တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
တရုတ်နိုင်ငံအတွင်း ပဲသစ်ထွက်ချိန် ကုန်သည်များက မြန်မာ့ပဲတီစိမ်းအပေါ် လက်တလော စိတ်ဝင်စားမှု လျော့နည်းသဖြင့် ပဲတီစိမ်း ပြည်တွင်း၊ ပြည်ပဈေး အားပျော့လာသည်။
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
အသား၊ ငါးဈေးများ ဆက်တိုက်မြင့်တက်ခြင်းကြောင့် ရောင်းအား သိသိသာသာ လျော့ကျနေ
ဆက်နွယ်သည့် အကြောင်းအရာများ
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
အားကောင်းသော အယ်လ်နီညို (El Niño) ၏ အကျိုးသက်ရောက်မှုကြောင့် အဆိုပါ ဒေသများတွင် ၂၀၂၆ အောက်တိုဘာလမှ ၂၀၂၇ ဖေဖော်ဝါရီလအထိ ၅ လလုံး၌ နှစ်စဉ်ဖြစ်မြဲအပူချိန်ထက် +၀.၅°C မှ +၁.၀°C အထိ သိသိသာသာ ပိုမိုမြင့်မားနေမည် ဖြစ်ပါသည်။
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
ဩစတြေးလျ ပဲတီစိမ်းဓာတ်ကြွင်း ပြဿနာနှင့်အတူ မြန်မာ့ပဲတီစိမ်းကိုလည်း စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာနိုင်သည်ဆိုသည့် သုံးသပ်မှုများလည်း ရှိနေသည်။ ထို့ကြောင့် အရည်အသွေးသာမက ဓာတ်ကြွင်း နည်းရန်လည်း လိုအပ်လာပြီဆိုသည့် ပြောဆိုမှုများ ရှိနေသည်။
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
တောင်သူလက်ထဲမှာတော့ လက်ကျန်နည်းနေပြီဖြစ်လို့ အကျိုးအမြတ် အပြည့်အဝ ရမှာ မဟုတ်ဘူး။ ကုန်သည်တွေ၊ လှောင်သူတွေကတော့ အကျိုးအမြတ် ရနိုင်ပါတယ်။
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
အစိမ်းရောင်လမ်းဘက်မှ စာပြန်ဖို့ ကျန်ရှိနေသေးတဲ့ စာပို့သူ မိတ်ဆွေများအနေနဲ့ မိမိတို့ မေးမြန်းလိုသည်များကို အစိမ်းရောင်လမ်း Viber သို့ နောက်တစ်ခေါက် ပြန်လည်ပေးပို့ပေးကြဖို့အတွက်လည်း မေတ္တာရပ်ခံအပ်ပါတယ်ရှင့်
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
စက်တင်ဘာ ၂၉ ရက် (မြန်မာစံတော်ချိန် နံနက် ၆:၃၀ နာရီ) ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ကမ်းရိုးတန်းကို ဖြတ်ကျော်ခဲ့သော အားကောင်းသောမုန်တိုင်းငယ် Deep Depression သည် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ ရောက်ရှိကာ မုန်တိုင်းငယ် Depression အဖြစ် အားလျော့သွားခဲ့ပါသည်။
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် လေပြင်းတိုက်ခတ်ပြီး မိုးကြီးမည်ဖြစ်ပါသည်။ ဘီးလင်း၊ သထုံ၊ မော်လမြိုင် တို့တွင် ဘီးလင်းမြစ်ရေလျှံတက်ခြင်းနှင့် ရေဘေးအန္တရာယ် ရှိပါသည်။
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကွင်းစလန်း (Queensland) ပြည်နယ်မှ တင်ပို့သော ပဲတီစိမ်းများတွင် Glyphosate (ပေါင်းသတ်ဆေး) ဓာတ်ကြွင်းပါဝင်မှုသည် ခွင့်ပြုထားသည့် ပမာဏထက် ၅ ဆခန့် ပိုမိုများပြားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရုတ်နိုင်ငံက ကွန်တိန်နာ (၁၀) လုံးကို လက်ခံရန် ငြင်းပယ်လိုက်သည်။ ဩစတြေးလျရှိ ပဲတီစိမ်းစိုက်ခင်းများ၏ ၉၅ ရာခိုင်နှုန်းခန့်ကို ရိတ်သိမ်းချိန်မတိုင်မီ အခြောက်မြန်စေရန်အတွက် အဆိုပါ Glyphosate ပေါင်းသတ်ဆေးကို အသုံးပြုလေ့ရှိကြသည်။
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
ထိုင်းနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်သွင်းမှု ရပ်နားပြီးနောက် ပြည်တွင်းပြောင်းဈေး ငြိမ်နေသည်။
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
လက်ရှိ ကမ္ဘာကြီးကို ပူနွေးစေလျက်ရှိသော အယ်လ်နီညိုသည် ယခင်က မရှိခဲ့ဖူးသည့် အမြင့်ဆုံး အပူချိန်စံချိန်ကို တနင်္လာနေ့က ချိုးဖျက်ခဲ့သည်။ ယင်းသည် မျှော်လင့်ထားသည့် အမြင့်ဆုံးအချိန်သို့ မရောက်မီ လအနည်းငယ်အလိုမှာပင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယခုအပူဒဏ်သည် ယခင်ဖြစ်စဉ်များထက် များစွာပိုမိုပြင်းထန်လှသောကြောင့် သိပ္ပံပညာရှင်များက ၎င်းကို "အံ့မခန်း (mind-blowing)" နှင့် "ဂေါ်ဇီလာအဆင့် (Godzilla-level)" ဟုပင် တင်စားခေါ်ဝေါ်နေကြသည်။ အယ်လ်နီညိုသည် သဘာဝရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်သော်လည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပိုမိုဆိုးရွားလာခြင်း ဖြစ်နိုင်သည်။
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
အချို့သော တီထွင်ဆန်းသစ်မှုတွေဟာ မိမိတို့ရဲ့ အိမ်နောက်ဖေး ပတ်ဝန်းကျင်မှာပင် ဖြစ်ပျက်နေတဲ့ ပြဿနာတစ်ခုကို စေ့စေ့စပ်စပ်ကြည့်ရှု သုံးသပ်ပြီး “ဒါကို မတူညီတဲ့ အခြားနည်းလမ်းပုံစံတစ်မျိုးနဲ့ ဆောင်ရွက်ကြည့်ရင်ရော ဘာဖြစ်လာနိုင်မလဲ” ဆိုတဲ့ ရိုးရှင်းသော မေးခွန်းတစ်ခုကနေ စတင်လေ့ရှိတတ်ပါတယ်။
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
"ကြက်သွန် နယ်ဈေးက ရန်ကုန်ဈေးထက် မြင့်နေတယ်။ တက်ဈေးခေါ် ရောင်းနေကြတယ်။ ပြည်ပက အဝယ်ရှိတာကြောင့်လည်း ပါတယ်" ဟု ရန်ကုန် ကြက်သွန်ကုန်သည်တစ်ဦးက ပြောသည်။
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
တရုတ်နိုင်ငံအတွင်း ပဲတီစိမ်းအသစ်ပေါ်ချိန်ဖြစ်သောကြောင့် ဝယ်လိုအားပျော့သော်လည်း လကုန်ပိုင်းတွင် အမှာများရရှိလေ့ရှိသည့် အခြေအနေကိုလည်း မျှော်လင့်နေကြသည်။
နောက်ဆုံး ဆက်စပ်မေးခွန်းများ
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
စပါးကျဲခင်း၁၀ရက်သားဘယ်ပေါင်းသက်ဆေးသုံးရမလဲ။
u win zaw • ဖြေကြားချက် 1 ခု
နွားသေးက ဘယ်နှစ်လထိ အထားခံပါသလည်း ကြာပီဆိုတော့ ပက်ရပါသေးလား
နံပတ်2 • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....