စပါးစိုက်ပျိုးရာတွင် တွေ့ရများသော အာဟာရဓာတ်ချို့တဲ့မှုလက္ခဏာများ(၂)
ဇင့် (Zn)
ဇင့်ချို့တဲ့မှု လက္ခဏာများမှာ- စပါးပင်များပုနေခြင်း၊ စပါးပင်၏ အပေါ်အရွက်များ တွင် အညိုရောင်အစက်များဖြစ်ပေါ်နေခြင်း၊ စပါးပင်များ၏ ကြီးထွားမှုနှေးကွေးခြင်း၊ ရွေ့ပြောင်းစိုက်ပျိုးသောစပါးများတွင် ရွေ့ပြောင်းပြီး (၂ - ၄)ပတ်အကြာတွင် လက္ခဏာများ ဖော်ပြခြင်း၊ အစေ့အဆန်တည်မှုနည်းခြင်း၊ ရင့်မှည့်မှုနောက်ကျပြီး အထွက်နှုန်းများလျော့ကျ ခြင်း၊ စပါးအရွက်အောက်ခြေ၏ ရွက်လယ်ကြောနှစ်ဖက်စလုံးတွင် စိမ်းဝါရောင်အကွက်များ ဖြစ်ပေါ်နေခြင်း၊ စပါးပင်များ၏ အမြစ်ကြီးထွားမှုနှုန်းကို ကန့်သတ်ထားခြင်း၊ စပါးပင်များ၏ ရေသောက်မြစ်များသည် အညိုရောင်ပြောင်းသွားခြင်း စသည့်လက္ခဏာများဖြစ်ကြပါသည်။ ငန်နေသောမြေတွင် စပါးရွက်များ၏ ဇင့်ချို့တဲ့မှုသည် အိုင်းရွန်း ချို့တဲ့မှုများ နှင့်ဆင်တူပါသည်။

အိုင်းရွန်း (Fe)
အိုင်းရွန်းသည် ကလိုရိုဖီးလ်ဖြစ်ပေါ်မှုကို များစွာကူညီပေးပါသည်။ ထို့ကြောင့် အိုင်းရွန်း ချို့တဲ့လျှင် အရွက်ကြောများအကြားတွင် စိမ်းဝါရောင်အကွက်များဖြစ်နေသည်ကို တွေ့ရပါသည်။ အိုင်းရွန်းသည် မရွေ့လျားနိုင်သော အာဟာရဓာတ် ဖြစ်သောကြောင့် အိုင်းရွန်း ချို့တဲ့မှုကို စပါးပင်များ၏ အရွက်ငယ်များတွင် စတင်တွေ့ရပါသည်။ အိုင်းရွန်းချို့တဲ့မှု၏ လက္ခာဏာများမှာ စပါးပင်များ၏ အရွက်ကြောများအကြားတွင် စိမ်းဝါရောင်ဖြစ်နေ၍ အသစ်ထွက်ပေါ် လာသောအရွက်များသည်လည်း စိမ်းဝါရောင်အကွက်များ ဖြစ်နေခြင်း၊ Dry matter ထုတ်လုပ်မှုနည်းခြင်း၊ အရွက်များကျဉ်းမြောင်းသွားပြီး စပါးပင်များပုသွားခြင်း အပင်ပွားနှုန်းနှင့်ကြီးထွားနှုန်းနှေးသွားခြင်း ၊ အရွက်အားလုံး အစိမ်းရောင်လွင့်သွားပြီး နောင်တွင်ဖြူသွားခြင်း စသည်တို့ဖြစ်ပါသည်။

ဘိုရွန် (B)

ဘိုရွန်ချို့တဲ့မှုသည် စပါးပင်များ၏ အစာချက်လုပ်ခြင်းလုပ်ငန်းတွင် သွယ်ဝိုက်သောနည်းအားဖြင့် သက်ရောက်မှု ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဘိုရွန်ချို့တဲ့မှုသည် အပင်များ၏ အစာချက်လုပ်သောနေရာများ နည်းသွားခြင်းကြောင့်ဖြစ်ပါသည်။ ထို့အပြင် ဘိုရွန်ချို့တဲ့မှုသည် ကလိုရိုဖီးလ်များလျော့ကျခြင်း၊ အရွက်ထဲရှိ ရေတွင်ပျော်ဝင်နိုင်သော ပရိုတင်းများနည်းသွားခြင်း၊ အပင်များမှ အလင်းရောင်ရရှိမှုနည်းပါးခြင်း၊ အရွက်ပြန့် ကားမှုနည်းပါးခြင်း၊ Chloroplast ဖွဲ့စည်းမှုကို နှောက်ယှက်ခြင်း၊ အမြစ်များနှင့် အရွက်သစ်များ ဖြစ်ပေါ်မှုနှေးကွေးခြင်းတို့ကိုဖြစ်ပေါ်စေပါသည်။
ပန်းပွင့်သောအချိန်တွင် ဘိုရွန်ချို့တဲ့ပါက ပန်းပွင့်ထဲတွင် ဝတ်မှုန်များမပါခြင်း၊ ရှုံ့တွ နေသောဝတ်မှုန်များဖြစ်ပေါ်ခြင်း၊ ပုံသဏ္ဍန်မမှန်သောဝတ်မှုန်များဖြစ်နေခြင်းများ ဖြစ်ပေါ်နိုင် ပါသည်။ ထို့ပြင် ဝတ်မှုန်ပေါက်ကွဲခြင်းနှင့် ဝတ်မှုန်ပြွန်ကြီးထွားမှုသည် အချိန်ကိုက်မဖြစ်သောကြောင့် သန္ဓေအောင်မှုလည်း နည်းသွားနိုင်ပါသည်။ ထို့ကြောင့် လိင်ပိုင်းကြီးထွားမှုကာလတွင် ဘိုရွန်ချို့တဲ့ခဲ့ပါက စပါးတစ်ပင်တွင် စပါးနှံအရေအတွက် နည်းသွားခြင်း၊ ထိုစပါးနှံများတွင် စပါးစေ့အရေအတွက်နည်းသွားခြင်းနှင့် သန္ဓေမအောင်သော စပါးစေ့များပါလာခြင်းများကို ဖြစ်ပေါ်စေပါသည်။
မင်းဂနီးစ် (Mn)

မင်းဂနီးစ်ချို့တဲ့မှုလက္ခဏာများကို စစ်ဆေးနိုင်သောအချက်များမှာ အရွက်ကြောများ ကြားတွင် အစိမ်းညိုရောင်သန်းနေပြီး အရွက်အဖျားမှ အရွက်အောက်ခြေသို့ ပျံ့နှံ့သွားခြင်း၊ အစပိုင်းတွင် အညိုရောင်အကွက်များ အရွက်ပေါ်တွင်တွေ့ရပြီး နောက်ပိုင်းတွင် စပါးရွက်သည် အညို-နက်ရောင်ပြောင်းသွားခြင်း၊ အသစ်ထွက်ပေါ်လာသောအရွက်များမှာ တိုနေခြင်း၊ ကျဉ်းမြောင်းနေခြင်းနှင့် အစိမ်းရောင်ဖျော့နေခြင်း စသည်တို့ဖြစ်ကြပါသည်။ ထို့ကြောင့် မင်းဂနီးစ်ချို့တဲ့နေသော စပါးပင်များမှာ အပင်များပုနေခြင်း၊ စပါးပင်တစ်ပင်တွင် အရွက်ပါဝင်မှုနည်းနေခြင်း၊ အလေးချိန်များလျော့ကျနေခြင်း၊ အပင်ပွားထွက်နေသော အချိန်တွင် စပါးပင်၏ အမြစ်များ ဖွံ့ဖြိုးမှုနှေး၍ သေးနေခြင်းများ ဖြစ်ပေါ်နေပါသည်။
ကော့ပါး(Cu)

ကော့ပါးချို့တဲ့မှုလက္ခဏာများမှာ စပါးအရွက်များတွင် ရွက်လယ်ကြောများ၏ နှစ်ဖက်စလုံး၌ စိမ်းဝါရောင်အစင်းကြောင်းများ ဖြစ်ပေါ်နေခြင်း၊ အရွက်ဖျားများတွင် အနက်ညိုရောင် ဖြစ်နေသောဆဲလ်သေကွက်များ ဖြစ်ပေါ်နေခြင်း၊ စပါးရွက်များ၏ ထိပ်ဖျား များတွင် စိမ်းပြာရောင် (သို့မဟုတ်) စိမ်းဝါရောင် အစင်းကြောင်းများ ဖြစ်ပေါ်နေခြင်း၊ စပါးပင်များမှ အသစ်ထွက်လာသော အရွက်များလိပ်နေခြင်း၊ အသစ်ထွက်ပေါ်လာသော အရွက်များ၏ အပေါ်ပိုင်းသည် အပ်ချောင်းပုံသဏ္ဌန်ရှိနေပြီး အောက်ပိုင်းသည် ပုံမှန်ဖြစ်နေခြင်း၊ အပင်ပွားထွက်မှုနည်းခြင်း၊ ဝတ်မှုန်များ အသက်ရှင်သန်မှုနည်းခြင်း စသည်တို့ဖြစ် ပါသည်။
ချမ်းသာဦး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးပင်နှင့်အာဟာရ
Tun Naing
လွန်ခဲ့သော ၂ နှစ် ကအခုလိုစပါးရောဂါဖြစ်ရင်ရေ မြေ အဟာရဆေးဝါးဘယ်လိုပြုပြင်သုံးစွဲရမယ်စိုတာညွှန်ကြားစေခြင်ပါတယ်ခင်ဗျ
soepaing
လွန်ခဲ့သော ၅ နှစ် ကအရွက်ကြောနေရင်ဘာဆေသုံရမာလည်
Tun Tun
လွန်ခဲ့သော ၆ နှစ် ကတောင်သူဦးကြီးများ အတွက် ဗဟုသုတ များများရရှိကြွယ်ဝစေရေး အတွက် အရိုးရှင်ဆိုးနဲ့မေတ္တာထားပြီး ရှင်းပြစေချင်ပါတယ်ဗျ
ရွှေရွှေ
လွန်ခဲ့သော ၆ နှစ် ကစပါးအရြက္ဖ်ားမ်ား ဝါပြီးခြောက်လာပါသည် အဟာရကြောင့်လား ရောဂါလက်ခဏာလားသိပါရစေ
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
နွားသေးက ဘယ်နှစ်လထိ အထားခံပါသလည်း ကြာပီဆိုတော့ ပက်ရပါသေးလား
နံပတ်2 • ဖြေကြားချက် 1 ခု
ဲပဲ ကြီး စိုက်တာ အပင်ပေါက်လေးတေ ပေါက်နေပါပြီ ဒါပေမယ့် အရွက်တေကဇကာပေါက်တွေလို ပိုးကျထားပါတယ်။ဘာဆေးပက်ဖျန်းရမလဲ အထွက်ကောင်းရအောင် ဘယ်လိုပြုစုရမလဲ ဖြေပေးပါအုံးခမျ တချို့ အပင်က သေတဲ့အပင်က သေပါတယ် ဘာကြောင့်မှန်း မသိတော့ပါ
ဦးရာဇာ • ဖြေကြားချက် 3 ခု
မိုးကုန်ပီလား ရွာနိင်ခြေ ရှိသေးလား ပဲခူး လယ်တေက အခုမှ အဖုံးအလုံး ရှိသေးလို့ဗျ
နံပတ်2 • ဖြေကြားချက် 1 ခု
ပိုးသတ်းဆေး အလန်း ပိုးသတ်ဆေးနဲ့ အသီး ဥ အားဆေး အားမြန် တွဲဖြန်းလို့ ရပါသလား ခင်ဗျ အ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020