စပါးပင်တွင်ဖော့စပရပ် ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ
ဖော့စပရပ်ဓာတ်ချို့တဲ့မှုကို စပါးစိုက်ပျိုးသည့်ဒေသတိုင်းတွင် ကျယ်ပြန့်စွာတွေ့ရသည်။ အထူးသဖြင့် အချဥ်ပေါက်သော ယာစပါးခင်းများတွင် မြေဆီလွှာတွင်းမှ P ဓာတ်ကိုထိမ်းချုပ်မှုများသဖြင့် အပင်ကြီးထွားမှုကို အထူးထိခိုက်စေသည်။ P ဓာတ်ချို့တဲ့မှုကြောင့် အပင်ပွားမှု၊ အမြစ်ဖွံ့ဖြိုးမှု၊ အနှံထွက်နောက်ကျခြင်း၊ ရင့်မှည့်မှုနောက်ကျခြင်းများဖြစ်စေသည်။
လက္ခဏာ
အပင်မကြီးထွားဘဲ ပင်ပွားလည်းနည်းသည်။ အရွက်များ အစိမ်းရင့်ရောင်ဖြစ်ပြီး ကျဥ်း၊ တို ၊ ထောင်မတ်သည်။ ရွက်နုများကျန်းမာသော်လည်း ရွက်ဟောင်းများ အညိုရောင်ပြောင်းသွားသည်။ စပါးမျိုးကိုလိုက်၍ အနီရောင် (သို့မဟုတ်) ပန်းရောင် အဖြစ်ပြောင်းကာ အရွက်ပေါ်၌ amthocyanin pigment များထုတ်ပေးသည်။ Amthocyanin ဆိုသည်မှာ အနီ၊ ခရမ်း နှင့် အပြာရောင်များပါဝင်သည့် ရေတွင်ပျော်ဝင်သော ဘုံမြင့်ပင်များ၏ ဆဲလ်၌ပါဝင်သည့် အင်းဆက် နှင့် ငှက်များကို ဆွဲဆောင်ပေးသည့်ဓာတ်တစ်မျိုးဖြစ်သည်။

ပြုပြင်ရန်နည်းလမ်း
- အရည်အသွေးကောင်း၊ အထွက်ကောင်းမျိုးစေ့ကိုသုံးပါ။
- အချဥ်ဓါတ်များသော ယာစပါးစိုက်ခင်းများတွင် P ကို စုပ်ယူမှု အားကောင်းသော စပါးမျိုးကို ရွေးချယ် စိုက်ပျိုးပါ။
- စပါးပြီး စပါးစိုက်ပျိုးသော ဒေသများတွင် ရိတ်သိမ်းပြီး ၂ ပတ်အတွင်း အခြောက်ထယ်ရေး တိမ်တိမ် (၁၀ စင်တီမီတာခန့်) ထိုးထားပါ။ မြေချဥ်ပေါက်ပြီး ၊ အာဟာရနည်းသော မိုးကောင်းသောက်လယ် နှင့် တောင်ယာစပါးခင်းများတွင် မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်နှင့် အခြား အနည်းလို အာဟာရ များကိုပါ ၊ P ဓာတ်မဖြည့်တင်းမီ ဦးစွာထည့်ထားရမည်။
- ကောက်ရိုး နှင့် ရိုးပြတ်များကို ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့် ရေရှည်တွင် P ပါဝင်မှုကို မျှတစေသည်။
- N နှင့် K မြေသြဇာများ နှင့် အနည်းလိုအာဟာရများကို သင့်တော်သည့်နှုန်းထားအတိုင်းကျွေးပေးပါ။
- သစ်ဆွေးမြေသြဇာ နှင့် မြေဆွေး များကိုပါ P ဓာတ်မြေသြဇာနှင့်အတူ ထည့်သွင်း၍ ရိတ်သိမ်းသီးနှံ နှင့်အတူဆုံးရှုံးသွားသော P ဓာတ်ကိုပြန်လည်ဖြည့်တင်းပေးပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးဖော့စဖောရပ်ချို့တဲ့ခြင်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
BhaiBhai
လွန်ခဲ့သော ၁ နှစ် ကစိုက်ပြီဘယ်ချိန်လောက်ဖစ်တက်လဲဗျ
Nay. lin. tun
လွန်ခဲ့သော ၂ နှစ် ကo
Nay. lin. tun
လွန်ခဲ့သော ၂ နှစ် က. mo kk
Nay. lin. tun
လွန်ခဲ့သော ၂ နှစ် ကko
Nay. lin. tun
လွန်ခဲ့သော ၂ နှစ် ကo.mo
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
ငရုတ်ပင်အရွက်ဝါတာဘာဖြစ်လို့လဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 2 ခု
အမေရိကန်နည်းပညာဖြင့် ထိုင်းနိုင်ငံထုတ် အော်ဂဲနစ် သီးနှံမျိုးစုံအတွက် တောင်သူလယ်သမားကြီးများ ကုန်ကျစရိတ်သက်သာ အထွက်နှုန်းတိုး မှိုကင်းစင် အရွက်ဝါ အဖျက်ပိုးအန္တရာယ်များကို သိသာစွာကာကွယ်ပေးသည် သီးနှံ အစေ့အဆံများ သိသာစွာ တိုးတက်လာပါလိုက်မည် မှာယူလို့ပါက-☎️🇲🇲09787471142
ko htike • ဖြေကြားချက် 2 ခု
ကရင်မရာသီစပါး မြေဩဇာကျွေးနည်းနဲ့ရေသွင်းရေထုတ်ပြုလုပ်နည်းလေးသိပါရစေ
waiyan • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026