ငရုတ်ကောင်း ပြည်တွင်းပြည်ပဈေးကွက်အခြေအနေ
မေး - ငရုတ်ကောင်းစေ့ ထုတ်လုပ်ရောင်းချမှု ပြည်တွင်းပြည်ပ ဈေးကွက်အခြေအနေလေးကို သိချင်ပါတယ်။
ဖြေ - ငရုတ်ကောင်းတွေကို ပြည်တွင်းဈေးကွက်အနေနဲ့ ပရဆေးဆိုင်တွေနဲ့ စားသောက်ကုန် လုပ်ငန်းကြီးတစ်ခုက ဝယ်ယူနေပါတယ်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့အထိ ရန်ကုန်တိုင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးတွေအရ ငရုတ်ကောင်းစေ့ (အမဲ) တစ်ပိဿာကို (၆၅၀၀) ကျပ်နဲ့ ငရုတ်ကောင်းစေ့ (အဖြူ) တစ်ပိဿာကို (၂၅၀၀၀) ကျပ် ဝန်းကျင် ပေါက်ဈေးတွေ ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်ကစပြီး ငရုတ်ကောင်းစေ့ (အမဲ) တစ်ပိဿာကို (၉၀၀၀) ကျပ်၊ ငရုတ်ကောင်းစေ့ (အဖြူ) တစ်ပိဿာကို (၂၇၀၀၀) ကျပ်အထိ ဈေးတွေမြင့်တက်လာပါတယ်။ ကုန်စည်စီးဆင်းမှုမရှိတဲ့အတွက် ငရုတ်ကောင်းဈေးတက်လာတာပါ။ ဒီနှစ်ရဲ့ ပြည်တွင်း ငရုတ်ကောင်းအထွက်နှုန်းက အရင်နှစ်ကထက် နည်းပါတယ်။ ဒါ့အပြင် နယ်စပ်လမ်းကြောင်းတွေပိတ်တော့ အိမ်နီးချင်းနိုင်ငံ ဗီယက်နမ်နိုင်ငံဘက်က ငရုတ်ကောင်းတွေလည်း မဝင်လာနိုင်ဘူး။ တချို့ ပြည်တွင်းမှာ စိုက်တဲ့သူတွေကလည်း လမ်းပန်းအခက်အခဲကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်တွေအထိ တင်ပို့ဖို့ခက်ခဲတာကြောင့် ပုံမှန်ထက်ပိုပြီး ဈေးတွေထိုးတက်လာတာပါ။ ဒီလိုရာသီက အမှန်တကယ်ဆို ငရုတ်ကောင်းစေ့ဈေးတွေ ကျဆင်းတတ်တဲ့ ကာလအပိုင်းအခြားပါ။ သင်္ကြန်တွင်းကျော်သွားတာနဲ့ ငရုတ်ကောင်းစေ့ဈေးတွေ ကျတတ်ပါတယ်။ ငရုတ်ကောင်းတွေ တင်သွင်းလို့မရတော့တဲ့အတွက် ဒီနှစ်မှ ထူးထူးခြားခြားကို တောင်သူတွေအနေနဲ့ ဈေးကောင်းကြုံရတာပါ။ တကယ်ဆို ဈေးတက်တယ်ဆိုလည်း တစ်ပိဿာကို ငွေငါးရာလောက်ပဲ အတက်အကျရှိရမှာ။ အခုကျတော့ တစ်ပိဿာကို သုံးထောင်လောက်ကြီး တက်သွားတာပါ။
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022