အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ

အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ

စားတော်ပဲ ဒေါင်းနီးမှို ရောဂါဖြစ်ပါတယ်၊ အရွက်မှာ အကွက် အပျောက်လေးတွေဖြစ်တယ်။ အရွက်ပေါ်က အပျောက်ကို လှန်ကြည့်လိုက်ရင် အမွေးနုသေးသေးလေးတွေစုနေသလို အရွက်အောက်ဘက် မျက်နှာပြင်တွေမှာလည်း ရှိပါတယ်။ ဆိုးလာရင် အရွက်တွေကြွေ ပင်စည်ခြောက်လာမယ်။ အထွက်တော်တော်ထိနိုင်တဲ့အတွက် ၅၀  ကနေ ၁၀၀ ရာခိုင်နှုန်း (တံစဉ်လွတ်) ဖြစ်နိုင်ပါတယ်၊

အေးတဲ့ရာသီမှာ ပိုဆိုးနိုင်ပြီး  ကြက်သွန်၊ စပျစ် ဒေါင်းနီးမှိုရောဂါတွေလိုပါပဲ။

သူကနိုင်တာက Dimethomorph ဒိုင်မီသိုမော့ + Forsetyl ဖော့စက်တိုင်းအလူမီနီယမ်ပါ။ ဖျန်းပြီး (၅ - ၇) ရက်အတွင်း ကြားထဲမှာ Chlorothalonil ကလိုသာလိုနေး သို့မဟုတ် Copper based ကော့ပါးပါတာ တစ်ခုခု ဖျန်းပါ။ 

ဆေးဖျန်းပြီး (၅) ရက်ကျော် မှ အားဆေးတွေသုံးပါ။

အထက်ဖော်ပြပါ မှိုသတ်ဆေး အေအိုင် တွေကရောပါတာတွေလဲရှိမယ်။ ရာနှုန်းမတူတာတွေလည်းရှိပါမယ်။

မှာချင်တာကတော့ ပါဝင်မှုများများ မရောတဲ့ဆေးဆိုပို သဘောကျပါတယ်။

မှတ်ချက် - ကော့ပါး နဲ့ ဖော့စက်တိုင်း အလူမီနီယမ် တွဲမသုံးပါနဲ့ ပိုးဆိုး ပက်ဆက် လောင်နိုင်ပါတယ်။

ဈေးကွက်ထဲမှာ သဘောကျတဲ့ ဆေးအမည်တွေက - Aliette (bayer)၊ ဧလိရက် (MGM)၊ ဂျပန်ဒါကိုနေး(AP)၊ စတားလတ် (မင်းမဟော်) တို့ပဲဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

You

ဆက်စပ်မေးခွန်းများ

ဝါးဆင့်ပိတ် တောင်ထိပ့်ဝါးပါ ၁နှစ် ၁ကြိမ်မီးလောင်မိတဲ့ ဝါးပင်ပါ တောင်ထိပ့်လဲဖြစတော့ ဝါးပင်က ၁၅ပေထက်မရှည်ဘူး သဘာဝဝါးပင်ပါ ဘယ်အချိန်မှာခုတ်ရင် ပိုးမထိုးလဲ မိုတွင်းခုတ်ရင်ရော အဆင်ပြေလား ခုတ်ပြီးရေစိမ်နည်းက ရေရှားလို့ အဆင်မပြေပါလိုပါ သူများပြောပြဒါတော့ ခုတ်ပြီး အပင် အနားမှာဘဲ ပြန်ထောင်းပြီး ၁လနေရင် အရိပ့်ထဲသိမ်းရင် အဆင်ပြေနိုင်လား သိပါရစေ ပုံက သူများဟာပါ

ဘိုဘို • ဖြေကြားချက် 1 ခု

(Profenofos 50% EC) ကို ကြက်သွန်နီစိုက်ခင်း နှစ်လ ဆယ်ရက်သားကို ငမြှောင်တောင်နိမ်နင်းဖို့အတွက် သုံးရလား ဆေး‌ေလာင်ကျွမ်းတာ ဖြစ်နိုင်လား သိချင်ပါတယ် ဆရာကြီးတို့ခင်ဗျ

aungsoe • ဖြေကြားချက် 2 ခု

ရွက်ဖျားတွေခြောက်နေလို့ပါ။ဘာဆေးသုံးပေးရမလည်း

ဒေါ်စိုးမိုးသန်း • ဖြေကြားချက် 3 ခု

ဘိုစားပဲ တချို့အပင်တွေအဲလိုဖြစ်နေလို့ဘာဆေးဖြန်းသင့်လဲဗျ

သူရစိုး • ဖြေကြားချက် 2 ခု

ဘာပိုးကျတာလဲခင်ဗျာမှိုရောဂါဖစ်တာလားခင်ဗျာ

Dar Gypt • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။