ငါးမြစ်ချင်း၊ ငါးကြင်းများအပါအဝင် မွေးမြူရေးငါးများ မျိုးပွားရန်အရွယ်ရောက်ရှိချိန်များ
ငါးမြစ်ချင်း
*ငါးမြစ်ချင်းများ မျိုးပွားရန်အတွက် အရွယ်ရောက်သောအချိန်မှာ ၂ နှစ်သားအရွယ်ဖြစ်သည်။
*အရွယ်ရောက်ပြီးသော ငါးအမတစ်ကောင်သည် ဖေဖော်ဝါရီလမှစတင်ပြီး ဩဂုတ်လအထိ ဥဖွံ့ဖြိုးရင့်မှည့်ချိန်ဖြစ်သည်။
*ထိုအချိန်တွင် ငါးထီးများမှာလည်း မျိုးပွားရန်အတွက် သုက်ရည်များ တည်ရှိလာပြီ ဖြစ်သည်။

ငါးကြင်းဖြူ
*ငါးကြင်းဖြူများ မျိုးပွားရန်အတွက် အရွယ်ရောက်သောအချိန်မှာ ၂ နှစ်၊ ၃နှစ်အရွယ်တွင် ဖြစ်သည်။
*ရာသီဥတုပတ်၀န်းကျင်အခြေအနေပေါ်မူတည်၍ ငါးအမများသည် ၃ နှစ်တွင် အရွယ်ရောက်ပြီး ငါးအထီးများသည် ၂ နှစ်သားတွင် အရွယ်ရောက်သည်။
*မျိုးငါးအမများ ဥဖွံ့ဖြိုးချိန်သည် ဧပြီလမှ စတင်သည်။
*မျိုးပွားချိန်မှာ ဇွန်လမှ ဩဂုတ်လအတွင်းဖြစ်သည်။

ငါးခေါင်းပွ
*ငါးခေါင်းပွများ မျိုးပွားရန်အတွက် အရွယ်ရောက်သောအချိန်မှာ ၂ နှစ် ၃ နှစ် အရွယ်တွင်ဖြစ်သည်။
*နေရာဒေသ သဘာ၀ပတ်၀န်းကျင်ရာသီဥတု အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲမှု ဖြစ်နိုင်သည်။
*ဥဖွံ့ဖြိုးမျိုးပွားချိန်သည် မေလမှဩဂုတ်လအထိ ဖြစ်သည်။
*စက်တင်ဘာလတွင်မျိုးအောင်နှုန်းများ နိမ့်ကျသွားသည်။

မြက်စားငါးကြင်း
*ရာသီဥတု သဘာ၀ပတ်၀န်းကျင် အခြေအနေပေါ်မူတည်၍ အရွယ်ရောက်သည့်အချိန် ကွာခြားမှုရှိနိုင်သည်။
*ပုံမှန်အရွယ်ရောက်သည့်အချိန်သည် ၃ နှစ်ဖြစ်သည်။
*မြက်စားငါးကြင်းများ မျိုးပွားရာသီကာလမှာ မေလမှ ဩဂုတ်လအတွင်းဖြစ်သည်။

ငွေရောင်ငါးကြင်း
*ငွေရောင်ငါးကြင်းများသည် ၂ နှစ်မှ ၃ နှစ်အတွင်း အရွယ်ရောက်သည်။
*၃ နှစ်အထက်အရွယ်၌ ဥ ဥနှုန်းပိုကောင်းသည်။
*ငွေရောင်ငါးကြင်းများ မျိုးပွားရာသီမှာ ဇွန်လမှ ဩဂုတ်လအတွင်းဖြစ်သည်။

ရေချိုငါးမုတ်
*ရေချိုငါးမုတ်များသည် ၂ နှစ်မှ ၃ နှစ်အတွင်း မျိုးပွားရန်အတွက် အရွယ်ရောက်ချိန်ဖြစ်သည်။
*မျိုးပွားရာသီမှာ မေလမှ စက်တင်ဘာလအထိဖြစ်သည်။

ငါးတန်
*ငါးတန်များသည် ၂ နှစ်မှ ၃ နှစ်အတွင်း အရွယ်ရောက်သည်။
*ငါးတန်များ မျိုးပွားရာသီမှာ မေလမှ အောက်တိုဘာလအထိဖြစ်သည်။

တီလားပီးယား
*တီလားပီးယားငါးများသည် ၅ လမှ ၁ နှစ်အတွင်း အရွယ်ရောက်ကြသည်။
*တီလားပီးယားငါးများသည် တစ်နှစ်ပတ်လုံးမျိုးပွားဥချနိုင်ကြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နေပိုင်
လွန်ခဲ့သော ၃ နှစ် ကငခူ
ဆက်စပ်မေးခွန်းများ
၀က်မမှာ ကိုယ်၀န်ရှိ မရှိ သိနိင်မယ့် နည်းလမ်းလေး ပြောပြပါ
နံပတ်2 • ဖြေကြားချက် 1 ခု
၀က်မ ဆီးတင်တာ ဆေးနဲ့ နှစ်ခါရှိပီ ၂လလောက်မှ ပြန်ဆော့နေလို့ ဘာလို့ဖြစ်တာလည်း
နံပတ်2 • ဖြေကြားချက် 3 ခု
ရည်ပွေပေါက်ပြီးဘယ်နာရီခြားမှာ မွေးမာလဲ။ ဆွေးနွေးပေးပါ..ဆရာတို့
latdan aung • ဖြေကြားချက် 1 ခု
မန်ဒါလီဘဲ
Hein Thu Ra Htike • ဖြေကြားချက် 1 ခု
ဆိတ်သားခွဲဈေး ဘယ်လောက်ရှိလဲဗျ ခုမှစမွေးမလို့ပါ ...ပြည်ဘက်မှာ
KoThet • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Rio Amora
အားလုံး
ငါးတန်ဆေးထိုးသားဖောက်နည်းနှင့် ငါးသားပေါက်ပြုစုနည်း
10/06/2022
ငါးမွေးမြူရေးကန်၏ရေအရည်အသွေး၊ မြေအရည်အသွေးနမူနာများအားဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာတွင် လိုအပ်သည့်အချက်များ
06/06/2022
ငါးရံ့ဆေးထိုးသားဖောက်မွေးမြူနည်း
30/05/2022
ငါးမွေးမြူရေးအတွက် သင့်လျော်သော ကန်အောက်ခြေမြေသားကို ပြုပြင်စီမံခြင်း
24/05/2022
ငါးပြေမဆေးထိုးသားဖောက်မွေးမြူခြင်း
19/05/2022