အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြားနီနည်းပညာပေးရေးအဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့

မြားနီနည်းပညာပေးရေးအဖွဲ့

အများဆိုင်အဖွဲ့ • အဖွဲ့ဝင် 709 ဦး • ဆွေးနွေးမှု 186 ခု

Nann Cherry Myint Mo
Nann Cherry Myint Mo
လွန်ခဲ့သော ၂ ရက် က · ထန်းတပင်

မြားနီ လီနာ ဘူးသီးမျိုးစိုက်ပျိုးရာတွင် ဝါးနှင့် စင်တင်ပိုက်အသုံးပြု၍ စင်ပြုလုပ်ခြင်း

Post image
You
Htunn Winn Kyaw
Htunn Winn Kyaw အတည်ပြုပြီး 617
ရေးသားသူ
လွန်ခဲ့သော ၃ ရက် က · ဒဂုံမြို့သစ်အရှေ့ပိုင်း

ဒီနေ့မှာတော့ စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့ စာအုပ်တွေကို ရနိုင်မဲ့ နေရာလေးတစ်ခုကိုပြောပြပေးပါမယ်။ ဘာစာအုပ်တွေပါလဲဆိုတော့ 👉 မှတ်တမ်း ပြုစုတဲ့စာအုပ် 👉 လက်ဖက်၊ ထောပတ်ကနေ စလို့သီးနှံအစုံ စိုက်နည်းပျိုးနည်းစာအုပ်တွေ 👉 ဖောငမြောင်တောင်၊ ဗိုင်းရပ်စ်ရောဂါ တို့လိုမျိုး ပိုးမွှားရောဂါ ကာကွယ်နည်းစနစ် စာအုပ်တွေ 👉 ရိတ်သိမ်းချိန်လွန် နည်းပညာစာအုပ်တွေ 👉 စိုက်ပျိုးထုတ်ကုန်တွေကို ဝိုင်လုပ်မလား၊ ယိုတွေ ထိုးမလား၊ 👉 တစ်နိုင်တစ်ပိုင်ရော ကိုယ်တိုင်ပါ လိုက်လုပ်လို့ရမဲ့ ပျိားမွေး၊ ငါးမွေး နည်းစနစ်စာအုပ်တွေ 👉 မြေဆွေးပြုလုပ်နည်းစာအုပ်တွေရော အပြင်ကိုမှ အခြား ဗဟုသုတရစရာ စာအုပ်တွေ အများကြီးပါပဲ ဒါတွေကို အစိမ်းရောင်လမ်းရဲ့ စာအုပ်စင်မှာ ရယူနိုင်တယ်နော် 👉👉 https://greenwaymyanmar.com/bookshelf

Post image
You
အစိမ်းရောင်လမ်း အက်ပ် ရယူပါ
Saw Hel Htoo
Saw Hel Htoo
လွန်ခဲ့သော ၄ ရက် က · ဘားအံ

ဓာတုဆေးလွတ်ပြီး သဘာဝအတိုင်းရတဲ့ဆေးဝါးနဲ့စမ်းစိုက်ကြည့်တာ နည်းပညာမှန်တော့ ဖြစ်ထွန်းသားပဲ

Post image
You
Saw Hel Htoo
Saw Hel Htoo
လွန်ခဲ့သော ၄ ရက် က · ဘားအံ

ပဲတောင့်ရှည်ပင်ပုမျိူး အိမ်ခြံဝန်းစိုက်ပျိူးရေး စနစ်တခု

Post image
You
San San Aye
San San Aye
လွန်ခဲ့သော ၁ ပတ် က · ဘားအံ

ပျိုးစင်ဖြင့် ပျိုးထောင်ခြင်း၏ အကျိုးကျေးဇူးများ ​ပိုးမွှားနှင့် ရောဂါများ ကာကွယ်နိုင်ခြင်း: ပျိုးစင်ကို မြေပြင်ထက် အမြင့်တွင် စနစ်တကျ ဆောက်လုပ်ထားသည့်အပြင် ခြင်ထောင်စ သို့မဟုတ် ပိုက်ကွန်စများ ဖုံးအုပ်ထားနိုင်သဖြင့် စုပ်စားပိုးများ၊ ယင်ဖြူနှင့် အခြားဖျက်ဆီးရေးပိုးများ ဝင်ရောက်မှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါသည်။ ​ရေဝပ်ခြင်းနှင့် မိုးဒဏ်မှ ကာကွယ်နိုင်ခြင်း: မြေပြင်ပေါ်တွင် တိုက်ရိုက် မဟုတ်ဘဲ စင်ပေါ်တွင် ရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းပါက ရေဝပ်၍ အမြစ်ပုပ်ခြင်းနှင့် မိုးဒဏ်ကြောင့် ပျိုးပင်ငယ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ ​လေဝင်လေထွက်နှင့် အလင်းရောင် ကောင်းမွန်ခြင်း: စင်ပေါ်တွင် ရှိသဖြင့် လေဝင်လေထွက် ညီညာစွာ ရရှိပြီး ပျိုးပင်များ အလင်းရောင် မျှတစွာ ရရှိစေပါသည်။ ​ပြုစုရလွယ်ကူခြင်း: ရေလောင်းခြင်း၊ အပင်စစ်ဆေးခြင်းနှင့် ပျိုးပင်စောင့်ရှောက်ခြင်းများကို ခါးမညောင်းဘဲ အလွယ်တကူ ပြုလုပ်နိုင်ပါသည်။

Post image
You
Htetwaiyum Htun
Htetwaiyum Htun
လွန်ခဲ့သော ၁ ပတ် က · လားရှိုး

သင်တန်းနောက်တစ်ခု ပြီးပါပြီဗျာ

Post image
သူရစိုး
သူရစိုး 183 လွန်ခဲ့သော ၆ ရက် က

ဘယျလိုတကျရမလဲဗြ

You
သန်းစိုးထိုက်
သန်းစိုးထိုက်
လွန်ခဲ့သော ၁ ပတ် က · ကျောက်တံခါး

Sept Burmese Crop Advisor Trainer (CAT) training စနေပြီဗျ။ မေ့နေမှာစိုးလို့ပါ။ကိုယ့် gmail ကိုယ် ပြန်စစ်ကြည့်ါါအုံးဗျ။

Post image
U Saw
U Saw 809 လွန်ခဲ့သော ၁ ပတ် က

စတေကာဖြင့် အကြောင်းပြန်ထားပါသည်။

သန်းစိုးထိုက်
သန်းစိုးထိုက် လွန်ခဲ့သော ၁ ပတ် က

မြားနီက ပေးသော သင်တန်းကို ပြောတာပါခင်ဗျာ။

You
Htet Htet Hnin Maung
Htet Htet Hnin Maung
လွန်ခဲ့သော ၂ ပတ် က · တောင်ကြီး

တောင်သူ၏ပီတိအပြုံး

Post image
You
Htet Htet Hnin Maung
Htet Htet Hnin Maung
လွန်ခဲ့သော ၂ ပတ် က · တောင်ကြီး

ခရမ်းခေါင်ညွှန့်ထိုးပိုး (Eggplant Shoot Borer)🐛 ခရမ်းခေါင်ညွှန့်ထိုးပိုးကျရောက်ဖျက်ဆီးမှုများပါက သီးနှံအထွက်နှုန်း၏ ၃၀% မှ ၅၀% အထိ ဆုံးရှုံးစေနိုင်သည်။ --- ကျရောက်ဖျက်ဆီးပုံ သားလောင်းများသည် ခရမ်းပင်၏ အညွန့်ထိပ်ဖျားမှ စတင်ဝင်ရောက်ပြီး ပင်စည်အတွင်းသို့ ထိုးဖောက်သွားကာ အတွင်းသားကို စားသောက်ဖျက်ဆီးသည်။ -အညွှန့်တွင်ကျရောက်ပါက အညွန့်များညှိုးနွမ်းနေတာကိုတွေ့ရှိရပါမည်။ - အပွင့် နှင့် အသီးတွင် ဝင်ရောက်ပါက ပန်းများကြွေကျခြင်း၊ အသီးငယ်များ ကြွေကျခြင်းနှင့် ရင့်မှည့်ခါနီး အသီးများတွင် လမ်းကြောင်းများ (tunnels) ဖောက်ကာ စားသောက်ဖျက်ဆီးထားသည်ကို‌တွေ့ရပါမည်။ --- 🌦️ကြိုက်နှစ်သက်သော‌ရာသီဥတု · ပူနွေးစိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး မိုးရာသီတွင် ကျရောက်ဖျက်ဆီးမှုများပြားသည်။ · အပင်ဦးရေများပီးအပင်ထူထပ်‌ေသာစိုက်ခင်းများတွင် ပြန့်ပွားမှု မြန်ဆန်သည်။ --- 🛡️ကာကွယ်နှိမ်နင်းနည်း · ပိုးကျအပင်အစိတ်အပိုင်းများကို ဖယ်ရှားခြင်း: ညှိုးနွမ်းနေသော အညွန့်များ၊ ပင်စည်များနှင့် ပိုးဖောက်ထားသော အသီးများကို ချက်ချင်းခူးဆွတ်ကောင်းစွာ ဖျက်ဆီးပစ်ပါ။ · သီးလှည့်စိုက်ပျိုးခြင်း: ခရမ်းနှင့် မျိုးရင်းတူ အပင်များကို တစ်နေရာတည်းတွင် ဆက်တိုက်မစိုက်ဘဲ အခြားမျိုးရင်းဝင် သီးနှံများနှင့် လှည့်လည်စိုက်ပျိုးပါ။ · စနစ်တကျ ပြုစုခြင်း: ပေါင်းသတ်ခြင်း၊ ရေသွင်းခြင်း၊ မြေသြဇာကျွေးခြင်းတို့ကို စနစ်တကျ ပြုလုပ်ခြင်းဖြင့် အပင်ကျန်းမာကြံ့ခိုင်အောင် ထားရှိပါ။ · ဆေးရွေးချယ်ခြင်း:profenofos, emamectin benzoate, lambda cyhalothrin, အစရှိသောဆေးများကိုအသုံးပြုနိုင်ပါသည်။ · ဖျန်းချိန်နှင့် နှုန်းထား: မနက်ခင်းစောစော နှင့် ညနေခင်းနေညိုချိန်မှာဖျန်းခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဆေးညွှန်းအတိုင်း တိတိကျကျ သုံးစွဲရန် အရေးကြီးသည်။

Post image
Post image
Post image
You
Htet Htet Hnin Maung
Htet Htet Hnin Maung
လွန်ခဲ့သော ၂ ပတ် က · တောင်ကြီး

Tomato Big Bud disease 🪰

Post image
Post image
You
စိုးငြိမ်းထွန်း
စိုးငြိမ်းထွန်း 101
လွန်ခဲ့သော ၂ ပတ် က · အင်္ဂပူ

ပဲတိုင်ကို ခရမ်းခင်းထည်းမှာ သီးညပ်ထည့်စိုက်လို့ရလား ခရမ်းစိုက်ဘောင်အကြယ်ကတော့ အလျား၃တောင် ပင်စင်၂တောင်ဂျားစိုက်ထားပါတယ်

Htunn Winn Kyaw
Htunn Winn Kyaw အတည်ပြုပြီး 617 လွန်ခဲ့သော ၂ ပတ် က

ဟုတ်ကဲ့ စိုက်ပျိုးလို့ရပါတယ်။ အလျား နဲ့ ပင်ကြားကိုကြည့်ရတာတော့ အဆင်ပြေလောက်ပါတယ်ဗျ။ တိုင်ထောင်ပဲကတော့ တိုင်ထောင်ပေးရမှာဆိုတော့ ခရမ်းပင် (၂)ပင်ကြား အလယ်မှာ တိုက်ရိုက်စိုက်ပျိုးပြီး ၁ ပေလောက် ကြီးလာရင် ဂွထောက်ပုံစံ တိုင်ထောင်ပေးလို့ရပါတယ်။

စိုးငြိမ်းထွန်း
စိုးငြိမ်းထွန်း 101 လွန်ခဲ့သော ၂ ပတ် က

ကျေးဇူးပါ

You
Htetwaiyum Htun
Htetwaiyum Htun
လွန်ခဲ့သော ၃ ပတ် က · လားရှိုး

သင်တန်းဆင်လက်မှတ်ရပါပြီဗျာ

Post image
You
Htunn Winn Kyaw
Htunn Winn Kyaw အတည်ပြုပြီး 617
ရေးသားသူ
လွန်ခဲ့သော ၃ ပတ် က · ဒဂုံမြို့သစ်အရှေ့ပိုင်း

လှနေရောပဲ ကုန်ကျစရိတ်လည်း သက်သာတယ်။ ပိုက်က ပြန်သုံးလို့ရတယ်ဆိုတော့... ဈေးကောင်း ရဖို့ပဲ လိုတော့တယ်။......

Post image
ခင်မောင်ဦး
ခင်မောင်ဦး 152 လွန်ခဲ့သော ၂ ပတ် က

ပိုက်ကဘယ်လို့ပြောဝယ်ရမလဲ

မင်းမင်းလတ်
မင်းမင်းလတ် လွန်ခဲ့သော ၂ ပတ် က

ပိုက်ဝယ်လို့ရမယ် နေရာ သို့ ရနိုင်မယ့် နည်းလမ်းလေး သိပါ့‌ရစေရှင့်

You
Htunn Winn Kyaw
Htunn Winn Kyaw အတည်ပြုပြီး 617
ရေးသားသူ
လွန်ခဲ့သော ၃ ပတ် က · ဒဂုံမြို့သစ်အရှေ့ပိုင်း

ဒီနေ့ပါ အပါဆိုရင် အချိန်က (၅) ရက်ပဲကျန်တော့တာနော် စာရင်းသွင်းထားတဲ့ တက်ရောက်သူများ ကြိုးစားပြီး သင်တန်းဆင်းလက်မှတ်ကို ရအောင် ယူလိုက်ကြပါဦး...

Post image
Green Way
Green Way အတည်ပြုပြီး 919 လွန်ခဲ့သော ၃ ပတ် က

@Htunn Winn Kyaw

Sa Htet Wai Yan
Sa Htet Wai Yan လွန်ခဲ့သော ၁ ပတ် က

သင်တန်းတက်ခြင်ပါတယ်ဗျဘယ်လိုစာရင်းသွင်းရမလဲမသိလို့

You
Saw Aeh Sat Phaw
Saw Aeh Sat Phaw
လွန်ခဲ့သော ၄ ပတ် က · မုဒုံ

မိမိ၏ စိုက်ခင်းမှ ပင်ကြွင်းပင်ကျန်ပင်အိုများအား ခုတ်လှဲပြီး စနစ်တကျ စုပုံထားရှိကာ ဆွေးမြည့်သည့် အချိန်တွင် မိမိ၏စိုက်ခင်းအတွက် ပြည်လည် အသုံးပြုခြင်းအားဖြင့် မြေကြီးမှ လိုအပ်သော မြေဆွေးဓါတ်အား ပြန်လည်ဖြည့်တင်းပေးနိုင်သည်

Post image
You

အဖွဲ့အကြောင်း

မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပ...

အများဆိုင်အဖွဲ့
အစိမ်းရောင်လမ်း အသုံးပြုသူ မည်သူမဆို အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။