အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒိုချက်ကင်နည်းကို အသုံးပြု၍ မြေတွင်းရှိ အဏုဇီဝများ ထုတ်လုပ်နည်း

ဒိုချက်ကင်နည်းကို အသုံးပြု၍ မြေတွင်းရှိ အဏုဇီဝများ ထုတ်လုပ်နည်း

Green Way
Green Way • 05/02/2021

လိုအပ်သောပစ္စည်း 

  • သစ်ဝါးတောအောက်ရှိ ၃x၃ပေဧရိယာရှိ အပေါ်ယံမြေဆီလွှာ
  • ဖွဲနု၊ သကာရည်/သကြားကြမ်းဖျော်ရည်
  • အစိုဓါတ် ၆၀%၊ ပလက်စတစ်စ၊ စပါးခွံ
  • နွားချေး၊ ကောက်ရိုး၊ ငှက်ပျောရွက်

အချိုးဆ 

  • မြေ၂ဆ၊ ဖွဲနု ၁ဆ

ပြုလုပ်နည်း 

ဒိုချက်ကင်နည်းကို သုံး၍ မြေတွင်းရှိအဏုဇီဝများ ထုတ်လုပ်နည်း

  • သဘာဝသစ်တောရိပ်အောက်ရှိ ၃x၃ပေဧရိယာရှိ အပေါ်ယံမြေဆီလွှာကို စုဆောင်းပါ။
  • ဖွဲနုနှင့် ရောပါ။
  • သကာရည်/သကြားကြမ်းဖျော်ရည်ကို ရေနှင့်ရောပါ။ (လက်နှင့်ဆုပ်ကြည့်လျှင် လက်ကြားမှ ရေစိမ့်ကျသော အခြေအနေ) အစိုဓါတ်၆၀%ရရန်အထိ သမအောင်မွှေပါ။ 
  • ပလတ်စတစ်နှင့်အုပ်ပါ။
  • သုံးရက်စောင့်ပါ။ 
  • စပါးခွံကို ၆ပေ ပတ်လည်ခန့်နှင့် ၆လက်မ အမြင့်ရှိအောင် မြေ ပေါ်ဖြန့်ခင်းပေးပါ။
  • ဒိုချက်ကင်ကို လက်နှင့် ဆယ်ဆုပ်ခန့်ဖြူးပါ။
  • နွားချေး၊ တိရိစ္ဆာန်ချေးများကို ၆လက်မထူခန့်ဖြန့်ခင်းပေးပါ။ 
  • ဒိုချက်ကင်ကို လက်နှင့် ဆယ်ဆုပ်ခန့်ဖြူးပါ။
  • ရေဖျန်းပေးပါ။ 
  • ကောက်ရိုးများကို ဖြန့်ခင်းပေးပါ။
  • လူဖြင့် နင်းပေးပါ။
  • ရေဖျန်းပေးပါ။ ယင်း သုံးလွှာကို တစ်ထပ်ဟု ခေါ်သည်။ 
  • ဤသို့ ၄.၅ ထပ်အမြင့် ၅ပေခွဲ၊ ၆ပေရောက်အောင် တစ်ထပ်စီတွင် ရေဖျန်းပေးရမည်။ 
  • အထပ် ၄.၅ ထပ်ရှိ မြေဩဇာ တစ်ပုံပြီးသည်အထိ ရေသုံးပေပါခန့်လိုသည်။ 
  • နွေရာသီတွင် သစ်ပင်ရိပ်အောက်၌ ပြုလုပ်ပေးရမည်။
  • မိုးတွင်းတွင် မိုးရေမဝပ်အောင် ဖုံးအုပ်ထားရန် (သို့)အမိုးအောက်တွင် လုပ်ရန်လိုပါသည်။ 
  • အပေါ်ဆုံးကို စပါးခွံနှင့် ဖုံးပြီး ရေဖျန်းရမည်။ 
  • ပလပ်စတစ်(သို့)ငှက်ပျောရွက်များဖြင့် ဖုံးအုပ်ရမည်။ 
  • ၃-၄ပတ်ကြာသည့်အခါ ပြောင်းပုံရမည်။ 

အသုံးဝင်ပုံ

  • ၆-၈ပတ်ကြာသည့်အခါ အသုံးပြုရပြီဖြစ်သည်။ 
  • ကွင်းထဲတွင် ထည့်သွင်းအသုံးပြုနိုင်သည်။ 

    အရင်တစ်ပတ်ကတင်ထားသော "အချဥ်ဖောက်ထားသော အရွက်အရည် ပြုလုပ်နည်း " ကို စာတန်းကိုနှိပ်ပြီးလေ့လာနိုင်ပါတယ်။

    နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ(ငြိမ်း) ဒေါ်မြမြရေးသားသော အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

2
san  san

san san

လွန်ခဲ့သော ၃ နှစ် က

ဒိုချက်ကင်နည်းကိုစာအုပ်ထဲကိုဘယ်လိုထည့်မလဲ

ဖြိုးမောင်

ဖြိုးမောင်

လွန်ခဲ့သော ၅ နှစ် က

hh nmlllooh j n bhhhuuuvuvhvhfygygufhuutuguffDad

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 4 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။