ဂေါ်ရခါး စိုက်ပျိုးနည်း
အပူသမပိုင်းနှစ်ရှည်သီးနှံပင်မျိုးဖြစ်သည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်ကြော်လှော်စားသုံးနိုင်သည်။ အသီးကိုလည်း ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်ပုတ်စားသုံးနိုင်သည်။ အကြမ်းခံသောအပင်ဖြစ်ပြီး မြေအမျိုးအစားအမျိုးမျိုးတွင် စိုက်ပျိုးနိုင် သည်။
စိုက်ပျိုးခြင်း
ဂေါ်ရခါးသီးတစ်လုံးကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အမြစ်အုံကို သားခွဲယူခြင်း စသည်ဖြင့်စိုက်ကြသည်။ တစ်ခါတရံ အကိုင်းဖြတ်ထိုးမျိုးပွား၍လည်း စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် အသီးရင်းကို အသီးဖျားထက် အနည်းငယ်နိမ့်၍စိုက်ပါ။ အသီးကို မြေပေါ်တွင် အလျားလိုက်ချ၍ အစေ့ကို အပေါ်ဘက်တွင်ထားပြီး အသီးတစ်ဝက်ဖော်၍စိုက်ပါ။ အသီးကို အပင်ဖောက်နေစဉ် ရေမလောင်းရပါ။ အစေ့အပင်ပေါက်လာပြီးနောက် ရေကိုသင့်တင့်ရုံလောင်းပေးပါ။ တန်းကြားပင် ကြား စိုက်ရမည့်အကွာအဝေးမှာ (၄ x ၄)ကိုက် (၄) ကွက်ကြားဖြစ်သည်။ ရှမ်းပြည်နှင့် ပြင်ဦးလွင်မြို့များတွင် (၆ x ၆) ပေထား၍ တစ်နေရာတွင် (၂ - ၃)သီးထားကာ မြေပုံ၍ စိုက်ကြသည်။
မြေဩဇာထည့်သွင်းခြင်း
မြေဩဇာအဖြစ် မြေတစ်ပုံတွင် မြေဆွေး (၅)ကီလိုဂရမ်၊ ယူရီးယား (၄၅) ဂရမ်၊ တီစူပါ (၇၀ - ၈၅) ဂရမ်၊ ပိုတက်ရှ် မြေဩဇာ (၁၈) ဂရမ် ကိုထည့်ပေးပြီး ကိုင်းဖြာထွက်လာချိန်၌ တစ်ပုံတွင် မြေဆွေး (၅) ကီလိုဂရမ်၊ ယူရီးယား (၂၂၀)ဂရမ်နှင့် ပိုတက်ရှ် (၁၈၀) ဂရမ် ထပ်မံကျွေးပါ။ အစိုဓါတ်မပျက်အောင် ဂရုစိုက်၍ရေလောင်းပေးရမည်။
ကိုင်းပြုပြင်ပေးခြင်း
ပင်မကိုင်းအရှည်တစ်ပေခန့်ရှိလာသောအခါ ခေါင်နှိမ်ပေးပြီး ကိုင်းတက် (၂) ခုကို မွေးထားကာ အရှည် (၄ - ၅) ပေခန့်ရောက်သော် တစ်ကိုင်းမှ ကိုင်းငယ် (၃) ခုစီဖြာထွက်စေရန် ထပ်မံခေါင်နှိမ်ပေးရမည်။ ပိုးမွှားကျရောက်မှုနည်း သော်လည်း အပင်ညှိုးသေရောဂါနှင့် ရွက်ခြောက်ရောဂါများကျရောက်တတ်သည်။
ခူးဆွတ်ခြင်း
အသီးသည် သန္ဓေအောင်ပြီးနောက် ကြီးထွားမှု လျင်မြန်ပါက (၁၅/၂၀) ရက်ကြာသောအခါ ခူးဆွတ်နိုင်ပါသည်။ တစ်ကိုင်းလျှင် (၈) လုံးထိထွက်နိုင်ပြီး တစ်ပင်မှ ပျှမ်းမျှ အလုံး (၂၀၀ - ၃၀၀) ရနိုင်ပါသည်။ မျိုးအဖြစ်ထားမည်ဆိုပါက ပန်းပွင့်ပြီး (၄၅/၅၀) ရက်သားတွင် ခူးဆွတ်ရသည်။ ခူးဆွတ်ထားသောအသီးများကိုအေးသောနေရာတွင် တောင်းများ၊ သေတ္တာများတွင် ကောက်ရိုးခံ၍ ထည့်ထားရသည်။
ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း
မိုးမိုးအောင်
လွန်ခဲ့သော ၁ လ ကမြေပြင်ဆင်ပုံ ပြင်ဆင်နည်းလေးမျှဝေပေးပါ
ရဲမောင်
လွန်ခဲ့သော ၁ နှစ် ကအညွှန့်ခူးစိုက်ချင်လိုပါလမ်းညွှန်ပေးပါ
utinmyint
လွန်ခဲ့သော ၂ နှစ် ကစိုက်ပြီး ဘယ်လောက်အကြာမှာ ခူးဆွတ်ရလည်း ခင်ဗျ
ဦးကျော်ဟန်
လွန်ခဲ့သော ၂ နှစ် ကဘယ်ရာသီစစိုက်ရလည်း
ဒေါ်တင်တင်မွှန်း
လွန်ခဲ့သော ၃ နှစ် ကစိုက်ထားတာအသီးမသီးလိာဘာထည့်ပေးရမလဲ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020