အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝက်ပေါက်လေးများ သားခွဲတဲ့အခါ လုပ်ဆောင်ပေးရမယ့် အချက်များ

ဝက်ပေါက်လေးများ သားခွဲတဲ့အခါ လုပ်ဆောင်ပေးရမယ့် အချက်များ

ဦးဇော်(dof)
ဦးဇော်(dof) • 24/10/2021

ဝက်ပေါက်လေးများ သားခွဲတဲ့အခါ လုပ်ဆောင်ပေးရမယ့် အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

မြန်မာနိုင်ငံအတွင်း စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းရှင် အများစုဟာ ဝက်ပေါက်သားခွဲပြီးနောက်ပိုင်း ဝမ်းရောဂါဖြစ်ပွားတာကို အများစုရင်ဆိုင်နေရပါတယ်။ ပုံမှန်အားဖြင့်လည်း သားခွဲဝက်ပေါက်လေးတွေဟာ မိခင်နို့သောက်သုံးရာမှ သားခွဲဝက်စာကို ပြောင်းလဲစားသောက်ရတဲ့အခါ အူလမ်းကြောင်းတစ်လျောက် အပြောင်းအလဲဖြစ်တာကြောင့် ယခုလို အစာစားနှုန်း လျော့နည်းတာ၊ ဝမ်းပျော့တာ၊ဝမ်းရောဂါဖြစ်တာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဝက်ပေါက်လေးများသားခွဲမယ်ဆိုရင် အောက်ပါ အချက်လေးတွေကို လုပ်ဆောင်ထားသင့်ပါတယ်။

ကောင်းမွန်စွာခြေဖျက်နိုင်တဲ့ ဝက်စာကို ကျွေးခြင်း

သားခွဲဝက်လေးတွေအတွက် ဝက်စာရွေးချယ်မည်ဆိုလျှင် အာဟာရပြည့်ဝပြီး လွယ်ကူစွာခြေဖျက်နိုင်တဲ့ ဝက်စာမျိုးကို ရွေးချယ်ပေးသင့်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် သားခွဲဝက်လေးတွေဟာ အစာစားနှုန်း လျော့နည်းနေနိုင်တာကြောင့် အာဟာရပြည့်ဝစွာပါဝင်တဲ့ ဝက်စာကို ရွေးချယ်ကျွေးနိုင်မှသာ လိုအပ်တဲ့ အာဟာရကို အပြည့်အဝ ရရှိမည်ဖြစ်ပြီး လိုချင်တဲ့ ခန္ဓာကိုယ် အလေးချိန်ကိုရရှိမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ဝက်စာအတွင်း Probiotics လို့ခေါ်တဲ့ အကျိုးပြုအဏုဇီဝပိုး ထည့်ကျွေးခြင်းဖြင့်လည်း အူလမ်းကြောင်း ကျန်းမာရေးကို အကောင်းဆုံးအနေအထားမှာ ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ Probiotics ကိုဝက်စာအတွင်း ရောစပ်ကျွေးခြင်းဖြင့် အခြားဘက်တီးရီးယားများ အူလမ်းကြောင်းမှာ အသက်မရှင်နိုင်အောင် လုပ်ဆောင်ပေးခြင်း၊ အစာခြေဖျက်စုပ်ယူမှုကို ကောင်းမွန်စေခြင်းတို့ကြောင့် သားခွဲဝက်ငယ်လေးများ သတ်မှတ်ထားတဲ့ အလေးချိန်ကိုရရှိနိုင်မှာဖြစ်ပါတယ်။

မှန်ကန်တဲ့ဝက်စာကို ရွေးချယ်ကျွေးခြင်း

သားခွဲတော့မည့် ဝက်ပေါက်လေးတွေကို သားမခွဲခင် သားခွဲဝက်စာ (creep feed) ကို စတင်ကျွေးသင့်ပါတယ်။ ၎င်းသားခွဲဝက်စာကိုကျွေးခြင်းဖြင့် သားခွဲပြီးနောက်ပိုင်းကျွေးတဲ့ ဝက်စာကို ခြေဖျက်ရာတွင်ကူညီမဲ့ အင်ဇိုင်း (Enzymes) များ အူလမ်းကြောင်းမှ ထုတ်လုပ်နိုင်အောင်ကူညီပေးပါတယ်။ 

ဒါ့ကြောင့် သားခွဲမည့် ဝက်ငယ်လေးတွေအတွက် အရသာရှိပြီး အာဟာရပြည့်ဝတဲ့ ဝက်စာကို ရွေးချယ်ကာ ကျွေးသင့်ပါတယ်။ ဝက်ပေါက်လေးများ အူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါမဖြစ်အောင် အကောင်းဆုံးကာကွယ်နိုင်တဲ့နည်းလမ်းကတော့ တစ်သားတည်းပေါက်တဲ့ ဝက်ပေါက်လေးတွေကိုပဲ အတူတကွမွေးမြူသင့်ပါတယ်။ 

သားခွဲဝက်အတွက် ဝက်ခြံ ပြင်ဆင်ခြင်း

ဝက်ပေါက်လေးများ သားခွဲတော့မည်ဆိုလျှင် နောက်ထပ်ပြင်ဆင်ထားရမည့်အချက်ကတော့ ဝက်ခြံပြင်ဆင်ခြင်းပဲ ဖြစ်ပါတယ်။ သားခွဲဝက်ငယ်လေးတွေဟာ ရောဂါဒဏ်ကို မခံနိုင်တာကြောင့် အခန်းကို ပိုးသတ်ထားရမှာဖြစ်ပါတယ်။ ဝက်ငယ်လေးတွေဟာ အနွေးဓာတ်ကို လိုအပ်သေးတာကြောင့် ဝက်ခြံ၏ အခန်းအပူချိန်ဟာ အနည်းဆုံး ၂၅ံ C မှာ ရှိရမှာဖြစ်ပါတယ်။ ဝက်ခြံအတွင်း လေ အဝင်အထွက် မရှိအောင် လုပ်‌ဆောင်ပေးရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဝက်မွေးမြူရေးလုပ်ငန်းရှင်များ သားခွဲဝက်ငယ်လေးတွေကို စနစ်တကျ မွေးမြူနိုင်ပြီး မွေးမြူရေးလုပ်ငန်းများ အဆင်ပြေကြပါစေ။

Ref: The Pig Site

 

 

9
ဦးမျိုးကျော်ထက်

ဦးမျိုးကျော်ထက်

လွန်ခဲ့သော ၃ နှစ် က

အီးအိုင်ဆိုတဲအားဆေးရေကရောကောင်းပါသလား

ဦးမျိုးကျော်ထက်

ဦးမျိုးကျော်ထက်

လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲပါသိခြင်တာလေးမေးချင်လိုပါ၀က်အတွက်ဘာအားဆေးတွေသုံးပိုလိုပါသလဲဖြေကြားပေးပါ

Nyi Min

Nyi Min

လွန်ခဲ့သော ၃ နှစ် က

ဝက်ကလေးပေါက်လျှင်ဘာဆေးထိုးရလဲ

toetoe

toetoe

လွန်ခဲ့သော ၃ နှစ် က

ဝက်အသက်ရှူကြက်ဖူးလားဘယ်လိုပြုစုရမလဲမျှဝေပေးပါ

toetoe

toetoe

လွန်ခဲ့သော ၃ နှစ် က

အပူချိန်၂၅စင်တီဂရိတ်ရှိအောင်ဘယ်လိုထောက်ကူများလိုအပ်ပါလည်းဘယ်လောကိကာကြာထားရမည်လည်း

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပူပြင်းခြောက်သွေ့သောရာသီဥတုတွင် ဆိတ်များကိုဘယ်လိုမွေးမြူသင့်လဲ

Naing Thu Aung • ဖြေကြားချက် 3 ခု

ဝက်မကကြီးတွေအဖြစ်များနေတယ်အစာမစားဘူးဘာရောဂါလဲးဘယ်လိုကာကွယ်ရမလဲး

ကိုနိုင်လင်း • ဖြေကြားချက် 0 ခု

ကြက်ချေးစိမ်းပါပြီးသေလို့..ဘာဆေးတိုက်ရမလဲခင်ဗျ...ဘယ်လိုကုသရမလဲခင်ဗျ..ဆေးရှိလား...ညွန်ကြားပေးပါ

ဦးကျော်ခိုင် • ဖြေကြားချက် 0 ခု

ကြက်ကို အဟာရာရှိအောင် ကြီးအောင် ဘယ်လိုမွေးရမှလဲ ရောဂါကင်းအောင်

Zin Min Wai • ဖြေကြားချက် 1 ခု

ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂

စောထီးကော်မူး • ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။