ချင်း(ဂျင်း)ရောဂါများကို သဘာဝနည်းများဖြင့် ကာကွယ်နှိမ်နင်းခြင်း
ထရိုင်ကိုဒါးမားမှိုဖြင့် ချင်း(ဂျင်း)ဥပုပ်ရောဂါကို ကာကွယ်ခြင်း

ထရိုင်ကိုဒါးမားမှို မျိုးမှုန့်နှင့် ဖွဲနုကို (၁:၄) အချိုးဖြင့် သမအောင်ရောနယ်ပြီး အသုံးပြုရမည်။
ဂျင်းဥပုပ်ရောဂါဖြစ်ပွားခြင်းကိုကာကွယ်ရန် တစ်ဧကလျှင် ထရိုင်ကိုဒါးမား ၅ ပိဿာခန့်နှင့် ဖွဲနု ၂၀ ပိဿာခန့်ကို မစိုက်ပျိုးမီ ၃ ပတ်အလိုတွင် မြေခံအဖြစ်ထည့်သုံးနိုင်သလို စိုက်မြောင်းများတွင်လည်း ထည့်၍အသုံးပြုနိုင်သည်။
တမာဆီဖြင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်း
တမာပိုးသတ်ဆေးဖျန်းမည်ဆိုပါက ပြင်းအားနည်းသောအဆီများကို မနက်အစော (သို့) ညနေခင်းအချိန်တို့တွင်သာ ဖျန်းသင့်သည်။
အင်းဆက်ပိုးမွှားများ၏ဥများသည် အရွက်အောက်မျက်နှာပြင်များတွင် ရှိတတ်သည့်အတွက် ဆေးဖျန်းရာတွင် အရွက်မျက်နှာပြင်အောက်ပိုင်းကို အဓိကထား ဖျန်းပက်ပေးရမည်။
ရာသီဥတုပူပြင်းလျှင် ဆေးဖျန်းကြိမ်ရေကို တိုးသင့်သည်။ မိုးတွင်းတွင် နေ့စဉ်ဖျန်းပြီး ဆောင်းတွင်းတွင် (၁၀)ရက်လျှင် (၁) ကြိမ် ဖျန်းပေးသင့်သည်။ ဆေးဖျန်းစက်ဖြင့်ဖျန်းပါက ရေပမာဏကို တစ်ဝက်သာသုံးရမည်။
တစ်ဧကလျှင် တမာဆီကို ရေဖြင့် ဖျော်စပ်ကာ (၆၀) လီတာ အထိဖျန်းနိုင်သည်။ အသုံးပြုရမည့်ပမာဏကို ပိုးမွှားကျရောက်မှုပေါ် မူတည်၍ ပြောင်းလဲဖျော်စပ် အသုံးပြုနိုင် သည်။
အီးအမ်-၅ ဖျော်ရည်အသုံးပြု၍ ဖျက်ပိုးများနှင့် အပင်ရောဂါများ ကာကွယ်နှိမ်နင်းခြင်း
ဖျက်ပိုးများနှင့် အပင်ရောဂါများကို ကာကွယ်ရန်အပင်သက်တမ်းတစ်လျှောက်တွင် အီးအမ်-၅ ဖျော်ရည်ကို ၇ ရက် မှ ၁၀ ရက်ခြားစီ ပက်ဖျန်းပေးရမည်။
အီးအမ်-၅ ဖျော်စပ်ပုံ အဆင့်ဆင့်
လိုအပ်သော ပါဝင်ပစ္စည်းများ
- ၁။ အီးအမ်အပြင်း (၁) ဆ
- ၂။ ကြံသကာရည် (သို့) တင်လဲရည် (၁) ဆ
- ၃။ ရှာလကာရည် (၁) ဆ
- ၄။ မီးဖြတ်အရက် (၁) ဆ
- ၅။ ရေသန့် (၆)ဆ
ဖျော်စပ်ပုံ အဆင့်ဆင့်
- ပါဝင်ပစ္စည်းများကို သမအောင်ရောနှောပါ။
- သမအောင်ရောနှောပြီးပါက အလုံပိတ်ဘူးထဲသို့ထည့်ပြီး အေးမြခြောက်သွေ့သောနေရာတွင် ထားပါ။
- ၁၀ ရက်မှ ၁၄ ရက်အကြာတွင် စတင်အသုံးပြုနိုင်သည်။
- ဖျော်စပ်ပြီး ရက် ၉၀ အတွင်းတွင်သာ အာနိသင်အရှိဆုံးဖြစ်သည်။
အသုံးပြုရန်အညွှန်း
- အပင်ဖျက်ပိုးနှင့် ရောဂါဒဏ်ခံနိုင်ရန်အတွက် အီးအမ်-၅ ဖျော်ရည် ၁ ဆကို ရေသန့် ၅၀၀-၁၀၀၀ ဆအထိ ရောစပ်အသုံးပြုနိုင် သည်။
- အပင်သက်တမ်း အစောပိုင်းကာလတွင် ရောဂါနှင့် ဖျက်ပိုးကျရောက်မှုကို နှိမ်နင်းရန် အီးအမ်ဖျော်ရည် ၁ ဆကို ရေသန့် ၁၀၀ ဆနှင့် ရောစပ်အသုံးပြုနိုင်သည်။
- အာနိသင်ပိုကောင်းစေရန် ဖျော်ရည်ကို ကြက်သွန်ဖြူ၊ ငရုတ်သီး၊ တမာရွက်နှင့် သစ်ရွက်စိမ်းများနှင့် ရောစိမ်ကာ အသုံးပြုနိုင်သည်။
(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ' ချင်း (ဂျင်း) စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ နည်းလမ်းကောင်းများ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါ သည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 5 ခု
ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ
kyaw kyaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....