ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
လက်ရှိ ပြည်တွင်း လက်ကျန်နည်းနေပြီး ပြည်ပ အရောင်းအဝယ် လိုက်နေသည့်အတွက် ကြက်သွန်နီဈေး ဆက်တက်နေကြောင်း ကုန်သည်များထံမှ သိရသည်။
လက်ရှိ တောင်သူများ လက်ဝယ်နှင့် ကုန်သည်အချို့တွင် ကြက်သွန်များ လက်ကျန်နည်းနေပြီး ထိုင်းနိုင်ငံမှလည်း အဝယ်လိုက်နေ၍ ဈေးများ ဆက်တိုက် မြင့်တက်လာခြင်းဖြစ်ကြောင်းလည်း သုံးသပ်ထားကြသည်။
"ဈေးက တက်နေတယ်။ အခုနောက်ပိုင်း ဆက်တိုက်တက်လာတာ။ လက်ရှိ ရန်ကုန် အရောင်းအဝယ်သွက်နေတယ်။ မနက်ဖြန် ဈေးဆက်တက်နိုင်သည်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အမြင် နယ်မှာလည်း ကုန်အားနည်းနေပါပြီ" ဟု ရန်ကုန် ဘုရင့်နောင်ပွဲရုံမှ ကုန်သည်တစ်ဦးက ပြောသည်။

ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ပြီးခဲ့သည့်အပတ်နှင့် ယှဉ်ပါက တစ်ပိဿာလျှင် ကျပ် ၅၀၀ မှ ၁,၀၀၀ ခန့်အထိ မြင့်တက်လာပြီး လက်ရှိ ဆိပ်ဖြူကြက်သွန် တစ်ပိဿာလျှင် အရွယ်အစား၊ အရည်အသွေးပေါ် မူတည်ကာ ကျပ် ၅,၁၀၀ မှ ၆,၁၀၀၊ မုံရွာတစ်ပိဿာလျှင် ကျပ် ၅,၅၀၀ မှ ၆,၃၀၀ နှင့် မြစ်သားကြက်သွန် တစ်ပိဿာလျှင် ကျပ် ၅,၅၀၀ မှ ၆,၃၀၀ အထိ ဈေးပေါက်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဈေးတက်နေ၍ အချို့သော ကုန်သည်များမှာလည်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေကြသည့်အတွက် တရိပ်ရိပ်ဖြင့် တက်လာနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီနှင့် လုပ်အားခများ ယခင်နှစ်များထက် သိသိသာသာ မြင့်တက်နေခြင်းကြောင့် တောင်သူများအတွက် စိုက်ပျိုးစရိတ်မြင့်နေပြီး တောင်သူအချို့ အခက်အခဲဖြစ်နေကြောင်းလည်း သိရသည်။
"အခုက ဈေးတက်တာဟာ တောင်သူနဲ့ မဆိုင်တော့ပါဘူး။ မရောင်းဘဲ သိုလှောင်ထားနိုင်တဲ့ တောင်သူအချို့ပဲ ဈေးကောင်းနဲ့ ကြုံနိုင်တာပါ။ ဒါကလည်း ရှားပါတယ်။ အခုချိန်မှ တက်လည်း ပွဲစားနဲ့ ကုန်သည်တွေအတွက်ပဲ အကျိုးအမြတ်ရတာပါ။ တောင်သူက စိုက်စရိတ်ကြီးတာကို ဒဏ်ခံရတာ" ဟု ကြက်သွန်နီစိုက် တောင်သူတစ်ဦးက ပြောသည်။
လက်ရှိ အချို့နယ်မြေ မတည်ငြိမ်မှုများနှင့် ရာသီဥတုအခြေအနေကြောင့် စိုက်ပျိုးမှုဧရိယာ လျော့နည်းလာကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်နီကို ပခုက္ကူ၊ မုံရွာ၊ မြင်းခြံ၊ တောင်သာ၊ ရေစကြိုနှင့် ဆိပ်ဖြူဒေသများတွင် အများဆုံး စိုက်ပျိုးလျက်ရှိသည်။
ယင်းအပြင် ကြက်သွန်နီကို ပြည်ပတင်ပို့မှု (Export) အနေဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ စသည့် နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026