ငါးနှင့် သဘာဝအဆိပ်သင့်ခြင်းများ- ၁(စီဂွာတရာ ငါးအဆိပ်)
အမျိုးမျိုးသောအစားအစာအန္တရာယ်များ
လူတို့သည် အသက်ရှင်၊ ကြီးထွား၊ ခွန်အားများရရှိစေရေးအတွက် နေ့စဉ်အစားအစာများကို အာဟာရအဖြစ် သုံးစွဲကြရသည်။ အစားအစာများဆိုရာတွင် စိုက်ပျိုးရေးထွက်ကုန်များ၊ သားငါးများကို နေ့စဉ်နှင့်ရက်ခြားဆိုသလို စားသုံးလျက်ရှိကြပါသည်။ ယင်းတို့အနက် ငါးရိက္ခာသည် အခြေခံလူတန်းစားများအထိ စားသုံးနေကြပြီး တစ်နိုင်ငံလုံး ရေချို ၊ ရေငန်ငါးမျိုးစုံကို တွင်ကျယ်စွာ စားသုံးကြပါသည်။ အထူးသဖြင့် ကမ်းရိုးတန်းဒေသများတွင် သဘာဝပင်လယ်ပြင်မှ ဖမ်းဆီးရမိသည့် ရေငန်ငါးမျိုးစုံအား အာဟာရပြည့်ဝစွာဖြင့် ပိုမိုနှစ်ခြိုက်စွာ စားသုံးလေ့ရှိကြပါသည်။
ရေငန်ငါးအများစုသည် အရသာရှိပြီး အာဟာရပေါကြွယ်ဝသလောက် အချို့ငါးမျိုးစိတ်များတွင် သဘာဝအားဖြင့် အဆိပ်အတောက်များပါလာတတ်ကာ စားသုံးမိသူကို အဆိပ်သင့်စေခြင်း (Food Poisoning ဖြစ်စေခြင်း) ဖြင့် အန္တရာယ်ပေးနိုင်ပါသည်။
အစားအစာများတွင် လူတို့စားသုံးမိခြင်းဖြင့် ပေးနိုင်သောအန္တရာယ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- (၁) ဇီဝဗေဒဆိုင်ရာ အန္တရာယ်များ (Biological Hazards)
- (၂) ဓါတုဗေဒဆိုင်ရာ အန္တရာယ်များ (Chemical Hazards)
- (၃) ရူပဗေဒဆိုင်ရာ အန္တရာယ်များ (Physical Hazards)
အဆိုပါအန္တရာယ်များအား သင့်လျော်သော ထိန်းချုပ်သည့်စနစ်မရှိပါက စားသုံးမိသူတွင် ဖျားနာခြင်း၊ ထိခိုက်ခြင်းကို ဖြစ်စေပါသည်။ သဘာဝအဆိပ်အတောက်များ (Natural Toxins) သည် ဓါတုဗေဒဆိုင်ရာ အန္တရာယ်များ (Chemical Hazards) တွင် ပါဝင်ပြီး တစ်နည်းအားဖြင့် ဇီဝအဆိပ်အတောက်များ (Biotoxins) ဟုလည်းခေါ်ပါသည်။
သဘာဝအဆိပ်အတောက်များ (Natural Toxins)ဆိုတာ ဘာလဲ?
ငါးနှင့်ပတ်သက်သည့် သဘာဝအဆိပ်အတောက်များတွင် အောက်ပါတို့ပါဝင်ပါသည်။
- (က) စီဂွာတရာ ငါးအဆိပ်ဖြစ်ခြင်း (Ciguatera Fish Poisoning – CFP)
- (ခ) ဟစ်တမင်း (သို့) စကွန်ဗိုရို အဆိပ်ဖြစ်ခြင်း (Histamine Poisoning (or) Scombroid Poisoning)
- (ဂ) ငါးပူတင်း (သို့) တက်ထရိုဒို အဆိပ်ဖြစ်ခြင်း (Puffer Fish Poisoning – PFP (or) Tetrodotoxin)
- (ဃ) အခွံမာရေသတ္တဝါအဆိပ်ဖြစ်ခြင်း (Shell Fish Poisoning (or) Biotoxin)
(က) စီဂွာတရာ ငါးအဆိပ်ဖြစ်ခြင်း (Ciguatera Fish Poisoning – CFP)
ငါးများအတွင်းသို့ CFP အဆိပ်ရောက်ရှိလာပုံ
အပူပိုင်းဇုန်နှင့်သမပိုင်းဇုန်ရှိ ငါးများသည် သဘာဝအလျောက် အဆိပ်များပါရှိသည့် ပင်လယ်သန္တာကျောက်တန်း(Coral reef) များရှိ ရေညှိ (Algae) များကို စားသုံးခြင်းဖြင့် ယင်းတို့၏ ကိုယ်ခန္ဓာတွင် အဆိပ်များစုပုံလာပါသည်။ ယင်းအဆိပ်ရှိရေညှိများကို စားသုံးထားသည့် ငါးသေးများကိုအခြားငါးကြီးများကစားသုံးခြင်းဖြင့်လည်း ငါးကြီးများတွင် ယင်းအဆိပ်စုပုံလာစေပါသည်။
အဆိုပါငါးများကိုစားသုံးမိပါက လူများဖျားနာခြင်း၊ အဆိပ်သင့်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ CFP အဆိပ်မှာ များစွာသောရေညှိအမျိုးအစား (Microscopic dinoflagellate algae) များကြောင့် ဖြစ်နိုင်ပြီး အဓိကမျိုးရင်းမှာ Gambierdisuss toxicus ကြောင့် ဖြစ်သည်။
အထူးသဖြင့် ပင်လယ်ပြင်ညစ်ညမ်းမှု[ဒေသအခေါ် ပင်လယ်သွေးအန်ခြင်း (Red Tide)] ဖြစ်ပေါ်သည့်နေရာများတွင် ယင်း Algae များ တွေ့ရသည်။

Coral Reef Fish များဖြစ်သည့် ငါးကွမ်းရှပ်၊ ငါးပါးနီ၊ ကျောက်ငါး၊ ပင်လယ်ငါးမြွေထိုး၊ ငါးလက်ဝါး၊ ငါးဝက်စပ်၊ ငါးထောပတ်၊ ဇာကြမ်း စသည့်ငါးများတွင် ယင်းအဆိပ်ပါဝင်တတ်သည်။
CFP အဆိပ်သင့်ခြင်းလက္ခဏာများ
အဆိပ်ပါဝင်သောငါးကိုစားပြီး(၆)နာရီအတွင်း လက္ခဏာပြပါသည်။ လက္ခဏာအများစုမှာ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ယားယံခြင်း တို့ဖြစ်စေပါသည်။ တစ်ခါတရံ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
CFP အဆိပ်ပါဝင်မှုကို နိုင်ငံတကာသတ်မှတ်ချက်
အဆိပ်သင့်မှုဖြစ်ပေါ်သည့်နိုင်ငံတကာတွေ့ရှိမှု အချက်အလက်များအရ အဆိပ်သင့်မှုသည် (1 mg / kg body weight) ဖြစ်ကြောင်းသိရသည်။
CFP အဆိပ်ဖြစ်ပေါ်မှုအပေါ် ထိန်းချုပ်ကာကွယ်မှုများ
အဆိပ်ကိုစမ်းသပ်ရန် တိကျလျင်မြန်သော နည်းလမ်းမရှိပါ။ အပူချိန်နှင့် အခြားပြုပြင်ထုတ်လုပ်သည့် နည်းလမ်းများသည် အဆိပ်ကိုမဖယ်ထုတ်နိုင်ပါ။ သက်ဆိုင်ရာတာဝန်ရှိဌာနမှ သဘာဝ ပင်လယ်ပြင်တွင်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်၍ အချက်အလက်များကောက်ယူခြင်း၊ ပင်လယ်ပြင်ညစ်ညမ်းမှု ဖြစ်နေသောနေရာများတွင် အဆိပ်ရှိငါးများရှိနိုင်၍ အဆိုပါဒေသတွင် ငါးဖမ်းဆီးခြင်းမပြုလုပ်ရန်တားမြစ်ခြင်းစသည့် ထိန်းချုပ်မှုဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ရန်ကုန်တိုင်းတိုက်ကြီးမြို့မဈေးမှာ မွေးမြူရေးငါးခူ သို့မဟုတ် ထိုင်းငါးခူဒိုင်ဈေးက တပိသာဘယ်လောက်ထိရှိပါသလဲ
kyaw • ဖြေကြားချက် 0 ခု
တီလားပီးယာမွေးမြူပုံသိချင်ပါသည်
Friacis • ဖြေကြားချက် 1 ခု
EMအပြင်းဖော်စပ်နည်းလေးမျှဝေပေးပါ
ကိုဦး • ဖြေကြားချက် 14 ခု
ငါးတောက်တူငါးရဲ့ဇီဝစက်ဝန်းကိုသိချင်ပါတယ်
မငြိမ်းမြတ်သူ • ဖြေကြားချက် 1 ခု
မြစ်ဝကျွန်းပေါ်ကမ်းနီးလုပ်ကွက်တွေမှာမုတ်သုံလေဘယ်ရက်ထိအားကောင်းနိူင်အုံးမလဲဆရာလေတိုက်နူန်းနဲ့လှိုင်းအမြင့်ပေဘယ်လောက်ရှိနိုင်မလဲဆရာ
Min Gaung • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ပဲပုပ်ပင်လိုအပ်သော အာဟာရများ
26/11/2026
ရှမ်းမြောက် လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဖရဲသီး စတင် တင်ပို့နေ
26/11/2026
ပင်လယ်စပျစ်သီး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ
25/11/2026
၂၀၂၇ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြင်းထန်သော အပူချိန် စံချိန်တင်နိုင်ခြေရှိ
24/11/2026
ဝါးစိုက်ပျိုးရေးနှင့်ကာဘွန်ခရက်ဒစ် (အပိုင်း - ၁)
24/11/2026
More from သက်နိုင်(ငါးဦးစီး - ငြိမ်း)
အားလုံး
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်တွင် ပါဝင်သော အဆင့်များ
13/05/2026
အကောင်းဆုံး ငါးမွေးမြူရေးအလေ့အကျင့်ဆိုတာဘာလဲ?
03/04/2026
အာရုံကြောစနစ်ကို ဖျက်စီးလိုက်နိုင်တဲ့ အပြာကွင်းပတ်ရေဘဝဲ
12/11/2025
စားလို့ရတဲ့ ငါးဥ နဲ့ စားလို့မရတဲ့ ငါးဥ
04/08/2025