PC Myanmar

PC Myanmar

PC Myanmar

Progetto Continenti သည် အီတလီအခြေစိုက် အဖွဲ့အစည်းတခုဖြစ်ပြီး အီတလီတွင် ၁၉၈၉မှ စတင် တည်ထောင်သည်။ မြန်မာနိုင်ငံရုံးခွဲဖြစ်သည့် Progetto Continenti – Myanmar အနေဖြင့် လုပ်ငန်းဆောင်တာများကို ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။ PC Myanmar သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။

PC Myanmar အနေဖြင့် လူထုပါဝင်မှုကို တိုးမြှင့်စေသည့် နည်းလမ်းနှင့် ဒေသတွင်း အဖွဲ့အစည်းများဖြင့် အတူတကွ လုပ်ဆောင်ခြင်းနည်းလမ်း စသည်အားဖြင့် ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေခြင်းအားဖြင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။

ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းသည် PC Myanmar ၏ အဓိကရည်ရွယ်ချက်လမ်းကြောင်းဖြစ်ကာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အလုံးစုံ ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အရေးကြီးသောဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းများ နှင့် ကျေးရွာအခြေစိုက် အခြေခံအဖွဲ့အစည်းများကို အရည်အသွေး မြှင့်တင်ပေးခြင်း အားဖြင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်လျှက် ရှိပါသည်။

စီမံကိန်းများ အကောင်အထည်ဖော်ရန် ဦးတည်သည့်ဒေသမှာ အပူပိုင်းဒေသဟု လူသိများသော မကွေးဒေသပင် ဖြစ်သည်။

ဦးတည်သည့် စီမံချက်များမှာ အသက်မွေးမှု (ရေရှည်ဖွံ့ဖြိုးသော စိုက်ပျိုးရေးနှင့် တောင်သူအသင်း အဖွဲ့များအား ကူညီထောက်ပံ့ခြင်း) နှင့် အစားအသောက် ဘေးကင်းလုံခြုံမှု၊ ရေရှိမှု (သောက်သုံးရေ ရရှိအောင် အကူအညီပေးခြင်းနှင့် အဆိုပါရေအရင်းအမြစ်စီမံခန့်ခွဲခြင်းကို ကျေးရွာလူထုကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန် ကူညီ ပေးခြင်း)နှင့် တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးမှု၊ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ( ဒေသတွင်း NGOများ၊ CBOများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း) တို့နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်း (အာဟာရလိုအပ်ချက်များနှင့် ပတ်သက်ပြီး အသိပညာပေးမြှင့်တင်ခြင်း၊ ထောက်ပံ့ခြင်း၊ မိခင်နှင့် ကလေး ပြုစုစောင့်ရှောက်ခြင်းအတွက် ကူညီထောက်ပံ့ပေးခြင်း) ပင် ဖြစ်သည်။

ကောင်းမွန်ခိုင်မာသောဈေးကွက်ဆီသို့ဦးတည် GAP PC Myanmar
ကောင်းမွန်ခိုင်မာသောဈေးကွက်ဆီသို့ဦးတည် GAP

Ads

Partners

ဆိုရိုးစကား

" နိုင်ငံဖွံ့ဖြိုးတိုးတက်လာလေလေ အသားစားမှုနှုန်းမြင့်တက်လာလေ ဖြစ်သည် "