အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောက်တိုဘာ (၂၉) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု

အောက်တိုဘာ (၂၉) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု

🕔ညနေ ၇း၀၀ အချိန် ခန့်မှန်းချက်

ညောင်လေးပင် ဖြူးအမြန်လမ်းမပေါ်မှာ မိုးတွေရွာမယ် လျှပ်စီးမိုးကြိုးအန္တရာယ်ရှိပါတယ်

🕔ညနေ ၆း၀၀ အချိန် ခန့်မှန်းချက်

 အေလာ လယ်ဝေး ပျဉ်းမနား၊ နေပြည်တော် ရေဆင်း မိုးတွေသည်းထန်စွာရွာပါမယ်။ လျှပ်စီးမိုးကြိုးအန္တရာယ်ရှိပါတယ် ဂရုစိုက်ကြပါ

🕔နံနက် ၉း၀၀ အချိန် ခန့်မှန်းချက်

ပုသိမ်၊ အိမ်မဲ၊ မြောင်းမြ၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ရေကြည်၊ အသုတ်၊ အထောင်၊ ကျူံပျော်၊ ငသိုင်းချောင်း၊ လေးမျက်နှာ၊ အိုင်သပြု၊ မြို့ကွင်း၊ ထိန်ငူ၊ ကွင်းကောက်၊ ဟင်္သာတ၊ သာရဝေါ၊ ဇလွန်၊ ထောင့်ကြီး၊ ဒူးယား၊ ဝါသလ၊ တောင်ဘို့တစ်ရာ၊ သရွက်ဝ ဒီနေ့ မိုးအနည်းငယ်ရွာနိုင်ပါတယ် ဧရာဝတီ  စပါးကျီကြီးရေ။

🕔နံနက် ၇း၃၀ အချိန် ခန့်မှန်းချက်

ရှေ့လာမယ့်အပတ်ထဲမှာ ပစ္စဖိတ်သမုဒ္ဒရာအလယ်ပိုင်းမှာ မုန်တိုင်းတစ်လုံးဖြစ်ဦးမယ် Guam နှင့် #Mariana ကျွန်းတွေကိုဝင်ရောက်ပြီး ဗီလစ်ပိုင်ပင်လယ်ထဲရောက်ရှိဦးမှာဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်အထိ ရောက်နိုင်မရောက်နိုင် စောင့်ကြည့်ရပါဦးမယ်။ တောင်တရုတ်ပင်လယ်ရောက်လာပြီး ထိုင်းပင်လယ်ကွေ့ထဲဝင်ရင် မြန်မာဆောင်းသီးနှံနဲ့ ရိတ်သိမ်းကြမယ့်သူတွေအတွက် အနှောက်အယှက်ရှိနိုင်တာမို့ ​ ဖိလစ်ပိုင်ပင်လယ်ကနေ အိုကီနာဝါကျွန်းတွေဖက်ထောင်တက်သွားပါစေလို့ဆုတောင်းပါတယ်။ အရှေ့အာရှမြန်မာ့သင်္ဘောသားတွေအတွက်ပါ အချိန်ပြည့် စောင့်ကြည့်ထောက်လှမ်းပြီးခန့်မှန်းပေးသွားပါမယ်။

🕔နံနက် ၃း၀၀ အချိန် ခန့်မှန်းချက်

မွန်ပြည်နယ်၊ ကရင်ပြည်နယ် နောက် ၂၄ နာရီမှ ၄၈ နာရီအတွင်း မိုးရွာနိုင်ပါတယ်။ ဆားလုပ်ငန်းသမားများ၊ ရိတ်သိမ်းအခြောက်လှမ်းနေသူများ၊ ရာဘာခြစ်နေကြသူများ၊ အုတ်လုပ်ငန်းသမားများ၊ ရေထိမခံနိုင်သောလုပ်ငန်းလုပ်ဆောင်နေကြသူများ အထူးသတိပြုရမည့်မိုး ဖြစ်ပါတယ်။

ပျက်စီးမှုမရှိအောင် ကြိုတင်သိရှိကာကွယ်နိုင်ကြပါစေ။

Su Su San 

𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭

𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫 &

𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫

2
Phyu Phyu Win

Phyu Phyu Win

လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါ

ကိုအောင်ကျော်ဦး

ကိုအောင်ကျော်ဦး

လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးတင်ပါတယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။