မှုတို့၌သာ သရုပ်ပြနေသော လုပ်ရိုးလုပ်စဉ်တွေက ရှိနေပါသေးတယ်။ ဒါတွေကို အပြည့်အစုံထောက်ပြမယ်ဆို ရှေးခေတ်အဆက်ဆက်က လုပ်နည်းလုပ်စဉ်နဲ့ မှတ်တမ်းထဲ၌သာရှိသော မူဝါဒတွေကို တသီကြီးချပြရမှာမို့ အတော်ခက်ပါတယ်။
ဒါ့ကြောင့် ကျွန်မတို့ စိုက်ပျိုးရေးမူဝါဒတွေ ပြောင်းလဲကျင့်သုံးနေပေမဲ့ လက်တွေ့လုပ်ဆောင်မည့် နိုင်ငံ့ဝန်ထမ်းတွေအတွက် အခြေခံအစ စိုက်ပျိုးပညာသင်ယူမှုတွေမှာ ခံယူချက်နှင့် သဘောထားအမြင်တွေအတွက် သင်ကြားမှုတွေလိုအပ်နေတယ်လို မြင်မိလာပါတယ်။ မည်သို့သော အဖွဲ့အစည်းကဖြစ်စေ တောင်သူတွေကို ငွေသာမြင်သောသူလို့ သမှုတ်တာတွေ မြင်တွေ့ကြားသိနေရတာ တကယ်ရင်နာစရာပါပဲ။
"အကျိုးတူလယ်ယာလုပ်ဖို့ကိုရှင်းပြတာ တောင်သူက ဘာမှနားမလည်ဘူး ဈေးကောင်းကောင်းပေးမယ်ဆိုတဲ့တစ်ခုတည်းနဲ့ မျှားပြောနေရတယ်" လို့ အကျိုးတူလယ်ယာလုပ်ငန်းမှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။
"တောင်သူက သီးနှံထွက်ချင်တာပဲသိတယ် ဓာတ်မြေသြဇာကျွေးဖို့ကျတော့ အတော်ကပ်စေးနှဲတယ်" လို့ စိုက်ပျိုးရေးသွင်းအားစုကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
"တောင်သူတွေက လက်ဆောင်တွေပေးတဲ့ စိုက်ပျိုးရေးဆေးကုမ္ပဏီတွေရဲ့ ဟောပြောပွဲပဲတက်တာ ငါတို့စိုက်ပျိုးရေးရုံးကလုပ်တဲ့ပွဲတွေကို မတက်ဘူး။ လက်ဆောင်ပဲ မက်နေကြတာ" လို့ အစိုးရစိုက်ပျိုးရေးဝန်ထမ်းတစ်ဦးက ပြောဖူးပါတယ်။
ဟုတ်ပါတယ် တစ်ဖက်ကကြည့်ရင် အားလုံးကမှန်နေပါလိမ့်မယ်။ နှစ်ဖက်လုံးကို မြင်ယောင်ကြည့်ရင်တော့ အကြောင်းရင်းမှန်တွေကို မြင်လာပါလိမ့်မယ်။ ကျွန်မတို့ မြင်အောင်ကြည့်တက်ဖို့တော့ လိုပါတယ်။ ငွေသာမြင်တယ်လို့ သမှုတ်ထားတဲ့လယ်သမားတွေ တောင်သူအလုပ်လုပ်လာတာ ဆယ်စုနှစ်များစွာချီနေပါပြီ။ သို့သော် တိုးတက်ချမ်းသာလာပါသလား? ငွေကိုမြင်၍လုပ်သော လုပ်ငန်းရှင်တွေနဲ့ ဝန်ထမ်းတွေသာ ဆယ်စုနှစ်နည်းနည်းအတွင်း တိုးတက်လာတာ၊ နေရာကောင်းရလာကြတာကတော့ မြင်သာပါတယ်။
ဒါ့ကြောင့် ကျွန်မတို့ စိုက်ပျိုးရေးကဏ္ဍတိုးတက်လာအောင် လုပ်ဆောင်နေသော အဝန်းအဝိုင်းနယ်ပယ်မှ စိုက်ပျိုးရေးပညာရှင်လူငယ်တွေကို စိုက်ပျိုးရေးနည်းပညာတွေကိုသင်ကြားပေးရုံဖြင့် မလုံလောက်သေးပါဘူး။ စိုက်ပျိုးရေးအပေါ်သဘောထား၊ မြန်မာနိုင်ငံရှိတောင်သူတွေရဲ့ အခြေအနေမှန်ကို ပိုမိုမြင်သာစေသော၊ ကိုယ်ပိုင်သဘောထားအမြင်ဖြင့် ဝေဖန်သုံးသပ်နိုင်သော အတွေးအခေါ်များကို ပိုမိုထည့်ပေးနိုင်သောသင်ကြားမှုများ လိုအပ်သည်ဟု ကျွန်မအမြင်ဖြင့် သုံးသပ်ပါရစေ။
ကျွန်မတို့အားလုံး အများအကျိုးအတွက်လုပ်ရမည်ဟု မဆိုလိုထားပါ။ သို့သော် ကျွန်မတို့ လုပ်ဆောင်နေတာဟာ အယောင်ဆောင်ကောင်းကျိုးလား၊ ဆိုးကျိုးတွေကို မရည်ရွယ်ပဲ ဖွက်ထားမိစေသလား မြင်သာအောင်ကြည့်တတ်ဖို့ လိုအပ်ပါတယ်။
စိုက်ပျိုးပညာသင်ယူထားတဲ့ ကျွန်မတို့နယ်ပယ်ကသူတွေ၊ စိုက်ပျိုးရေးဖြင့်ဆက်နွယ်လုပ်ကိုင်နေတဲ့သူတွေမှ တောင်သူ့အတွက် စစ်မှန်တဲ့အင်အားမဖြစ်ပေးရင် တောင်သူတွေမှာ ဘယ်အင်အားရှိတော့မလဲ။
ကျွန်မတို့ သဘောထားအမြင်တွေကို မည်သို့သောအဖွဲ့အစည်းရဲ့မှိုင်းတွေနဲ့မှ မမွမ်းမံမိပါစေနဲ့။ ဝေဖန်သုံးသပ်တတ်ပါစေ။
လေးစားစွာဖြင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
aung pyae khaing
လွန်ခဲ့သော ၄ နှစ် ကစိုက်ပျိုးရေးစိတ်ဝင်စားတဲ့ လူငယ်တွေကို စိုက်ပျိုးရေး နည်းပညာသင်တန်း ပြန်လည်ပို့ချပေးဖို့လိုတယ်
ကိုသန်းလိူင်
လွန်ခဲ့သော ၅ နှစ် ကကျနော် တို့ ဆီ မှာ မကြားဘူး ဘူးပါ
ဦးစိုးသန်းစံ
လွန်ခဲ့သော ၅ နှစ် ကကန်ထရိုက်လယ်ယာလုပ်တယ် ထုပ်ပေးတဲ့သွင်းအားစုတွေကအပြင်ထက်ဈေးပိုတယ်
U Hla Tin
လွန်ခဲ့သော ၅ နှစ် ကစိုက်ပျိုးရေးကျောင်းဆင်းတွေတောင်သူနဲ့အတူစိုက်ကွင်းထဲဆင်းရင်တိုးတက်ပါ့မယ်။
ဦးရဲထွဋ်ဝင်း
လွန်ခဲ့သော ၅ နှစ် ကမြန်မာ့လယ်ယာ တိုးတက်ဖို့ နည််းပညာ နှင့်ပင်မက အသိပညာ ပါတိုးတက်ဖို့ လိုအပ်ပါတယ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from သိင်္ဂီလှိုင်
အားလုံး
သာတူညီမျှဖြစ်မှုကို ဆုံးရှုံးနေရသောတောင်သူများ
29/10/2021
လယ်ယာမြေ စတော့ရှယ်ယာဈေးကွက်ဆိုတာဘာလဲ? ဘာလို့ သိထားသင့်တာလဲ?
20/10/2021
အိမ်တွင်းစိုက်အပင်လေးတွေရဲ့ စိတ်ဝင်စားစရာသမိုင်းကြောင်း
29/09/2021
သက်ရှည်ကျန်းမာစေလိုသောအားဖြင့် ပြင်းထန်စွာသတိပေးပါရစေ
03/12/2020
ငါးနုတ်ငါးဖွဲများ လျော့နည်းမျိုးတုံးလာရခြင်း အကြောင်းရင်းများနှင့် ဆက်စပ်နေသော စိုက်ပျိုးရေးကဏ္ဍတစ်စိတ်တစ်ပိုင်း
23/11/2020