ဆောင်းနှမ်းဈေးကွက် ဆက်တိုက်ကောင်းမွန်ခဲ့ပြီး ယခုရက်အတွင်း အနည်းငယ်အေးနေ
၂၀၂၁ ခုနှစ် ဆောင်းနှမ်းရိတ်သိမ်းခြွေလှေ့သည့် ရာသီချိန်အတွင်း ဈေးကွက်ဆက်တိုက်ကောင်းမွန်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ဈေးကွက်အနည်းငယ် ပြန်လည်အေးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ နှမ်းနက်စိုက်ပျိုးသူများထံမှ သိရသည်။
နှမ်းနက်ဈေးကွက်က အခုရက်တော့ ပြန်အေးနေတယ်။ လအစတုန်းက ဈေးကောင်းခဲ့တယ်။ အခုမှ နည်းနည်းပြန်ကျသွားတာ။ အခုပေါ်နေတာကတော့ ဆောင်းနှမ်းပါ။ ကျန်းမာရေးအတွက် ဆေးဖက်ဝင်တဲ့ နှမ်းနက်အမျိုးအစားပေါ့။ အခုနောက်ပိုင်းကာလတွေက ရိုးရိုးနှမ်းထက်စာရင် နှမ်းနက်ကိုပဲ အများဆုံးစိုက်ပျိုးထုတ်လုပ်လာကြပါတယ်။ ဈေးကွက်လိုလားမှုရှိတဲ့ နှမ်းအမျိိုးအစားဖြစ်လို့ပါ။ နှမ်းအထွက်နှုန်းတိုးတက်ဖို့ဆိုတာက မျိုးကောင်းမျိုးသန့်အပြင် စိုက်ပျိုးရာသီချိန်မှာ ရာသီဥတုမှန်ကန်ဖို့တော့ အထူးလိုအပ်ပါတယ်။
ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ အင်ကြင်းပင်ကျေးရွာမှ နှမ်းနက်စိုက်ပျိုးသူ ဦးဟန်ထွန်းက ပြောသည်။
နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလဆန်းပိုင်းအတွင်း နှမ်းနက် ၃ တင်း တစ်အိတ်လျှင် ၂၁၀,၀၀၀ ကျပ် ရရှိခဲ့ပြီး၊ ယခုရက်ပိုင်းတွင် နှမ်းနက် ၃ တင်းဝင် တစ်အိတ်လျှင် ၁၉၀,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။
နှမ်းနက်ဈေးက အရင်နှစ်ကထက်စာရင်တော့ ဈေးကကောင်းတယ်ပြောရမယ်။ ဒီနှစ်က နှမ်းအထွက်နှုန်းကလည်း ကျဆင်းမှုရှိတယ်။ တောင်သူတွေကလည်း မြေဆီဈေး ဆေးဖိုးတွေဈေးတက်တာကြောင့် သိပ်မစိုက်ပျိုးနိုင်ကြဘူး။ အဲ့ဒါတွေကြောင့်ပဲ ဈေးတက်တာလား၊ ဒါမှမဟုတ် ဝယ်လက်များလာလို့ပဲဈေးတက်တာလားတော့ မသိရပါဘူး။ ကျွန်တော်တို့ဒေသက နှမ်းနက်ကို အဓိကစိုက်ပျိုးတာပါ။ ကုန်သည်ပွဲစားတွေကတဆင့် မန္တလေးမြို့ပေါ်ကပွဲရုံတွေဆီ တင်ပို့ရောင်းချကြပါတယ်။ စိုက်စရိတ်တွေများ အထွက်နှုန်းနည်းတဲ့အတွက် နှမ်းဈေးတက်ပေမယ့်လည်း သိပ်တော့တွက်ခြေမကိုက်ကြပါဘူး။
ဟု ဦးဟန်ထွန်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် နွေနှမ်းကို မေလတွင် စတင်စိုက်ပျိုးလေ့ရှိပြီး ဇူလိုင်လတွင် ရိတ်သိမ်းခြွေလှေ့ကြသည်။ ဆောင်းနှမ်းကိုမူ ဩဂုတ်လကုန်တွင် စတင်စိုက်ပျိုး၍ နိုဝင်ဘာလတွင် ရိတ်သိမ်းခြွေလှေ့ကြသည်။ ဆည်ရေသောက်ဒေသများတွင်မူ နွေနှမ်းနှင့် ဆောင်းနှမ်း ၂ မျိုးလုံးကို စိုက်ပျိုးလေ့ရှိကြသော်လည်း၊ မိုးကောင်းသောက်ဒေသ (ဆည်ရေမရရှိသည့်ဒေသ) များတွင်မူ ဆောင်းနှမ်းကို အဓိကစိုက်ပျိုးကြောင်းသိရသည်။
ဆက်စပ်မေးခွန်းများ
ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ
Aung Myo Oo • ဖြေကြားချက် 2 ခု
အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်
wai phyo naing • ဖြေကြားချက် 0 ခု
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား
Sawsamson • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022