ပြောင်းဖူးပင်အတွက် စနစ်တကျ အာဟာရစီမံခန့်ခွဲမှု
မြေသြဇာနှုန်းထား
(က) မြေပြင်ချိန် - တစ်ဧက - ယူရီးယားအိတ်ဝက်(၅၆)ပေါင်၊ တီစူပါတစ်အိတ်(၁၁၂)ပေါင်၊ ပိုတက်ရှ်အိတ်ဝက် (၅၆) ပေါင် နူန်း
(ခ) ၂၀-၂၁ရက်သား - တစ်ဧက - ယူရီးယားအိတ်ဝက် (၅၆) ပေါင်၊ ပိုတက်ရှ် ၁/ ၄ (၂၈) ပေါင်နူန်း
(ဂ) ၃၅-၄၀ရက်သား- တစ်ဧက - ယူရီးယားတစ်အိတ်(၁၁၂) ပေါင်၊ ပိုတက်ရှ် ၁/ ၄ (၂၈) ပေါင်နူန်း
အပင်ပြုစုမှုနည်းစနစ်
(က) မြေပြင်ရာတွင် ထယ်ရေးနက်နက်၊ထွန်ရေး ညက်ညက် ရရှိ အောင်ဆောင်ရွက်ပါ။
(ခ) တစ်ဧက အပင်ဦးရေ ၂၃၀၀၀ မှ ၂၅၀၀၀ ထိရရှိအောင် တန်းကြား ၃၀ လက်မ၊ ပင်ကြား ၉ လက်မဖြင့် စိုက်ပါ။
(ဂ) အပင်ပေါက်ညီညာစေရန် မျိုးစေ့ကို (၂) လက်မ၊ (၂) လက်မ ခွဲ အနက်တွင် တညီတည်းစိုက်၍ ကြမ်းဖြင့် ဖုံးပေးပါ။
(ဃ) သဘာဝမြေသြဇာကို ရနိုင်သမျှထည့်သွင်းပါ။ ဓါတ်မြေသြဇာထည့်သွင်းရာတွင်-
• မြေပြင်ချိန်တွင် တစ်ဧကလျှင် ယူရီးယားတစ်အိတ် (၁၁၂) ပေါင်၊ တီစူပါတစ်အိတ် (၁၁၂) ပေါင်၊ ပိုတက်ရှ်အိတ်ဝက် (၅၆) ပေါင်နှုန်းတို့ကို ညီညာစွာကြဲပက် ထည့်သွင်းပါ။
• ၂၀-၂၁ ရက်သားတွင် တစ်ဧကလျှင် ယူရီးယားအိတ်ဝက် (၅၆) ပေါင်၊ ပိုတက်ရှ် ၁/ ၄ (၂၈) ပေါင်နှုန်းထည့်၍ ငါးသွားသံထွန် (သို့) ထွန်တိုဖြင့် ကြားလိုက်ပါ။
• ၃၅-၄၀ ရက်သားတွင် တစ်ဧကလျှင် ယူရီးယား တစ်အိတ် (၁၁၂) ပေါင်၊ ပိုတက်ရှ် ၁/၄ (၂၈) ပေါင်နှုန်းထည့်၍ ဘောင်တင်ပေးပါ။
(င) အပင်ပေါက်စုံပြီးနောက် (၁၄) ရက်သားအတွင်း တစ်ကျင်းလျှင် တစ်ပင်ချန်၍ အပင်ခွဲပါ။
(စ) စိုက်ကွက်အတွင်း ရေမဝပ်စေရန် စီစဉ်ဆောင်ရွက်ပါ။ အထူးသဖြင့် စိုက်ပျိုး ပြီးသည်မှ တစ်လအတွင်း ရေမဝပ်စေရန် အထူးအရေးကြီးပါသည်။
(ဆ) အပင်ပေါက်စုံပြီးနောက် ၃၅-၄၀ ရက်သား ဘောင်တင်ပြီးသည်အထိ ပေါင်းမြက်များ ကင်းစင်အောင်ပြုလုပ်ပါ။
(ဇ) ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ နို့ရည်တည်ချိန်တို့တွင် အစိုဓါတ်လုံ လောက်ရန် လိုအပ်ပါသည်။ လိုအပ်လျှင် စိုက်ခင်းအတွင်း ရေမဝပ်စေဘဲရေသွင်းပေးရမည်။
(စျ) စိုက်ပျိုးချိန်တွင်လည်းကောင်း၊ အဖူးနို့ရည်တည်ချိန်တွင်လည်းကောင်း၊ ကြွက်ဝမ်းပူများ ဖျက်ဆီးတတ်သောကြောင့် စိုက်ခင်းပတ်ဝန်းကျင် ကြွက်အောင်းနိုင်သောနေရာများအား ရှင်းလင်းပေးရန်နှင့် စိုက်ခင်းပတ်လည် ကြွက်ဆေးချပေးပါ။
(ည) ပြောင်းဖူးများ အခွံဖက်အဝါရောင်သမ်းစပြုပြီး ပြောင်းဖူးစေ့အညှာကို လက်သည်းဖြင့် ခြစ်ကြည့်ပါက အမဲရောင်အမှတ် (Black Layer) တွေ့ရှိချိန်တွင် ရင့်မှည့်ပြီဖြစ်၍ စနစ်တကျဖက်ခွာအခြောက်လှန်းပါ။
ယခုဆောင်းပါးကို KMSS အဖွဲ့မှ ပံ့ပိုးကူညီထားပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြောင်းမြေသြဇာကျွေးခြင်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Nay Zaw Thu
လွန်ခဲ့သော ၁ နှစ် ကwaxy corn အတွက်ရောဆွေးနွေးပေးပါအူးဗျ
မဇာလီမော်
လွန်ခဲ့သော ၄ နှစ် ကဧရာဝတီတိုင်းဆိုဘယ်လိုမျိုးစေ့သုံးကမလဲရှင်သိပါရစေ
ဆက်စပ်မေးခွန်းများ
အပင်ကြီးထွားမူကောင်းအောင်ဘာဆေးတြွေဖန်းရမလဲဘာေြမဆီတွေကျွေးရမလဲဗျ
,ရဲေကျာ် • ဖြေကြားချက် 1 ခု
နှစ်လသားအပင်ဖြစ်နှေးနေလို့ပါဘယ်တွေလိုအပ်ပါသလဲ
ဦးမိုက် • ဖြေကြားချက် 1 ခု
ယူရီးယားပေါင်၂၀ပိုတက်ပေါင်၂၀ဆိုရင်ပြည်နဲ့ချင်ရင်ဘယ်နှစ်ပြည်ရှိလဲခဗျ
kyaw zin • ဖြေကြားချက် 2 ခု
ပဲပုတ်ခင်းကအရွက်တွေဝါပြီးကြွေကျကုန်တာဘာရောဂါဖြစ်တာလဲဗျအရွက်မှာအစက်ပျောက်တွေစဖြစ်ပြီးဝါလာတာ
Wai Gyi • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုဖျော်စပ်ထား၁နှစ်ကျော်နေပြီအရောင်ကငံပြာရည်ရောင်ဖြစ်နေပြီအသုံးပြုလို့ရသေးလားခဗျသုံးရသေးရင်၂၀လီတာကိုဘယ်လောက်ထည့်သင့်လဲခဗျာ
kyaw zin • ဖြေကြားချက် 6 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026