ဒစ်ဂျစ်တယ် ခြေရာများ
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။
ယခုတစ်ပတ်မှာတော့ ဒစ်ဂျစ်တယ် ခြေရာများ ဆိုတဲ့အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
လူမှုပတ်ဝန်းကျင်မှာ ကျွန်တော်တို့ ပြောဆိုနေထိုင်တဲ့အတိုင်း ကောင်းတာလုပ်ရင် ချီးကျူးကြသလို မကောင်းတာလုပ်ရင် အပြစ်တင်ဝေဖန် ကဲ့ရဲ့တတ်ကြပါတယ်။ ဒီလို ချီးကျူးတာ၊ ဝေဖန်တာတွေဟာ အချိန်ကာလ တစ်ခုရောက်တာနဲ့ အခြားတစ်ခုဆီ အာရုံရောက်သွားပြီး မေ့သွားတတ်ကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ အသုံးပြုနေတဲ့ ဖေ့စ်ဘုတ်လို လူမှုကွန်ယက်မီဒီယာတွေ၊ အင်တာနက်တွေမှာ တင်သမျှ၊ ပြောဆိုရေးသားသမျှကတော့ အမြဲကျန်ရှိနေမှာ ဖြစ်ပါတယ်။
အင်တာနက်မှာ မိမိတင်ထားတဲ့ ပုံ (သို့မဟုတ်) စာသားတွေကို မသင့်တော်လို့ဆိုပြီး ဖျက်လိုက်ပေမယ့်လည်း အခြားတစ်ဦးဦးကနေ မိမိ မဖျက်ခင်မှာ သိမ်းဆည်းထားလိုက်တာမျိုး၊ Screenshot (ဖုန်းမျက်နှာပြင်ကိုဓာတ်ပုံရိုက်) ထားတာမျိုး လုပ်ထားနိုင်ပြီး တစ်ချိန်ချိန်မှာ ပြန်လည်အသုံးချနိုင်ပါတယ်။ အင်တာနက်မှာ မိမိတင်လိုက်သမျှ အကြောင်းအရာတိုင်းဟာ နောက်ကြောင်းလိုက်ပြီး ခြေရာခံရနိုင်တာ ကြောင့် အင်တာနက်မှာ တစ်ခုခုတင်မယ်ဆိုရင် သေသေချာချာ စဥ်းစားဆုံးဖြတ်စေချင်ပါတယ်။
ဥပမာ - မိမိနာမည်ကို Google (ဂူးဂဲလ်) မှာရိုက်ရှာကြည့်လိုက်ပါက မိမိအသုံးပြုနေတဲ့ Facebook (ဖေ့စ်ဘုတ်)၊ Instagram (အင်စတာဂရမ်) စတဲ့ လူမှုကွန်ယက်အကောင့်တွေ ကျလာမှာ ဖြစ်ပြီး ဘယ်သူမဆို ဝင်ကြည့်လို့ရမှာဖြစ်ပါတယ်။ မိမိနဲ့ နာမည်ဆင်တူတဲ့သူတွေရဲ့ အကောင့်တွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်မှာ မိမိရေးသားထားတာတွေ၊ တင်လိုက်တဲ့စာသားတွေနဲ့ ပုံတွေတိုင်းဟာ မိမိရဲ့ အင်တာနက်ပေါ်က ဒစ်ဂျစ်တယ် ခြေရာတွေအဖြစ်နဲ့ ကျန်ရှိခဲ့မှာမို့ သတိပြုပြီး သုံးစွဲကြဖို့ အကြံပြုလိုက်ရပါတယ် ခင်ဗျ။
ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ယူနီကုဒ် ဆောင်းပါးလေး ပြန်လည် ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026