အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စပ်မျိုးပြောင်းစီးစိုက်တောင်သူများ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ရောင်းချရာတွင် တွက်ချေကိုက်နေ

စပ်မျိုးပြောင်းစီးစိုက်တောင်သူများ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ရောင်းချရာတွင် တွက်ချေကိုက်နေ

    စပ်မျိုးပြောင်းစီးစိုက်တောင်သူများ ပြောင်းဖူးအစိုရောင်းချခြင်းထက် ပြောင်းဖူးစေ့ကြော်၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲရောင်းချရာတွင် အကျိုးအမြတ်ပိုရ၍ တွက်ချေကိုက်နေသည်။ 

သိပ္ပံပြောင်း (စပ်မျိုးပြောင်းစီး) ကို တစ်ဧက ၅ ထုတ်စိုက်ပြီး တစ်သီးပြီးတာနဲ့ နောက်တစ်သီး ထပ်စိုက်ဖို့အဆင်သင့်လုပ်ထားတာ။ သက်တမ်းကလည်း အဖူးခူးချိန်အပြီးအစီးမှ ၃ လလောက်ပဲဆိုတော့ တစ်နှစ်လုံးကို ၄ သီးလောက် စိုက်လို့ရတယ်။ အရင်က ပြောင်းဖူးချိုးချိန်ဆို မျိုး၂ ထုတ်စာလောက်ပဲ ချိုးရောင်းလို့ကုန်တာ။ ကျန်တာတွေက အဲ့ချိန်ကျတော့ ရင့်ပြီး ခြောက်ကုန်ကြတာ။ အဲ့တော့ အစေ့ခြောက်ဈေးနဲ့ဆို တစ်တင်း ၂၀၀၀၀ လောက်နဲ့ရောင်းရတယ်။ ဒါပေမယ့် အစေ့ခြောက်တွေက ဈေးအတော်ကျသွားတာတွေရှိသလို တချို့နှစ်တွေဆို အဝယ်မရှိလို့ တပို့ပို့နဲ့ ရောင်းမထွက်ဘူး။ ဒီနှစ်တော့ ပြောင်းဖူးစေ့ကြော်ပြီးမှရောင်းတော့ အရောင်းလည်းသွက်သလို ဈေးလည်းရတော့ အတော်တွက်ချေကိုက်သွားတယ်။

ဟု ဆွာမြို့နယ်တွင်း ဆွာတောင်ကန်းကျေးရွာမှ တောင်သူဦးခင်မောင်ဆန်းက ပြောသည်။

    စပ်မျိုးပြောင်းဖူးစေ့အခြောက်ကို ကြော်ပြီးရောင်းချရာမှာ ဈေးကွက်ကောင်း၍ အဝယ်လည်းနယ်စုံရှိသည်။ ပြောင်းဖူးစေ့ကြော်၏အရသာကို ကြိုက်နှစ်သက်မှုကြောင့် ရန်ကုန်၊ မန္တလေးဘက်တွေကပါ ဆက်သွယ်ဝယ်ယူလာကြောင်း သိရသည်။

ပြောင်းဖူးစေ့အခြောက်ကိုရောင်းရင် တစ်တင်းမှ ၂၀၀၀၀ ပဲရတာလေ။ အဲ့တစ်တင်းကို ကြော်လိုက်ရင် ပြောင်းဖူးကြော် ၅၂ ပြည်တောင်ထွက်တယ်။ တစ်ပြည်ကို အိမ်ထိ လာဝယ်တဲ့ဈေးက ၁၀၀၀ ရတယ်။ အဲ့မှာပဲ ဆီးဖိုးဘာညာထုတ်လိုက်ရင်တောင် အခြောက်ဈေးထက် ပိုရတာကို။ ဒါမဲ့ အန်တီတို့ကိုယ်တိုင် သွားရောင်းရင် တစ်ပြည်ကို ၂၀၀၀ ရတယ်။အစေ့ခြောက်တစ်တင်းရောင်းရင် ၂၀၀၀၀ ပဲရမယ်လေ။ ခုလိုကြော်ပြိီးမှရောင်းတော့အခြောက်တစ်တင်းက တစ်သိန်းနှုန်းလောက်ရတာ။ အဲ့တည်းက တစ်ရွာလုံး ကြော်ပြီးမှ ရောင်းကြတော့တာပဲ။ အဝယ်ကလည်းရှိတယ် ရွာထိလည်းလာဝယ်ကြသလို တချို့ဆို ရန်ကုန်ဘက်ကမှာလို့ စုပြီးကားတင်းပို့ပြီးတောင် ရောင်းကြတယ်။ တချို့က ရွာထဲမှာစုကောက်လိုက်ပြီး ပျဉ်းမနား အာဟာရသုခဈေးမှာသွားရောင်းတာ....ရောင်းရတယ်။

 ဟု တောင်သူဦးခင်မောင်ဆန်း၏ဇနီး ဒေါ်နွဲ့ရည်ဝင်းက ဆက်ပြောသည်။ 

    ပြောင်းဖူးစေ့ကြော်၏ ဈေးကွက်မှာ ဧလာ၊ ပျဉ်းမနားတို့၌ တစ်ပြည်ကို ၂၀၀၀ ကျပ်မှ ၂၈၀၀ ကျပ်အထိပေါက်ဈေးရကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်၊ မန္တလေးဘက်မှလည်း အဝယ်များဆက်လက်ရှိနေသည်။ 

သိင်္ဂီလှိုင် (B.Agr.Sc)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

1
LinLin

LinLin

လွန်ခဲ့သော ၂ နှစ် က

ကျနော်စိုက်ချင်လို့

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ

Aung Myo Oo • ဖြေကြားချက် 0 ခု

အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်

wai phyo naing • ဖြေကြားချက် 0 ခု

ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။

ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 3 ခု

မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား

Sawsamson • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။