အပင်ရှိအာဟာရများကို စုပ်ယူကာ သေစေသည်အထိဖြစ်စေနိုင်သည့် ကပ်ပါးပင်များ
ကပ်ပါးအပင်များသည် ကမ္ဘာပေါ်ရှိ အဆိုးရွားဆုံးသော အပင်ပိုးမွှားများထဲမှ တစ်ခုဖြစ်သည်။ အထူးအင်္ဂါများ၏ အကူအညီဖြင့် ဤအပင်များသည် လက်ခံပင် တစ်ခုတွင် အခြေစိုက်ပြီး ၎င်း၏ သွေးကြောစနစ်ကို အားကိုးပြီး အသက်ရှင်သန်သည်။ ကပ်ပါးပင်များသည် ၎င်းတို့၏ "သားကောင်" ကို အားနည်းစေရုံသာ လုပ်ဆောင်သော်လည်း၊ အချို့ကပ်ပါးအပင်များသည် လက်ခံပင်ကို သေစေနိုင်ပြီး စိုက်ပျိုးရေးအတွက် ပြင်းထန်သော စီးပွားရေးခြိမ်းခြောက်မှုတစ်ရပ်ပင် ဖြစ်စေနိုင်သည်။ မျိုးစိတ်ပေါ်မူတည်၍ ကပ်ပါးအပင်များသည် အပင်မျိုးစိတ် တစ်မျိုးမှ ဒါဇင်ချီသည်အထိ ကပ်တွယ်နိုင်စွမ်းရှိကြသည်။
အဖြစ်များသော ကပ်ပါးအပင်များ
ယနေ့ခေတ်တွင် ကပ်ပါးအပင်မျိုးစိတ်ပေါင်း ၄၀၀ ခန့်ရှိပြီး ၎င်းတို့သည် သက်ရှိစနစ်ပေါ်တွင် များစွာသက်ရောက်မှုရှိကြသည်။ အဖြစ်များသော ကပ်ပါးပင်အချို့မှာ -
Mistletoe (ကျီးပေါင်းပင်)

ဤအပင်သည် ကမ္ဘာအနှံ့တွင် တွေ့ရှိရသော ကပ်ပါးတစ်ပိုင်းအပင်မျိုးဖြစ်ပြီး အမြဲစိမ်းအပင် အမျိုးအစားဖြစ်သည်။ ကပ်ပါးပင်အနေဖြင့် ကျီးပေါင်းပင်သည် များပြားလှသော အပင်မျိုးစိတ်ပေါင်း၏ ကိုယ်ထည်ပေါ်တွင် ရှင်သန်နိုင်သည်။ ၎င်းတို့သည် ငှက်များသို့ ကပ်ညိနိုင်သော ထူးခြားမျိုးစေ့ပုံစံဖြင့် သယ်ဆောင်ခြင်းခံရကာ အခြားအပင်များဆီသို့ ပျံ့နှံ့ပါသည်။ ထိုမျိုးစေ့များသည် လက်ခံအပင်၏ အခေါက်မှတစ်ဆင့် အညှောက်ပေါက်ပြီး ၎င်း၏ အာဟာရစနစ်နှင့် ချိတ်ဆက်သွားကာ အာဟာရများကို စုပ်ယူပါသည်။
Cuscuta spp. (ကောက်ရိုးနွယ်ပင်)

Cuscuta spp. သည် အပင်မျိုးစုံအတွက် အလွန်အန္တရာယ်ကြီးသော ကပ်ပါးနွယ်ပင် တစ်မျိုး ဖြစ်သည်။ ၎င်းသည် ပျံ့နှံ့မှုအားကောင်းပြီး လက်ခံပင်များ၏ ဇီဝကမ္မဖြစ်စဉ်ကို နှောင့်ယှက်ကာ စိုက်ပျိုးထုတ်လုပ်မှုကို လျော့ကျစေပြီး မကြာခဏ အပင်များ သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။ ထို့အပြင် Cuscuta spp. သည် အပင်နှင့် တိရစ္ဆာန်ရောဂါပိုးများ သယ်ဆောင်ပျံနှံ့စေနိုင်ပါသည်။ ဤအချက်များကြောင့် ဤပေါင်းပင်သည် အထူးကြိုတင်ကာကွယ်ရေးနည်းလမ်းများချမှတ်ကာ လုပ်ဆောင်ပေးရမည့် အရာတစ်ခု ဖြစ်ပါသည်။
Orobanche spp. (ရွှေဆောင်ပင်)

၎င်းသည် အစိမ်းရောင်အရွက်များ မရှိသဖြင့် အလင်းမှအစာချက်လုပ်ခြင်း မပြုနိုင်ပဲ လက်ခံပင်အပေါ်တွင် လုံးဝမှီခိုနေရသော အန္တရာယ်ကြီးမားသည့် အမြစ်ကပ်ပါးပင်တစ်မျိုးဖြစ် သည်။ Orobanche spp. ၏ မျိုးစေ့အညှောက်ပေါက်ရန်အတွက် မြေတွင်း၌ သင့်လျော်သော လက်ခံပင်တစ်ခု ရှိနေရမည်။ ထိုအခါ ဤပေါင်းပင်သည် လက်ခံပင်၏ အမြစ်များသို့ ကပ်တွယ်ကာ ပြင်ဆင်ပြီးသား အာဟာရများကို ရယူစားသုံးမည်ဖြစ်သည်။ ဤကပ်ပါးပင်သည် မျိုးစေ့ပေါင်း
၁၀၀,၀၀၀ အထိ ထုတ်လုပ်နိုင်ပြီး ၎င်းမျိုးစေ့များသည် လက်ခံပင်ကို စောင့်မျှော်ရင်း မြေကြီးထဲတွင် နှစ်ပေါင်း ၁၀ ကျော်ကြာအောင် အသက်ရှင်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့် Orobanche spp. အား အန္တရာယ်ရှိသော ပိုးမွှားအဖြစ် ရှုမြင်သတ်မှတ်ကြခြင်း ဖြစ်သည်။
Striga spp.
ဤအုပ်စုသည် အဓိကအားဖြင့် အပူပိုင်းနှင့် သမပိုင်းဒေသများတွင် တွေ့ရှိရပြီး သီးနှံပင်များ၏ ၁၀၀ ရာခိုင်နှုန်းအထိ ဖျက်ဆီးနိုင်ပြီး ပြန်လည်ကုစားမရနိုင်သော စီးပွားရေးဆိုင်ရာ ပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်သောကြောင့် အာဖရိကနိုင်ငံများတွင် ၎င်းတို့အား ကပ်ရောဂါအဆင့် သတ်မှတ်ထား သည်။ ဤပေါင်းပင်သည် အဓိကအားဖြင့် ကောက်ပဲသီးနှံများတွင် ကျရောက်သော်လည်း အခြားအပင်များကိုလည်း ကပ်ပါးပြုနိုင်သည်။ လက်ခံပင်များ၏ အမြစ်စနစ်နှင့်အတူကြီးထွားပြီး ရင့်မှည့်သည်နှင့်တစ်ပြိုင်နက် မျိုးစေ့များမှ ပျံ့နှံ့သွားသည်။ လက်ခံပင်များမှ ရေနှင့် အာဟာရများကို စုပ်ယူခြင်းဖြင့် သီးနှံအထွက်နှုန်းကို သိသိသာသာ လျော့ကျစေသည်။ ဤကပ်ပါးပင်များသည် အလွန်အသက်ရှည်ကြပြီး ယခင်ကူးစက်ခံခဲ့ရသော မြေနေရာတွင် ပြန်လည်စိုက်ပျိုးနိုင်ရန် ကိုးနှစ်ကြာမှ ဖြစ်နိုင်သည်။ ထိန်းချုပ်ရန် အတော်လေး ခက်ခဲပြီး သီးလှည့်စိုက်ခြင်း၊ ဆွဲဆောင်အပင်များ အသုံးပြုခြင်းနှင့် ပေါင်းသတ်ဆေးများ ဖျန်းခြင်းတို့ဖြင့် ကိုင်တွယ်ဖြေရှင်းလေ့ ရှိသော်လည်း စိုက်ပျိုးရေးအပေါ် မှီတင်းနေရသော ဒေသများတွင် Striga spp. သည်လူဦးရေ ရွှေ့ပြောင်းနေထိုင်မှုကိုပင် ဖြစ်ပေါ်စေနိုင်သည်။
ကပ်ပါးအပင်များကြောင့်ဖြစ်သော သီးနှံရောဂါများ ထိန်းချုပ်နည်းများ
ကပ်ပါးပင်ကို ထိန်းချုပ်သော နည်းလမ်းများထဲမှ သီးနှံမစိုက်ခင် ကပ်ပါးပင်များကို အညှောင့်ပေါက်လာအောင် မြေပြုပြင်ပေးပြီး အညှောက်ပေါက်လာသော ကပ်ပါးမျိုးစေ့များသည် လက်ခံပင်မရှိ၍ သေစေခြင်းနည်းလမ်းဖြင့် နှိမ်နင်းပေးနိုင်သည်။ ထို့ပြင် လက်ဖြင့် ပေါင်းပင်သုတ်သင်ခြင်းနှင့် လက်ခံပင်မဟုတ်သော သီးနှံများ လှည့်လည်စိုက်ပျိုးခြင်း၊ ပေါင်းသတ်ဆေးများ ဖျန်းခြင်းတို့ကို လုပ်ဆောင်ရန် လိုအပ်သည်။ အထိရောက်ဆုံးနည်းလမ်းမှာ သဘာဝအတိုင်း ရောဂါဒဏ်ခံနိုင်သော အပင်များကို အသုံးပြုခြင်းပင် ဖြစ်သည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
Tetraniliprole ပိုးသတ်ဆေး AI အကြောင်းသိချင်လို့ပါဗျ မတ်ပဲ ပွင့်ထွေးပိုးအတွက် တစ်မျိုးတည်းသုံးလို့အဆင်ပြေလားဗျ
Yan Paing oo • ဖြေကြားချက် 1 ခု
ဆရာရေမုန်လာဥကြီးထွားချိန်မှာပုံပါအတိုင်းမုန်လာဥရဲမြေကြီးအတွင်းပိုင်းအဆင်းမြောင်းတွေဖြစ်အောင်ဖြက်ပိုးကဘာပိုးလဲဆရာပုံမှန်ဖြန်ဆေးတွေနဲ့မရတော့ဘူးတချို့အခင်းတော်တော်များများပျက်စီးတယ်ဆေးဆိုင်ကဆရာကတော့ပုံပါဆေးထည့်ခိုင်းတယ်တခြားဘာဆေးဖြန်းရမလဲအကြံပြုပါဦ
aungkolatt • ဖြေကြားချက် 1 ခု
စပါးပင်များတွင်နှံ့စုပ်ပိုးများတွေ့နေ၍ဘယ်လိုပြုလုပ်ရမလဲဆရာ။
U Win Zaw • ဖြေကြားချက် 2 ခု
ဆရာကြီးခင်ဗျ ဒီနှစ်မှမကြုံစဖူး နောက်ကျထွန်ပဲခင်းတေ ငမြောင်တောင်တီးတာ အပင်ငုတ်ပဲကျန်ပါတော့တယ်ဗျ ပဲပင်က 10ရက်သားတောင်မပြည့်သေး ပါဘူး ရေဦးပဲတေက ငမြောင်တောင်အနည်းငယ်ပဲ ကျပြီး ဘာလို့ထွန်ပဲကျမှအဲ့လောက်တောင်ဆိုးရတာလဲရှင်းပြပါဦး ဘယ်လိုထိေရာက်ေအာင် နိမ်နှင်းရမလဲ ကျန်တဲ့အခုမှစပေါက်မဲ့ပဲလေးတေကိုလည်း ဘယ်လိုကာကွယ်ထားရမလဲ ဆရာခင်ဗျ လေးစားလျက်ပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု
၁/မန်ကိုဇက်+ဆိုင်မိုစနေးလ် ၂/မန်ကိုဇက်+မက်တယ်လက်ဇီး ၃/မန်ကိုဇက်+ဒိုင်မီသိုမော့ ၄/မန်ကိုဇက်+ကာဗင်ဒါဇင်။ ဆေးတွဲဖျန်းသည့်အခါ ရောစပ်ရမည့် ဆေးနုန်းထားလေးတွေကို သိချင်ပါတယ်။
ဦးသန့်ဇင်ထွန်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ပဲပုပ်ပင်လိုအပ်သော အာဟာရများ
26/11/2026
ရှမ်းမြောက် လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဖရဲသီး စတင် တင်ပို့နေ
26/11/2026
ပင်လယ်စပျစ်သီး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ
25/11/2026
၂၀၂၇ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြင်းထန်သော အပူချိန် စံချိန်တင်နိုင်ခြေရှိ
24/11/2026
ဝါးစိုက်ပျိုးရေးနှင့်ကာဘွန်ခရက်ဒစ် (အပိုင်း - ၁)
24/11/2026
More from ဒေါက်တာ အိဖြူဝင်း
အားလုံး
အရည်အသွေးကောင်းပြီး အထွက်နှုန်းမြင့်သည့် သီးနှံစိုက်ခင်းများကို ရရှိစေသည့် ဇီဝမြေဩဇာဆိုသည်
19/11/2026
မြေဆီလွှာစစ်ဆေးမှု ရလဒ်မှန်ကန်ဖို့ မြေနမူနာကို ဘယ်လိုယူမလဲ?
05/11/2026
မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ဖို့ ဘာကြောင့်လိုအပ်တာလဲ?
28/10/2026
ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားသော သီးနှံရောဂါများ ကာကွယ်ကုသနည်း
30/11/2025
နီမတုတ်ကြောင့်ဖြစ်သောရောဂါများကို ထိန်းချုပ်နည်း
21/11/2025