ယူနီကုဒ် ဆိုတာ ဘာလဲ?

22/06/2021 10:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

   အတော်ကြာ ရပ်နားခဲ့ရတဲ့ အစိမ်းရောင်လမ်းရဲ့ “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး တောင်သူတွေ ရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာပါပြီ ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ယူနီကုဒ် ရဲ့ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။

   ယူနီကုဒ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ ဘာသာစကားတွေရဲ့ အက္ခရာ စာလုံး တစ်လုံးစီတိုင်းကို ဖော်ပြနိုင်အောင် သီးသန့်နံပါတ်တစ်ခု စံသတ်မှတ်ပေးထားတဲ့ စနစ်ဖြစ်ပါတယ်။ ပိုပြီးရှင်းအောင် ပြောရရင် ကွန်ပျူတာနည်းပညာတွေ၊ အင်တာနက်တွေ ခေတ်စားလာပြီးတဲ့အချိန်မှာ တစ်ကမ္ဘာလုံးက ဘာသာစကားတွေအတွက် အရှုပ်အထွေးမဖြစ်အောင် တီထွင်လိုက်တဲ့စနစ်ပါ။ 

   မြန်မာနိုင်ငံမှာရှိတဲ့ ဝက်ဘ်ဆိုက် အများစုဟာလည်း ယူနီကုဒ် သုံးစွဲနေပြီဖြစ်တာကြာင့် တစ်ဦးနဲ့တစ်ဦး အဆင်ပြေပြေ ဆက်သွယ်နိုင်ဖို့ ယူနီကုဒ်က မဖြစ်မနေ သုံးစွဲရမယ့်စနစ် ဖြစ်လာပါတယ်။ ဒီနေ့ခေတ်မှာ ပြည်တွင်းနေထိုင်သူ အချင်းချင်းလောက်ပဲ မြင်နိုင်၊ ဖတ်နိုင်၊ ရေးနိုင်နေတဲ့ စာရိုက်စနစ် တစ်ခုကနေ  တခြား တိုင်းရင်းသား ဘာသာစကားတွေကိုပါ တစ်ကမ္ဘာလုံး မြင်နိုင်၊ ဖတ်နိုင်၊ ရေးနိုင်မယ့် ယူနီကုဒ် စံစနစ်ကို အသုံးပြုဖို့ ပြုပြင်ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။ 

   ယူနီကုဒ် အသုံးပြုမယ်ဆိုရင်တော့ တောင်သူဦးလေး၊ ဒေါ်လေး အနေနဲ့ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို အင်တာနက်ကနေ ဘာသာစကား အဟန့်အတားမရှိ အလွယ်တကူ လေ့လာနိုင်မှာ ဖြစ်သလို အင်တာနက်အသုံးပြုရတာ၊ အချက်အလက်တွေ သိမ်းဆည်းတာ၊ ရှာဖွေတာတွေကိုလည်း အလွယ်တကူ လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ် ခင်ဗျ။ ဖုန်းအသုံးပြုရတာ အဆင်ပြေကြပါစေ ခင်ဗျ။ ယူနီကုဒ်နဲ့ ပတ်သတ်တဲ့ အတွေ့အကြုံလေးတွေရှိရင်လည်း ကွန်မန့်မှာ ဆွေးနွေးခဲ့နိုင်ပါတယ် ခင်ဗျ။  

   နောက်ဆုံးမျှဝေပေးခဲ့တဲ့  "Zoom Meeting တစ်ခု ဘယ်လို ချိတ်ဆက်ရမလဲ" ဆိုတဲ့အကြောင်း ဖော်ပြထားတဲ့  ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

Zoom Meeting တစ်ခု ဘယ်လို ချိတ်ဆက်ရမလဲ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်