အစိမ်းရောင်လမ်း
စမတ်ဖုန်းနဲ့ ကျန်းမာရေး

စမတ်ဖုန်းနဲ့ ကျန်းမာရေး

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။

ဒီတစ်ခါမှာတော့ မိုဘိုင်းဖုန်းတွေကနေ မိမိရဲ့ ကျန်းမာရေးကိုထိခိုက်နိုင်လား ဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းတွေကနေ ဓာတ်ရောင်ခြည် ဖြာထွက်တယ်ဆိုတာကိုတော့ ဗဟုသုတအနေနဲ့ ကြားဖူးကြမယ် ထင်ပါတယ် ခင်ဗျ။ ဟုတ်ပါတယ် ခင်ဗျ မိုဘိုင်းဖုန်းတွေဟာ ရေရှည်အသုံးပြုမှုမှာ လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ မိုဘိုင်းဖုန်းတွေကနေ ထွက်တဲ့ ဓာတ်ရောင်ခြည်ဟာ လူတွေကို ကင်ဆာ ဖြစ်နိုင်ကြောင်းသိရပါတယ်။

လေ့လာမှုများအရ ဦးနှောက် အမြှေးပါးရောင်ရောဂါနဲ့ ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ချေရှိတယ်လို့သိရပါတယ်။ ဖုန်းကို အလွန်အကျွံ စွဲစွဲလမ်းလမ်း သုံးနေမယ်ဆိုရင်တော့ မှတ်ဥာဏ်လျော့နည်းလာခြင်း၊ အကြားအာရုံနဲ့ မျက်စိပြဿနာများ ဖြစ်လာနိုင်ပါတယ်။ ဖုန်းနဲ့ အချိန်ကြာမြင့်စွာ နီးနီးကပ်ကပ်နေခြင်းဟာ ဦးနှောက်ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ဖုန်းအသုံးမပြုတဲ့ အချိန်မျိုးမှာ မိမိနဲ့ဝေးတဲ့ နေရာမှာထားတာမျိုး၊ အိတ်ထဲထည့်ထားတာမျိုး လုပ်ထားသင့်ပါတယ်။ အချိန်ကြာမြင့်စွာ ဖုန်းပြောတာမျိုးကိုလည်း ရှောင်ရှားသင့်ပါတယ်။ ဖုန်းဟာ မိမိ မသုံးရင်တောင်မှ သံလိုက်လှိုင်းတွေ ထုတ်လွှတ်နေတာကြောင့် အိပ်ယာထဲထည့်အိပ်တာမျိုး၊ ခေါင်းအုံး အောက်မှာ ထားတာမျိုးလည်း မလုပ်သင့်ပါဘူး ခင်ဗျ။ ဖုန်းပြောတဲ့ အခါမျိုးမှာ နားကြပ်အသုံးပြုမယ်ဆိုရင် နားနဲ့ကပ်ပြီးနားထောင်ရတာမျိုးတွေ မရှိတဲ့အတွက် ဓာတ်ရောင်ခြည်သင့်တာကိုလည်း ကာကွယ်နိုင်ပါတယ်။ တောင်သူ ဦးလေး ဒေါ်လေးတို့ ဖုန်းအသုံးပြုရာမှာ အဆင်ပြေကြပါစေ ခင်ဗျ။

Trend Myanmar

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

သတိပြုရမည့် Email (အီးမေးလ်) အတုများ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 

You

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....