ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
အသက် (၁၈) နှစ်အရွယ် ရှီဗန်းရှ်ဆာရင် (Shivansh Sarin) အတွက်တော့ စိုက်ပျိုးရေးကနေ ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းတွေဟာ ရိုးရိုးစွန့်ပစ်ပစ္စည်းတွေပဲ မဟုတ်ခဲ့ပါဘူး။ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်တဲ့ အမ်ရစ်ဆာ (Amritsar) မြို့မှာ ကြီးပြင်းလာခဲ့တဲ့ သူ့အတွက်ကတော့ အိန္ဒိယနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ရင်းနှီးပြီးသားဖြစ်တဲ့ ပြဿနာတစ်ခုကို သူ မြင်တွေ့ခဲ့ပါတယ်။ အဲ့တာကတော့ တောင်သူလယ်သမားတွေဟာ လယ်ကွင်းတွေကို မြန်မြန်ဆန်ဆန်နဲ့ ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းဖြစ်တဲ့ သီးနှံရိုးပြတ်နဲ့ စွန့်ပစ်ပစ္စည်းတွေကို မီးရှို့နေကြတာပဲ ဖြစ်ပါတယ်။
အဲ့လို မီးရှို့ခြင်းရဲ့ အကျိုးဆက်တွေဟာ လယ်ကွင်းတွေထဲမှာတင် ပြီးဆုံးသွားတာမဟုတ်ဘဲ ပိုမိုကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်ဆိုတာကို သူက နားလည် သဘောပေါက်ခဲ့ပါတယ်။
“သီးနှံရိုးပြတ်တွေကို မီးရှို့တာဟာ လေထုညစ်ညမ်းမှုနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ရှိမှုကို ဖြစ်ပေါ်စေရုံတင်မကဘဲ အကြိမ်ကြိမ် မီးရှို့ပါများလာရင်တော့ မြေဆီလွှာရဲ့ အရည်အသွေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါပေမဲ့ အခြားနည်းလမ်းတွေသုံးဖို့ အခက်အခဲရှိနေတဲ့ တောင်သူတွေအတွက်ကတော့ ရိုးပြတ်တွေကို မီးရှို့လိုက်တာဟာ အဆင်အပြေဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်း ဖြစ်နေဆဲပါပဲ” လို့ သူက ပြောပြခဲ့ပါတယ်။ပုံမှန်အတိုင်း မီးရှို့နေကြတဲ့အခြေအနေကို ရှီဗန်းရှ်ကတော့ လက်မခံဘဲ အဆိုပါ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းတွေကို တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲနိုင်မလားဆိုတာကို လေ့လာစမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့ ကျောင်းအဆင့် မူလနမူနာပုံစံငယ် (Prototype) ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

၎င်းပုံစံငယ်မှာတော့ အပူကနေ လျှပ်စစ်ထုတ်တဲ့စက်များ (Thermoelectric Generators) ကို အသုံးပြုပြီး စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ ယခုအခါ ဆမ်ဆောင်း (Samsung) ရဲ့ လူမှုအကျိုးပြုအစီအစဉ်ဖြစ်တဲ့ "Samsung Solve for Tomorrow" ရဲ့ အကောင်းဆုံးတီထွင်ကြံဆမှု ၄၀ စာရင်းဝင်ခဲ့တဲ့ သူရဲ့ "AgriVolt Carbon AI" စီမံကိန်းမှတစ်ဆင့် ထိုနည်းပညာများကို ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုအပ်နေပါတယ်။
အဆိုပါနည်းပညာမှာတော့ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို အကျိုးရှိရှိပြုပြင်နိုင်တဲ့ လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်လာစေရန်အတွက် အာရုံခံကိရိယာများ (Sensors) နဲ့ မူလသင်ယူမှုစနစ် ပါဝင်သော ဉာဏ်ရည်အတု (AI) တို့ကို ပေါင်းစပ်အသုံးပြုထားပါတယ်။ ၎င်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ လျှပ်စစ်ဓာတ်အားနဲ့ ဇီဝမီးသွေး (Biochar) ထွက်ရှိမှုကို အများဆုံးရရှိစေရန်ဖြစ်ပြီး နောက်ပိုင်းမှာတော့ အဓိကအသုံးပြုနိုင်တဲ့ စက်မှုကုန်ကြမ်းတွေဖြစ်တဲ့ Activated Carbon (စုပ်ယူအားကောင်းသည့် မီးသွေး) သို့မဟုတ် Carbon Black (ကာဗွန်အနက်ရောင် အမှုန့်) ကဲ့သို့သော ကာဗွန်ဓာတ်ကြွယ်ဝသော ဒြပ်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးကိုပါ လေ့လာစမ်းသပ်သွားမှာ ဖြစ်ပါတယ်။
ရှီဗန်းရှ်ရဲ့ ခံယူချက်ကတော့ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများနဲ့ ပတ်သက်တဲ့ အယူအဆဟောင်းကို ပြောင်းလဲပစ်ဖို့ ဖြစ်ပါတယ်။ အဲ့တာကတော့ တောင်သူတွေ စွန့်ပစ်လိုက်မဲ့ပစ္စည်းတွေကနေ စွမ်းအင်ထုတ်ယူနိုင်သလို စီးပွားရေးအရလည်း အသုံးဝင်နိုင်မဲ့ အရင်းအမြစ်တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ဖို့ ဖြစ်ပါတယ်။
သတင်းခေါင်းစဉ်များရဲ့ နောက်ကွယ်က သူမြင်ခဲ့တဲ့ ပြဿနာတစ်ခု
သူ့ရဲ့ အယူအဆဟာ သတင်းတွေမှာ ထပ်ခါတလဲလဲ တွေ့မြင်ရာကနေ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။
“နှစ်စဉ်နှစ်တိုင်း လေထုညစ်ညမ်းမှုတွေဖြစ်ပေါ်နေတာကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ သတင်းဌာနတွေကလည်း စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတွေကို မီးရှို့တာဟာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတယ်လို့ ဖော်ပြကြပါတယ်။ ဒါပေမဲ့ ဒီပြဿနာဟာ နေရာတစ်ခုတည်းမှာ ဖြစ်နေတာမျိုးမဟုတ်ဘဲ တစ်နိုင်ငံလုံးကြုံတွေ့နေရတဲ့ ဘုံပြဿနာတစ်ခု ဖြစ်ပါတယ်” လို့ သူက ပြောပြပါတယ်။
သူရဲ့ လေ့လာစမ်းသပ်မှုတွေဟာ ဖော်ပြနေကြတဲ့ သတင်းခေါင်းစဉ်တွေထက် ပိုမိုလေးနက်ခဲ့ပြီး အမ်ရစ်ဆာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများအထိ ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ဖြေရှင်းနည်းဟာ လက်တွေ့မြေပြင်မှာ အမှန်တကယ် အလုပ်ဖြစ်နိုင်ပါ့မလားဆိုတာကို ကျေးရွာလူကြီးတွေ ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။
အဲ့ဒီကနေရရှိခဲ့တဲ့ တုံ့ပြန်မှုတွေက အဆိုပါပြဿနာကို ဆက်လက်ဖြေရှင်းနိုင်ဖို့ရာအတွက် သူ့ကို ယုံကြည်မှု တိုးပွားစေခဲ့ပါတယ်။
ဒေသခံလူငယ်တစ်ဦးက မိမိတို့လူ့အဖွဲ့အစည်းကို တိုက်ရိုက်ထိခိုက်နေတဲ့ ပြဿနာတစ်ခုကို ကူညီဖြေရှင်းပေးဖို့ရာ ကြိုးပမ်းနေခြင်းအပေါ် တောင်သူလယ်သမားများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်လို့ သူက ဆိုပါတယ်။
ရှီဗန်းရှ် အတွက်ကတော့ ထိုကဲ့သို့ သွားရောက်ဆွေးနွေးခဲ့ခြင်းကနေ စီမံကိန်းရဲ့ သဘောသဘာဝကိုတောင် ပြောင်းလဲသွားစေခဲ့ပါတယ်။ ၎င်းစီမံကိန်းဟာ ကျောင်းမှာပြုလုပ်တဲ့ ရိုးရိုးသိပ္ပံစမ်းသပ်မှု တစ်ခုမျှသာ မဟုတ်တော့ဘဲ နည်းပညာကို လက်တွေ့မှာ အမှန်တကယ်လိုအပ်ချက်များနဲ့ အညီ ဘယ်လို ဒီဇိုင်းထုတ် ပုံဖော်ရမယ်ဆိုတာကို နားလည်သဘောပေါက်စေတဲ့ ကြိုးပမ်းမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
ကျောင်းအဆင့် စမ်းသပ်မှုမှ ပိုမိုကြီးမားသည့် ရည်မှန်းချက်ဆီသို့
နောက်ထပ် ကြုံတွေ့ရမဲ့ စိန်ခေါ်မှုကတော့ လုပ်ငန်းပမာဏ တိုးချဲ့ဆောင်ရွက်နိုင်ရေး (Scale) ဖြစ်ပါတယ်။
ရှီဗန်းရှ်ဟာ “AgriVolt Carbon AI” စီမံကိန်းကို အချိန်နဲ့တစ်ပြေးညီ ရရှိသော အာရုံခံကိရိယာဒေတာများနဲ့ AI အခြေပြု ပိုမိုကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်နိုင်သော စနစ်များကိုအသုံးပြုပြီး စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများကို ပိုမိုထိရောက်စွာ ပြုပြင်ထုတ်လုပ်နိုင်မဲ့ စနစ်တစ်ခုအဖြစ် မျှော်မှန်းထားပါတယ်။ သူ့ရဲ့ ပိုမိုကြီးမားတဲ့ ရည်မှန်းချက်ကတော့ သီးနှံရိုးပြတ်တွေကို တန်ဖိုးမရှိတဲ့ အရာတစ်ခုအဖြစ် သတ်မှတ်မဲ့အစား အသုံးဝင်သော ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်မဲ့ စီးပွားရေးနည်းလမ်းတစ်ခုကို ဖန်တီးပေးဖို့ရာ ဖြစ်ပါတယ်။
၎င်းစွန့်ပစ်ပစ္စည်းများကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ခြင်းဖြင့် အကျိုးကျေးဇူးတစ်ခုကို ပေးစွမ်းနိုင်မှာဖြစ်ပြီး ဇီဝမီးသွေး (Biochar) နဲ့ အခြား ကာဗွန်ဓာတ်ကြွယ်ဝတဲ့ ဒြပ်ပစ္စည်းတွေဟာလည်း အနာဂတ် ကာဗွန်အခြေခံထုတ်ကုန်များမှာ အသုံးပြုနိုင်မဲ့ နောက်ထပ် အကျိုးကျေးဇူးကို ပေးစွမ်းနိုင်အုံးမှာ ဖြစ်ပါတယ်။
ရှီဗန်းရှ် အတွက်ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းပြချက်နဲ့ စီးပွားရေးဆိုင်ရာ အကြောင်းပြချက်တို့ဟာ အလွန်နီးကပ်စွာ ဆက်စပ်နေပါတယ်။
“လယ်သမားတွေက စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတွေကို မီးရှို့နေကြရင် သူတို့ရဲ့ မြေဆီဩဇာတွေကိုလည်း ထိခိုက်စေမှာပါ။ ကျွန်တော့်ရဲ့ အကြံဉာဏ်က သဘာဝပတ်ဝန်းကျင်နဲ့ လယ်သမားတွေအတွက် နှစ်ဖက်စလုံးကို အထောက်အကူပြုစေချင်တာ ဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
ထိုရည်မှန်းချက်ဟာ လူငယ် တီထွင်ဖန်တီးသူတွေအကြား ပိုမိုကျယ်ပြန့်လာသော ပြောင်းလဲမှုတစ်ရပ်ကိုလည်း ထင်ဟပ်စေပါတယ်။ သဘောကတော့ နည်းပညာကို သူ့အတိုင်းသက်သက် အသုံးပြုတာထက် ကျော်လွန်ပြီး မိမိတို့ပတ်ဝန်းကျင်ရှိ လူမှုအသိုင်းအဝိုင်းများကို ထိခိုက်နေသော ပြဿနာများအား ဖြေရှင်းရန်အတွက် ဥာဏ်ရည်အတု၊ အီလက်ထရွန်နစ်နဲ့ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးချလာကြခြင်းပဲ ဖြစ်ပါတယ်။

ရှီဗန်းရှ်ရဲ့ သုတေသနခရီးစဥ်ဟာ ကျောင်းအဆင့် နမူနာပုံစံငယ် (Prototype) တစ်ခုကနေ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ သူရဲ့ ပိုမိုကြီးမားတဲ့ ရည်မှန်းချက်ကတော့ သီးနှံရိုးပြတ်တွေကို မီးရှို့လေ့ရှိတဲ့ အလေ့အထအတွက် ကုန်ကျစရိတ် သက်သာသော အခြားနည်းလမ်းတစ်ခုကို တောင်သူများအား ပေးစွမ်းနိုင်မဲ့နည်းပညာအဖြစ် ဖန်တီးသွားဖို့ရာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အမြဲလိုလို ဖြေရှင်းဖို့ရာ လိုအပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ်ကို စွမ်းအင်နဲ့ တန်ဖိုးရှိသော အရင်းအမြစ်အဖြစ်သို့ ပြောင်းလဲပေးရန် ဖြစ်ပါတယ်။
စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြတဲ့ မြို့ငယ်ကလေးမှ လူငယ်လေးတစ်ဦးအတွက်ကတော့ ယခုလုပ်ဆောင်ချက်အရ တီထွင်ဆန်းသစ်မှုဆိုတာဟာ နည်းပညာကုမ္ပဏီကြီးတွေဆီကနေပဲ အမြဲတမ်း စတင်ထွက်ပေါ်လာတာ မဟုတ်ကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်ပါတယ်။အချို့သော တီထွင်ဆန်းသစ်မှုတွေဟာ မိမိတို့ရဲ့ အိမ်နောက်ဖေး ပတ်ဝန်းကျင်မှာပင် ဖြစ်ပျက်နေတဲ့ ပြဿနာတစ်ခုကို စေ့စေ့စပ်စပ်ကြည့်ရှု သုံးသပ်ပြီး “ဒါကို မတူညီတဲ့ အခြားနည်းလမ်းပုံစံတစ်မျိုးနဲ့ ဆောင်ရွက်ကြည့်ရင်ရော ဘာဖြစ်လာနိုင်မလဲ” ဆိုတဲ့ ရိုးရှင်းသော မေးခွန်းတစ်ခုကနေ စတင်လေ့ရှိတတ်ပါတယ်။
ကိုးကားလင့်ခ်
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
ဆက်စပ်မေးခွန်းများ
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 2 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
More from ဇင်ထူးနိုင်
အားလုံး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026