ဝန်းကျင်မပျက် ထွန်ယက်စိုက်ပျိုးနည်းစနစ်ကနေ ရရှိနိုင်မည့်အကျိုးကျေးဇူးများ (အပိုင်း - ၁)
ဂေဟဗေဒစနစ်သည် အလွန့်အလွန်ရှုပ်ထွေးပြီး ကျွန်ုပ်တို့လူသားတို့ကြောင့် ကမ္ဘာမြေကြီး ပေါ်မှာရှိသော မြေအသုံးချမှုများ၊ စိုက်ပျိုးရေးကိရိယာများ၊ ရာသီဥတုနှင့် လေထုအရည်အသွေး စသည်ဖြင့် အရင်းအမြစ်များ အမြဲပြောင်းလဲလျက်ရှိသည်။ ကျွန်ုပ်တို့ကမ္ဘာမြေကြီးသည် ရာသီဥတု ပြောင်းလဲမှုကြောင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။ ၎င်းထဲတွင် အဓိကအားဖြင့် မိုးရေသောက်ဧရိယာနှင့် မိုးခေါင်ရေရှားဒေသများတွင် စိုက်ပျိုးရေရှားပါးမှုကြောင့် အစားအစာ တိုးမြင့်ထုတ်လုပ်မှုအတွက် ကြီးမားသော စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်။
ရေရှားပါးမှုနှင့်အတူ သက်ရှိအကြောင်းတရားများ (biotic factors; e.g., pest and disease) နှင့် သက်မဲ့အကြောင်း တရားများ (abiotic factors; e.g., temperature, water, light) ပြောင်းလဲမှုကြောင့် စီးပွားရေး ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်။ ဥပမာ-ရာသီဥတုပြောင်းလဲမှုကြောင့် ပေါင်းပေါက်ရောက်မှုပုံစံ ပြောင်းလဲသွားပြီး အစိုဓာတ်၊ အလင်းရောင်နှင့် အာဟာရဓာတ်ကို သီးနှံပင်နှင့် ယှဉ်ပြိုင်ရယူသောကြောင့် သီးနှံ၏အထွက်နှုန်းကို ထိခိုက်စေသည်။ ထို့အပြင် မိုးများပြီး ရေလွှမ်းမိုးမှုများသည်လည်း သီးနှံပင်ကို မကြာခဏဖျက်ဆီးတတ်သော သက်မဲ့အကြောင်းတရားများဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ယခင်ကျရောက်တတ်သော ဖျက်ပိုးများတွင် ဘဝစက်ဝန်းများပြောင်းလဲပြီး သီးနှံထုတ်လုပ်မှုကို ဆိုးရွားစွာထိခိုက်စေသည်။
ကမ္ဘာ့လေထုထဲမှာရှိသော ဓာတ်ငွေ့များသည် စိမ့်ဝင်ပျံ့နှံ့ခြင်းသဘောဖြင့် အပင်အုပ်ဆိုင်းမှုစနစ် (plant canopy system) အတွင်းသို့ ဝင်ရောက်ပြီး အပင်ပတ်ဝန်းကျင်ရှိ အပူချိန် (temperature)၊ အပူစွမ်းအင် (heat)နှင့် လေထု (wind) အပေါ်တွင် ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ ၎င်းဓာတ်ငွေ့များသည် အပင်၏ လေရှုပေါက် သို့မဟုတ် အမြစ်စနစ်အားဖြင့် အပင်အတွင်းသို့ ဝင်ရောက်သွားသည်။ သီးနှံပင်မှ အပင်အတွင်းသို့ ဝင်ရောက်လာသော ဓာတ်ငွေ့များကို တုံ့ပြန်မှုသည် ၎င်းတို့၏ ထိတွေ့မှုကြာချိန်နှင့် သီးနှံ၏ အလေ့အထပေါ်မှာ မူတည်သည်။ ထိတွေ့မှုကြာလျှင် အပင်အရွက်များ ဆိုးဆိုးရွားရွားထိခိုက်မှုကို ဖြစ်ပေါ်စေနိုင်သည်။ ဓာတ်ငွေ့ပမာဏအနည်းငယ်ဖြစ်သော်လည်း ကြာကြာထိတွေ့မှုဖြစ်ပါက အပင်၏ ဇီဝကမ္မစနစ် ပြောင်းလဲမှုကို ဖြစ်ပေါ်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အပင်ဆဲလ်များသေဆုံးခြင်းနှင့် သီးနှံအထွက်နှုန်းထိခိုက်မှုတို့ကို ဖြစ်ပေါ်စေပါသည်။ ၎င်းအထဲတွင် အိုဇုမ်းဓာတ်ငွေ့သည် စပါး၊ ပြောင်း၊ မတ်ပဲ၊ ဂျုံနှင့် ဝါသီးနှံကဲ့သို့သော သီးနှံပင်များတွင် ကာဗွန်အသုံးချမှုပြောင်းလဲခြင်း၊ အစာချက်လုပ်မှုလျော့နည်းခြင်းနှင့် အရွက်များပိုမိုရင့်ရော်လျက် အထွက်နှုန်းကို ထိခိုက်စေသည်။ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်မြင့်မားခြင်းတွင် စီ-၃ အစာချက်လုပ်မှုစနစ်ရှိသော အပင်များ တွင် အထွက်နှုန်းတိုးမြင့်သော်လည်း သီးနှံအရည်အသွေးပိုင်းဆိုင်ရာ လျော့နည်းခြင်းတို့ကို ဖြစ်ပေါ်စေသည်။
ကမ္ဘာ့လေထုထဲမှာရှိသော ဓာတ်ငွေ့များသည် အခြားအကြောင်းအရာ (အစိုဓာတ်၊ အပူစွမ်းအင်၊ ပိုးသတ်ဆေးအသုံးပြုမှု၊ ဆားပေါက်မှု၊ အပင်ရောဂါနှင့် ဖျက်ပိုးများ) များနှင့် ပူးတွဲ၍ အပင်များတွင် သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ ဥပမာ- အိုဇုမ်းဓာတ်ငွေ့ပမာဏများခြင်း (ozone stress) ကြောင့် အပင်ရှင်သန်မှုလျော့နည်းခြင်း (lower viability) သည် အပင်ရောဂါအမျိုးမျိုးသို့ ခံနိုင်ရည်စွမ်းအားကို လျော့ကျ (more vulnerable to various pathogens) စေသည်။
တောင်သူသမားရိုးကျစိုက်ပျိုးနည်းစနစ်ဖြစ်သည့် မြေကြီးကို မှုန့်ညက်အောင်ပြုပြင်နည်းစနစ်တွင် ၎င်းစနစ်ကြောင့် မြေကြီး၏ ထုထည်နှင့် တည်ဆောက်ပုံကို ပျက်ပြားစေပြီး အကျိုးဆက်အားဖြင့် မြေကြီး၏ ရေထိန်းသိမ်းမှုစွမ်းအားကို လျော့ကျစေသည်။ ဤနည်းလမ်းကို ရေရှည်အသုံးပြုပါက မြေကြီးအတွင်းမှာရှိသော သဘာဝမြေဆွေး (soil organic matter) ပမာဏကို လျော့ကျစေပြီး ရေနှင့်လေတိုက်စားခြင်းကြောင့် မြေဆီလွှာပျက်ဆီးပြီး အထွက်နှုန်းကို လျော့နည်းထိခိုက်စေသည်။
သီးနှံဆက်တိုက်စိုက်ပျိုးထုတ်လုပ်ခြင်း (Intensive Cropping Pattern) ကြောင့် မြေဆီဩဇာ တနေ့တခြားခမ်းခြောက်လာပြီး အထွက်နှုန်းတိုးမြင့်မှုအတွက် ဓာတ်မြေဩဇာနှင့် အခြားဓာတုဆေးဝါးများကို မှီတင်းလာရသည်။ အကျိုးဆက်အားဖြင့် ပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှုကို ဖြစ်ပေါ်စေပြီး အကျိုးစီးပွားကိုလည်း ပျက်ဆီးဆုံးရှုံးစေသည်။ သီးလှည့်စိုက်ပျိုးခြင်းနှင့် မြေဖုံးသီးနှံစိုက်ပျိုးခြင်းတို့သည် မြေဆီဩဇာ ပျက်ဆီးခြင်းအတွက် ပြန်လည်မွမ်းမံပေးသော မရှိမဖြစ် လိုအပ်သည့် စိုက်ပျိုးနည်းစနစ် ဖြစ်သည်။

သဘာဝဝန်းကျင်မပျက်ထွန်ယက်စိုက်ပျိုးခြင်း (conservation tillage) သည် မြေကြီးကို ရေ၊ လေတိုက်စားခြင်းမှ ကာကွယ်ပေးနိုင်ပြီး ရေထိန်းသိမ်းနိုင်စွမ်းအားဆုံးရှုံးမှုကိုလျော့နည်းစေသည်။
ပတ်ဝန်းကျင်မပျက်ထွန်ယက်စိုက်ပျိုးခြင်းသည် မြေကြီးအတွင်းတွင်ရှိသော အကျိုးပြုအဏုဇီဝ (မှို၊ ဘက်တီးရီးယားနှင့် အင်းဆက်) များအတွက် သင့်တော်သောပတ်ဝန်းကျင်ကို ထောက်ပံ့ပေးပြီး အဏုဇီဝအရေအတွက်ကို တိုးပွားများပြားလာစေသည်။ ၎င်းအဏုဇီဝများသည် မြေဖုံးသီးနှံများကို မြန်မြန်ဆွေးမြည့်စေပြီး မြေကြီးအတွင်း သဘာဝမြေဆွေးနှင့် မြေဆီဩဇာတိုးမြင့်မှုကို ဖြစ်ပေါ်စေသည်။ သုတေသနတွေ့ရှိချက်များက မြေဖုံးသီးနှံအသုံးပြုခြင်းသည် (၁၀) နှစ်ကြာတိုင်း မြေကြီး၏ သဘာဝမြေဆွေးကို (၁) ရာခိုင်နှုန်းနီးပါးတိုးမြင့်စေကြောင်း လေ့လာသိရှိရသည်။ ဝန်းကျင်မပျက် ထွန်ယက်စိုက်ပျိုးနည်း စနစ်သည် ဒေသတစ်ခုနှင့်တစ်ခု မတူညီပဲ ကွဲပြားခြားနားနိုင်သည်။ ရေရှည် စိုက်ပျိုးထုတ်လုပ် နိုင်ပြီး မြေဆီဩဇာမပျက်ဆီး မခမ်းခြောက်စေရန် ဝန်းကျင်မပျက်စိုက်ပျိုး နည်းစနစ်ကို မဖြစ်မနေ ကျင့်သုံးရန်လိုအပ်ပါသည်။ ဝန်းကျင်မပျက်စိုက်ပျိုးနည်းစနစ်တွင် မြေကြီး ကို အတတ်နိုင်ဆုံး ထယ်ထိုး၊ ထွန်ယက်မှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ပေးရမည်။ မြေဖုံးသီးနှံ (သစ်ရွက်စိမ်းမြေဩဇာ သို့မဟုတ် သီးနှံပင်ကြွင်းပင်ကျန်) များကို အသုံးပြုပေးရမည်။ သီးနှံ တစ်မျိုးတည်းဆက်တိုက်စိုက်ပျိုးခြင်းကို ရှောင်ကျဉ်ပြီး တတ်နိုင်သမျှ သီးလှည့်စနစ်ကို ကျင့်သုံးပေးရမည်။ နေရာဒေသ၊ အချိန်အခါအလိုက် အပင်လိုအပ်ချက်ပေါ် မူတည်၍ မြေဆီဩဇာကောင်းမွန်စေရန် ထိန်းသိမ်းလုပ်ကိုင်ဆောင်ရွက် ပေးရမည် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မျိုးမင်း
လွန်ခဲ့သော ၂ နှစ် ကနွားချေးကိုစပါးခင်းတွင်အသုံးပြုပုံလေးဆွေးနွေးပေးပါ
Kaung myat Kaung myat
လွန်ခဲ့သော ၂ နှစ် ကgood
kyaw Naing
လွန်ခဲ့သော ၂ နှစ် ကအများကြီး အကျိုး ရှိတယ်
အောင်မျီုးဝင်း
လွန်ခဲ့သော ၂ နှစ် ကမင်္ဂလာပါ
Kaung
လွန်ခဲ့သော ၂ နှစ် ကမြေမို့ပန်းအကြောင်းသိချင်လို့ပါ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါက်တာ အိဖြူဝင်း
အားလုံး
အပင်ရှိအာဟာရများကို စုပ်ယူကာ သေစေသည်အထိဖြစ်စေနိုင်သည့် ကပ်ပါးပင်များ
09/12/2025
ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားသော သီးနှံရောဂါများ ကာကွယ်ကုသနည်း
30/11/2025
နီမတုတ်ကြောင့်ဖြစ်သောရောဂါများကို ထိန်းချုပ်နည်း
21/11/2025
မှိုကြောင့်ဖြစ်သော သီးနှံရောဂါများကို ကာကွယ်တားဆီးနည်း
07/11/2025
ဘက်တီးရီးယားကြောင့်ဖြစ်သော အပင်ရောဂါကို ကာကွယ်တားဆီးနည်း
22/10/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....