အစိမ်းရောင်လမ်း
တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

AMIA
AMIA 22/01/2022

(၁၇.၁.၂၀၂၂) မှ (၂၁.၁.၂၀၂၂) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာ အနည်းငယ်ဈေးပြန်တက်လာပါတယ်။ ဈေးကွက်အတွင်း အနည်းငယ် ဝယ်ယူလာမှုတွေ ပြန်သွက်လာတဲ့အတွက် ဈေးကပြန်တက်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ကအတက်ဈေးနဲ့ ဈေးစဖွင့်ခဲ့ပေမယ့် ဈေးပိတ်ချိန်မှာတော့ ဈေးတွေက ပြန်ကျဆင်းသွားခဲ့ပါတယ်။

လာမယ့် ၃ လပိုင်းကုန်အထိ ပဲတင်သွင်းမှုက ရှိနေသေးတဲ့အတွက် သိုလှောင်မှုတွေက ရှိနေပါတယ်။ ပဲဈေးက ကျဆင်းသွားမှာစိုးတဲ့အတွက် လက်ရှိအတက်ဈေးနဲ့ ထုတ်ရောင်းမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။ တစ်ပတ်အတွင်းမှာတော့ အတက်အကျတွေက တည်ငြိမ်မှုမရှိပါဘူး။

အိန္ဒိယပဲသတင်းအရ မြန်မာ့ပဲတင်ပို့မှုကို ၂ ဆ တင်ပို့ဖို့အတွက် ပဲကုန်သည်ကြီးတွေက တောင်းဆိုမှု တွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၃ သိန်း ၅ သောင်းကျော်ပေါက်ဈေးရှိနေပြီ ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၂ သောင်းနီးပါးဈေး တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၀၀၀၀ ကနေ ၁၃၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၃၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၄၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ဒီတစ်ပတ်မှာတော့ ပဲစင်းငုံနီက မတ်ပဲထပ် ဈေးကပိုများနေပါတယ်။ ဈေးကွက်ထဲကို အဝင်များနေပေမယ့်လည်း ပြည်ပတင်ပို့မှုကြောင့် ဈေးကောင်းရရှိနေပါတယ်။ လာမယ့် ၃ လပိုင်းအကုန်အထိ အိန္ဒိယတင်ပို့မှုကရှိနေတဲ့အတွက် ပဲစင်းငုံနီက ကျဆင်းနိုင်ခြေနည်းတယ်လို့ ကုန်သည်တွေကဆိုပါတယ်။ 

အိန္ဒိယနိုင်ငံမှာ အိုမီခရွန်ကြောင့် ပဲတင်သွင်းမှုတွေကို ကန့်သတ်မှုတွေရှိတဲ့အတွက် ဈေးက ပြန်တန့်သွားခဲ့ပေမယ့် ရာသီဥတုကြောင့် ပဲစင်းငုံအထွက်နှုန်းက ၃၀ ရာခိုင်နှုန်းထိ ကျဆင်းနိုင်မယ်လို့ ခန့်မှန်းမှုတွေကြောင့် ဈေးကအများကြီးကျဆင်းသွားတာမျိုးမရှိတာကိုလည်း တွေ့ရပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို  ၁၃ သိန်း ၈ သောင်းကျော်အထိ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅ သောင်းနီးပါး ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၃၄၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၃၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၃၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ ဝယ်ယူမှုကတော့ ပဲလက်ကျန်လည်း မရှိတော့ပဲ အသစ်ကိုစောင့်နေတဲ့အတွက် ကြိုပွိုင့်ဝယ်ယူမှုတွေသာရှိနေပြီး ဈေးက အတက်အကျရှိနေတာဖြစ်ပေမယ့် အတက်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဈေးနှုန်းက လက်ကျန်မရှိတဲ့အတွက် တစ်လနီးပါး ဈေးငြိမ်နေခဲ့ပါတယ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၂၉၀၀ ကနေ ၂၉၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (V2) က တစ်အိတ်ကို ၁၃၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)က ၁၂၅၀၀၀ ကနေ ၁၂၇၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်၊ ကုလားပဲ(929)က ၁၃၂၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်၊ ကုလားပဲ (v7)က ၁၃၇၀၀၀ ကနေ ၁၃၈၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ် အသီးသီးဈေးပြန်ကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာ ကုလားပဲ(929)က တစ်တင်းကို ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်၊ ကုလားပဲ (V2) က တစ်တင်းကို ၄၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပဲလွန်းဖြူ

ပဲလွန်းဖြူကတော့ ရန်ကုန်ဈေးကွက်မှာ ကျဆင်းနေပေမယ့် မန်းဈေးကွက်မှာတော့ ဆက်တိုက် ဈေးတက်နေပါတယ်။ အဝင်များလို့ ဈေးကျဆင်းပေမယ့် နယ်ဈေးကွက်မှာတော့ အဝယ်သွက်နေတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူ (ပဲခူး)က တစ်ပိဿာကို ၂၁၆၅ ကနေ ၂၂၅၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပဲလွန်းဖြူ(မြစ်ဝကျွန်းပေါ်)ကတော့ တစ်ပိဿာကို ၂၀၅၀ ကနေ ၂၀၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာ ပဲလွန်းဖြူက တစ်အိတ်ကို ၁၂၀၀၀၀ ကနေ ၁၂၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ 

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၉၀၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

4
U Hla Win

U Hla Win

လွန်ခဲ့သော ၄ နှစ် က

မတ်ပဲ ၁ တန် ဘယ်နှစ် ပိဿာလဲ ခင်ဗျား

U Hla Win

U Hla Win

လွန်ခဲ့သော ၄ နှစ် က

မတ်ပဲ ၁ တန် ဘယ် နှစ်တင်းလဲ ခင်ဗျား

ကိုစိုင်း

ကိုစိုင်း

လွန်ခဲ့သော ၄ နှစ် က

‌ေြပာင်းဈေးကော တက်အုံးမှာလားဗျ

aungsu

aungsu

လွန်ခဲ့သော ၄ နှစ် က

You

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....