တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
အိန္ဒိယ၊ တရုတ် ကုန်သည်များ၏ ဝယ်လိုအား အပြောင်းအလဲနှင့် ဈေးနှုန်းအလှုပ်အခတ်က ပြည်တွင်း လယ်ယာပို့ကုန် ဈေးနှုန်းအပေါ် သက်ရောက်မှုများ ရှိနေသည်။ နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်လုနီးပါး အခြေအနေတွင် ဝယ်လိုအား အပြောင်းအလဲကသာ လယ်ယာပို့ကုန် ပြည်တွင်းဈေးကို ဦးဆောင်နေသည်။
မတ်ပဲ ပြည်တွင်းဈေး အပြောင်းအလဲ
ယခုရက်သတ္တပတ် မတ်ပဲ ပြည်တွင်းဈေးက အနည်းငယ် တက်လာသော်လည်း ပြည်ပရောင်းချသည့် FOB ဈေး ကျရိပ်သန်းနေသည်။
သို့သော် အိန္ဒိယ ဈေးကွက်ကျွမ်းကျင်သူများ၏ မှန်းဆချက်တွင် ရေတိုကာလအတွင်း ဈေးအနည်းငယ် လှုပ်နေမည်။ မိုးမတ်ပဲအသစ် ဈေးကွက် စဝင်နေသော်လည်း အရည်အသွေးပိုင်းနှင့် အထွက်နှုန်းအပေါ် စိုးရိမ်မှုများ ရှိနေသည်။ ဘရာဇီး မတ်ပဲတင်သွင်းမှုများပြီး မြန်မာ့မတ်ပဲ အဝင်လျော့နည်းသည်ဆိုသည့် သတင်းများလည်း ပေါ်ထွက်နေသည်။
ထိုအခြေအနေများကြောင့် အိန္ဒိယ ဈေးကွက်တွင် မြန်မာ့မတ်ပဲ တက်ရိပ်ပြလာသည်။ ယခုရက်သတ္တပတ် အတွင်း အိန္ဒိယ ဈေးကွက်တွင် မြန်မာ့မတ်ပဲ FOB ဈေးက မတ်ပဲ FAQ အမျိုးအစား တစ်တန် အမေရိကန်ဒေါ်လာ ၈၄၀ မှ ၈၅၀၊ မတ်ပဲ SQ တစ်တန် ဒေါ်လာ ၉၃၀ မှ ၉၃၅ သို့ ဈေးပြောင်းသွားသည်။
မြန်မာဈေးကွက်တွင် မတ်ပဲ FOB ဈေးက မတ်ပဲ FAQ တစ်တန် ဒေါ်လာ ၈၃၅/၈၄၅ မှ ၈၃၀/၈၄၀ သို့ ဈေးပြောင်းသည်။ မတ်ပဲ SQ က တစ်တန် ဒေါ်လာ ၉၁၅/၉၂၅ ဖြင့် ဈေးငြိမ်နေသည်။
ယခုရက်သတ္တပတ် စက်တင်ဘာ ၂၄ ရက်အထိ မတ်ပဲ ပြည်တွင်းဈေးက မတ်ပဲ FAQ တစ်တန် ကျပ် ၃,၄၃၉,၀၀၀ မှ ၃,၄၇၁,၀၀၀ သို့ ဈေးတက်ပြီး ၃,၄၆၉,၀၀၀ သို့ ဈေးပြန်ပြောင်းသည်။ မတ်ပဲ SQ ကလည်း တစ်တန် ကျပ် ၃,၇၆၉,၀၀၀ မှ ၃,၈၀၁,၀၀၀ သို့ ဈေးတက်ပြီး ၃,၇၉၉,၀၀၀ သို့ ဈေးပြန်ပြောင်းသည်။
ပြည်တွင်းနှမ်းဈေး တက်လာ
စားဆီဈေးနှုန်း မတည်ငြိမ်မှုနှင့်အတူ ဆီထွက်သီးနှံ နှမ်း၏ ပြည်တွင်းဈေးနှုန်းများက အပြောင်းအလဲ ရှိနေသည်။
အရည်အသွေးကောင်းပြီး အက်ဆစ်လွတ် နှမ်းအမျိုးအစားများကို တရုတ်ကုန်သည်များက ဝယ်လိုကြသည်။ ထို့ကြောင့် နှမ်းစိုက်တောင်သူများအနေဖြင့် မိမိထုတ်ကုန် ကောင်းမွန်ပါက ဈေးကောင်းရနိုင်မည့် အလားအလာရှိသည်ဟု သုံးသပ်ချက်များလည်း ရှိနေသည်။
ယခုရက်သတ္တပတ် နှမ်းဈေးက ပြည်တွင်းဈေးတက်သော်လည်း ပြည်ပဈေးငြိမ်နေသည်။ နှမ်း ပြည်ပရောင်းချသည့် FOB ဈေးက နှမ်းဖြူ တစ်တန် ဒေါ်လာ ၁,၅၀၀/၁,၅၁၀၊ နှမ်းနက် (စမုံ) တစ်တန် ဒေါ်လာ ၁,၈၈၀/၁,၈၉၀၊ နှမ်းညို တစ်တန် ဒေါ်လာ ၁,၄၅၀/၁,၄၆၀ ဈေးဖွင့်သည်။
သို့သော် ပြည်တွင်းဈေးကွက်တွင် ဆီစက်ပိုင်များ၏ ဝယ်လိုအားအချို့နှင့်အတူ နှမ်းဈေးက တစ်တန် လျှင် အနည်းဆုံး ကျပ် ၂၀၀,၀၀၀ ဝန်းကျင် ဈေးမြင့်တက်လာသည်။ နှမ်းဖြူ (ဂျပန်) တစ်တန် ကျပ် ၆,၉၄၀,၀၀၀ ကျော်မှ ၇,၁၄၀,၀၀၀ ကျော်၊ နှမ်းညို (သစ်) တစ်တန် ကျပ် ၆,၈၀၀,၀၀၀ ကျော်မှ ၇,၀၀၀,၀၀၀ ကျော်၊ နှမ်းနက် (စမုံ) တစ်တန် ကျပ် ၇,၅၅၀,၀၀၀ ကျော်မှ ၇,၇၅၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
ဈေးငြိမ်သက်လုနီးပါး ဖြစ်လာသည့် ပြောင်း
ထိုင်းနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်သွင်းမှု ရပ်နားပြီးနောက် ပြည်တွင်းပြောင်းဈေး ငြိမ်နေသည်။
ပြည်ပ ဝယ်လိုအား ပျော့သော်လည်း လာမည့်နှစ် ထိုင်းနိုင်ငံမှ ပြောင်းဝယ်လိုအား ပြန်လည်စတင်ပါက ဈေးကောင်းနိုင်သည်ဆိုသည့် မျှော်လင့်ချက်များလည်း ရှိနေသည်။
လက်ရှိ ပြောင်းဈေးက ရန်ကုန်ဈေးကွက်တွင် ပြောင်း FOB ဈေး တစ်တန် ဒေါ်လာ ၂၇၀/၂၈၀ ဈေးဖွင့်သည်။ ပြည်တွင်းပြောင်းဈေးက ပြောင်းတစ်ပိဿာ ကျပ် ၁,၇၈၀/၁,၈၀၀ ဈေးဖွင့်သည်။
သို့သော် မန္တလေးဈေးကွက်တွင် ပြောင်းက အမျိုးအစားအလိုက် ဈေးနှုန်းပြောင်းလဲမှုများ ရှိနေသည်။ မန္တလေးဈေးကွက်တွင် ရှမ်းပြောင်း တစ်တန် ကျပ် ၉၈၆,၀၀၀ ကျော်မှ ၉၆၃,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ သို့သော် CP ပြောင်းသစ်က တစ်တန် ကျပ် ၁,၁၃၄,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

ပြည်တွင်းသကြား ဈေးအားပျော့နေ
တစ်နှစ်လျှင် တန်ချိန် လေးသိန်းဝန်းကျင် ထုတ်လုပ်နေသည့် သကြားက ပြည်တွင်းဈေးအေးနေသည်။ ကမ္ဘာ့ဒုတိယ သကြားအများဆုံး ထုတ်လုပ်သည့် အိန္ဒိယ၏ စက်တင်ဘာလကုန်အထိ ပြည်ပတင်ပို့ခွင့် ပိတ်ထားခြင်း အကျိုးဆက်ကြောင့် နိုင်ငံတကာဈေးကွက်တွင် သကြားဈေး မြင့်တက်လာသည်။
မြန်မာနိုင်ငံမှ ဖွင့်လှစ်သည့် ပြည်ပသကြားဈေးနှုန်းက ဩဂုတ်လအတွင်း သကြားဖြူ တစ်တန် အမေရိကန်ဒေါ်လာ ၅၁၀ ရှိသော်လည်း စက်တင်ဘာတွင် ဒေါ်လာ ၅၃၀ ဝန်းကျင်သို့ ဈေးပြောင်းသွားသည်။
သို့သော် ရန်ကုန်ဈေးကွက်တွင် သကြားဈေးက တစ်ပိဿာ ကျပ် ၄,၁၀၀ ဈေးဖွင့်သည်။ မန္တလေးကုန်စည်ဒိုင်တွင် သကြားဈေးက ပေါင်းသကြား (အသစ်) တစ်ပိဿာ ကျပ် ၃,၇၀၀ မှ ၃,၉၀၀ အကြား၊ သကြားခါ တစ်ပိဿာ ကျပ် ၂,၈၀၀ ဈေးဖွင့်သည်။
နိုင်ငံအတွင်း စားသုံးမှုအတွက် အဓိကထား ထုတ်လုပ်နေရသဖြင့် ပြည်ပဈေးနှုန်း အပြောင်းအလဲ သက်ရောက်မှု နည်းသည်။ ပြည်တွင်းသကြားဈေးကလည်း မျှော်လင့်ချက် အားပျော့နေခြင်းကြောင့် ဆောင်းရာသီ ကြံစိုက်ပျိုးမှုအပေါ် သက်ရောက်မှုများ ရှိနိုင်သည်ဆိုသည့် သုံးသပ်ချက်များလည်း ရှိနေသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သီးနှံဈေးကွက်
အကြောင်းအရာ 2
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
အရွက်တွေကွက်ကြားခြောက်ပြီးတစ်နေ့ထက်တစ်နေပိုပိုခြောက်တယ့်အကျယ်အဝန်းကများလာလို့ဆရာ/စပါးကမင်းဧရာပါ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ
Aung Myo Oo • ဖြေကြားချက် 3 ခု
အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်
wai phyo naing • ဖြေကြားချက် 1 ခု
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026