အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စပါးရွက်ညိုပြောက်ရှည်ရောဂါကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

စပါးရွက်ညိုပြောက်ရှည်ရောဂါကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

ရောဂါလက္ခဏာများ

    ဒီရောဂါဟာ စပါးရွက်တွေ၊ စပါးရွက်ဖုံးတွေနဲ့ စပါးနှံတွေကို တိုက်ခိုက်ဖျက်ဆီးနိုင်ပါတယ်။ ၄င်းဟာ စပါးရွက်တွေနဲ့ စပါးရွက်ဖုံးတွေကို အချိန်မတိုင်မီသေစေကာ စပါးစေ့တွေကို အချိန်မတိုင်မီ ရင့်မှည့်စေပြီး ဆိုးဝါးစွာကျရောက်ပါက စပါးပင်တွေကို ယိုင်လဲစေပါတယ်။

တွေ့ရှိရသည့်နေရာ

    ဒီရောဂါကို အာရှတိုက်ရဲ့ အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသ၊ အာဖရိကတိုက်၊ သြစတေးလျတိုက်၊ မြောက်၊ ဗဟိုနဲ့ တောင်အမေရိကတိုက်နဲ့ ပါပူဝါဂွီနာနိုင်ငံတို့ရှိ စပါးစိုက်ဒေသတွေမှာ ရှိတယ်လို့ မှတ်တမ်းရှိပါတယ်။ ဒီရောဂါကို ပိုတက်ဆီယမ်ဓါတ်ချို့တဲ့တဲ့မြေနဲ့ အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်ကနေ ၂၈ ဒီဂရီစင်တီဂရိတ်အထိရှိတဲ့ ဧရိယာတွေမှာ တွေ့ရလေ့ရှိပါတယ်။ ဒီရောဂါဟာ စပါးနှံစုံတဲ့အဆင့်ကစပြီး စပါးပင်ရဲ့ ကြီးထွားမှုနောက်ပိုင်းအဆင့်တွေမှာ ပေါ်လာပါတယ်။ စပါးပင်တွေဟာ စပါးနှံစထွက်တဲ့ အဆင့်ကစပြီး ခံနိုင်ရည်အနည်းဆုံးဖြစ်လာကာ စပါးပင်ရင့်မှည့်ခါနီးမှာ ပိုမိုဆိုးဝါးပါတယ်။ 

ရောဂါခွဲခြားနည်း

အောက်ပါဒဏ်ရာတွေ ရှိမရှိစစ်ဆေးပါ။

    • စပါးရွက်တွေနဲ့ အပေါ်ရွက်ဖုံးပေါ်က စံဒဏ်ရာတွေဟာ ညိုနုရောင်မှ ညိုရင့်ရောင်ရှိကြကာ ဖြောင့်တန်းစွာရှိပြီး ရွက်ကြောတွေနဲ့အပြိုင် ရှိကြပါတယ်။ ၄င်းတို့ဟာ ၂ မီလီမီတာကနေ ၁၀ မီလီမီတာ အထိရှည်ပြီး ၁ မီလီမီတာကနေ ၁.၅ မီလီမီတာ ဗြက်အကျယ်ရှိပါတယ်။

    • ရောဂါခံနိုင်ရည်အများကြီးနိမ့်တဲ့ စပါးမျိုးတွေရဲ့ စပါးရွက်တွေပေါ်က ဒဏ်ရာတွေဟာ ကျယ်ပြန့်လာပြီး အတူတူပေါင်းစပ်ကာ အညိုရောင် ဖြောင့်တန်းတဲ့ ဒဏ်ရာရအပိုင်းကို ဖြစ်စေပါတယ်။

    • စပါးပန်းခိုင်အောက်က ထူးကဲရွက်ပေါ်မှာ ဒဏ်ရာတွေဟာ ပိုမိုတိုတောင်းလေ့ရှိပေမဲ့ စပါးရွက်ပေါ်က ဒဏ်ရာတွေထက် ပိုပြီး ဗြက်ကျယ်နိုင်ပါတယ်။ ဒီရောဂါဟာ စပါးနှံရိုးပေါ်မှာလည်း တွေ့ရနိုင်ပါတယ်။

    • ဒီရောဂါဟာ စပါးရွက်ဖုံးတွကို အရောင်ပျက်စေပါတယ်။

ဒီရောဂါကို စပါးရွက်ဖြူစင်းရောဂါနဲ့ ခွဲခြားမရဖြစ်တတ်ပါတယ်။ ဖြောင့်တန်းတဲ့ ဒဏ်ရာတွေဟာ အခြားစပါးရွက်ရောဂါတွေနဲ့ ကွဲပြားပါတယ်။

စီးပွားရေးအရ အရေးပါပုံ

    ဒီရောဂါဆိုးဝါးစွာကျရောက်ရင် စပါးစေ့ရဲ့ စျေးကွက်တန်ဖိုး လျော့ကျစေကာ ဆန်ထွက်နှုန်းကိုလည်း လျော့ကျစေပါတယ်။ စပါးအထွက်ဆုံးရှုံးမှုကတော့ ဆိုးဝါးစွာကျတဲ့ ဖြစ်ရပ်ကလွဲလို့ စီးပွားရေးအရ ဆုံးရှုံးမှုမရှိပါဘူး။

ကာကွယ်နှိမ်နင်းခြင်း

    • ဒီရောဂါကို ခံနိုင်ရည်ရှိတဲ့ စပါးမျိုးများကို စိုက်ပါ။ ရနိုင်တဲ့ ခေတ်မီစပါးမျိုးများကို သက်ဆိုင်ရာ ဒေသတွင်း စိုက်ပျိုးရေးဌာနဲ့ ဆက်သွယ်ပါ။

    • စပါးခင်းကို သန့်ရှင်းနေပါစေ။ 

    • တစ်ဆင့်လက်ခံပင်တွေကို ဖယ်ရှားဖို့ စပါးခင်းနဲ့ စပါးခင်းအနီးပတ်ဝန်းကျင်က ပေါင်းပင်တွေကို ဖယ်ရှားပါ။

    • မြေသြဇာကို အချိုးကျသုံးစွဲပါ။ လုံလောက်တဲ့ ပိုတက်ဆီယမ်ဓါတ်ကို အသုံးပြုပါ။

    • အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။

    • ပရိုပီကိုနာဇိုးလ် (Propiconazole)

    • သိုင်အိုဖာနိတ်မီသိုင်းလ် (Thiophanate methyl)

    • ကလိုရိုသာလိုနေးလ် (Chlorothalonil)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

hi

koko

koko

လွန်ခဲ့သော ၅ နှစ် က

စပါးရွက်အဖျားခြောက်တာ ဘာဆေးသုံးရမလဲ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။