သီးနှံစိုက်ခင်းများအတွက် လုံလောက်တဲ့ ရေ ရရှိဖို့ မိုးရေစုဆောင်းကြပါစို့
မိုးရေစုဆောင်းခြင်းဆိုတာ ရွာချလိုက်တဲ့ မိုးရေများကိုလည်းကောင်း၊ အနီးပတ်ဝန်းကျင်မှ စီးဆင်းလာတဲ့ မိုးရေများကိုလည်းကောင်း၊ မြေပြင်ပေါ်သို့ စီးဆင်းပြီး ဆုံးရှုံးမှုမဖြစ်စေရန်နှင့် အဆိပ်ဖြစ်စေသောပစ္စည်းများ ပါဝင်မှု မရစေရန် စနစ်တကျ ဖမ်းယူထိန်းသိမ်း စုဆောင်းသိုလှောင်ခြင်းကို ဆိုလိုပါတယ်။

မိုးရေကို စုဆောင်းသိုလှောင်ရန် ဘာကြောင့် လိုအပ်ပါသလဲ?
ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ ဒေသနှင့် ရာသီအလိုက် မိုးရွာသွန်းမှု မညီညာခြင်း ၊ သီးနှံပင် လိုအပ်ချိန်တွင် မိုးရေကို မရရှိနိုင်ခြင်း၊ သီးနှံသက်တမ်းတလျှောက်တွင် မိုးပြတ်လပ်သည့် ခြောက်သွေ့သော ကာလများ ကြုံတွေ့ရခြင်း၊ ရွာချသော မိုးရေအများစုသည် မြေအောက်တွင် အလွယ်တကူ စိမ့်ဝင်ခြင်းနှင့် မြေပေါ်တွင် အလွယ် တကူ စီးဆင်းသွားခြင်း၊ သောက်ရေ သုံးရေများ လုံလောက်မှု မရှိခြင်း၊ မိုးရေများ အလွယ်တကူစီးဆင်းသွားခြင်းကြောင့် မြေဆီလွှာတိုက်စားခြင်းနှင့် မြေဆီ အာဟာရဓာတ် ဆုံးရှုံးခြင်းနှင့် မိုးရေများကို အလွယ်တကူ စီးဆင်းဆုံးရှုံးမှု မဖြစ်စေရန်အတွက် မိုးရေများကို စုဆောင်း သိုလှောင်ပြီး သီးနှံများ ရေလိုအပ်ချိန်တွင် ဖြည့်စွက်ရေပေးနိုင်ရန်အတွက် မိုးရာသီမှာ မိုးရေကို အလေအလွင့် မဖြစ်စေဖို့တတ်နိုင်သလောက် စုဆောင်းဖို့ လိုအပ်ပါတယ်။
မိုးရေကို စုဆောင်းသိုလှောင်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကတော့
ဝင်ငွေနည်းတဲ့ မိသားစုအတွက် မိုးရေ စုဆောင်းရန် အဆင်ပြေပါတယ်။
သောက်ရေသုံးရေအတွက် အရည်အသွေး ကောင်းပြီး မိသားစု သုံးစွဲရန် လုံလောက်သော ရေပမာဏ ရရှိနိုင်ပါတယ်။
ရေ စုဆောင်းရန် အဝေးသို့ သွားရောက်သယ်ယူခြင်းအတွက် အချိန်ကုန် သက်သာပါတယ်။
စိုက်ခင်းရေလိုအပ်ချိန်တွင် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
မိုးရေကို ဘယ်လို စုဆောင်းနိုင်မလဲ?
(၁) ခေါင်မိုးမှ မိုးရေကို တိုက်ရိုက် စုဆောင်းခြင်း
အဆောက်အဦးများရဲ့ ခေါင်မိုးဟာ မိုးရေ စုဆောင်းရန် အတွက် အကောင်းဆုံး ဖမ်းထိန်း နိုင်သော အရာ ဖြစ်ပါတယ်။ ပထမမိုးဖြင့် ခေါင်မိုးကို ဆေးပြီးနောက် နောက်ပိုင်းမိုးများကို စုဆောင်းနိုင်ပါတယ်။ မိုးရေစုဆောင်းခြင်း စနစ်တွင် မိုးရေကို ဖမ်းထိန်းခြင်း- သယ်ဆောင်ခြင်း - အမှိုက်များ မပါအောင် စစ်ခြင်း - သိုလှောင်ခြင်း - သုံးစွဲခြင်း စသည့် အဆင့်ဆင့် ပါဝင်တယ်။

ခေါင်မိုးမှ မိုးရေကို စုဆောင်းရာတွင် အဓိကအပိုင်း (၃)ပိုင်း ပါဝင်ပါတယ်။
(၁) ရေစုဆောင်းနိုင်သော ခေါင်မိုးဧရိယာ၊
(၂) ခေါင်မိုးမှ ရေများကို စုဆောင်းကန်သို့ သွယ်တန်းထားသော ရေသလျှောက်
(၃) ရေသိုလှောင်ကန်
မိုးရေစုရန်အတွက် မိုးရေ အရည် အသွေး ကို မထိခိုက် စေရန်၊ ဓာတုဓာတ် အာနိသင် မရှိတဲ့ပစ္စည်းများဖြစ်တဲ့ ပလတ်စတစ်၊ အလူမီနီယံနှင့် သွပ် စသည်တို့ကို အသုံးပြုသင့်ပါတယ်။ နောက်သတိပြုရမဲ့အချက်ကတော့ ရေသိုလှောင်ကန်များကို စနစ်တကျအဖုံး ဖုံးထားသင့်ပါတယ်။

(၂)စိုက်ခင်းအတွင်းမိုးရေခံမြောင်းတူးခြင်းနှင့် ဘောင်များပြုလုပ်ခြင်း
ရိုးရှင်းပြီး မိုးရေကို စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် မြေဆီလွှာ တိုက်စားခြင်းကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ စိုက်ခင်းမြေရဲ့ လျှောစောက်ပေါ်မူတည်ပြီး ပြုလုပ်နိုင်ပါတယ်။ စိုက်ခင်းအတွင်း (သို့မဟုတ်) စိုက်ခင်း ဘေးပတ်လည်တွင် အကျယ် (၁.၅)ပေ၊ အနက်(၃) ပေရှိသော မိုးရေခံမြောင်းကို ရေစီးကြောင်းလားရာနှင့် ထောင့်မှန်ကျအနေအထားတွင် တူးဖော်ခြင်းဖြစ်ပါတယ်။ ဒီလို တူးထားခြင်းဖြင့် စိုက်ခင်းအတွင်း အစိုဓာတ်ပိုမို ထိန်းထားနိုင်ခြင်းနှင့် သီးနှံအထွက်နှုန်း ပိုမိုထွက်ရှိခြင်း၊ မြေဆီလွှာ တိုက်စားခြင်းမှ ကာကွယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
(၃) စိုက်ခင်းအနီး ရေစုဆောင်းကန် တည်ဆောက်ခြင်း
ရေစုဆောင်းကန်များ တည်ဆောက်ရာတွင် အောက်ပါ အချက်များကို ထည့်သွင်း စဉ်းစား သင့်ပါတယ်။
- မြေနေရာရွေးချယ်ခြင်း
- စုဆောင်းနိုင်မည့် ရေပမာဏ တွက်ချက်ခြင်း
- ရေစုဆောင်းကန် တည်ဆောက်ခြင်း
မြေနေရာ ရွေးချယ်တဲ့အခါ ရေဝင်ဧရိယာသည် စားကျက်မြေဧရိယာများ၊ လမ်းဧရိယာများနှင့် သစ်တောမြေ ဧရိယာများသာ ဖြစ်သင့်ပါတယ်။ သီးနှံသက်တမ်းတလျှောက် လုံလောက်သော ဖြည့်စွက်ရေပေးနိုင်ရန် လိုအပ်သောရေပမာဏကို စုဆောင်း ပေးနိုင်သည့် အကျယ်အဝန်း ဖြစ်ရပါမယ်။ ရေကန်ငယ်မှရေကို လွယ်ကူစွာအသုံးပြုနိုင်ရန် သီးနှံစိုက်ခင်းအနီး ပတ်ဝန်းကျင်တွင် ရှိနေရမည် ဖြစ်ပါတယ်။ ရေဝင်ဧရိယာ၏အကျယ်နှင့် သီးနှံစိုက်ခင်း၏ရေလိုအပ်ချက်ပေါ်မူတည်ပြီး ရေကန်ငယ် ၏ အရွယ်အစားကို စဉ်းစားရမည် ဖြစ်ပါ တယ်။
သီးနှံအထွက်တိုးစေရန်အတွက် သီးနှံ သက်တမ်းတလျှောက် ဖြည့်စွက်ရေပေးနိုင်ရန် ပြင်ပမှ စီးဆင်းလာသော မိုးရေများကို စုဆောင်း သိုလှောင်ရန် အတွက် စိုက်ခင်းအနီး ရေကန်ငယ်များကို တည်ဆောက်ရန် အရေးကြီးပါတယ်။ မိုးရေ စုဆောင်းသော ရေကန် တည်ဆောက်ရာမှာ မြေစေးရှိသော နေရာတွင် တည်ဆောက်သင့်ပါတယ်။
စိုက်ပျိုးဧရိယာအတွက် လုံလောက်သော မိုးရေပမာဏ ကို စုဆောင်းနိုင်ရန် အတွက် ရေဝင်ဧရိယာကို စိုက်ပျိုးဧရိယာ၏ (၃) ဆ ခန့် ကျယ်သော ဧရိယာ ကို အသုံးပြု ရွေးချယ်သင့်ပါတယ်။

ခုရာသီဟာ မိုးရာသီကာလဖြစ်တဲ့အတွက်ကြောင့် ရွာသွန်းတဲ့ မိုးရေများ အလေအလွင့် မဖြစ်ဘဲ လိုအပ်တဲ့အချိန်မှာ အသုံးပြုနိုင်ရန်အတွက် မိုးရေစုဆောင်းခြင်းကို စနစ်တကျ စုဆောင်း အသုံးပြုနိုင်ရန် ရေးသားလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
win ko thu
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
အပင်မတက်လိုဝါလဲဝါနေတယ်ဘာလုပ်ရမလဲ ာ
pupu • ဖြေကြားချက် 5 ခု
တောင်ငူထန်တပင်ဘက်မိုးရှိသေးလာဗျပဲကျဲချင်တာမိုးကြောက်လိုပါမိုးရှိမရှိသိတဲ့ဆရာများဖြေကြားပေးပါအုံ
ko phyo • ဖြေကြားချက် 2 ခု
ဒီစပါး ၃ မျိုးက ဘာ ဖြစ်တာလဲ ရောဂါးကြောင့်လား ပိုးလား ဘယ်တီးရီးယားကြောင့်လား 1 စပါးက စပါးမိုးသီး လား 2က အဖျစ် များပြီး မဲကပ် လိုက်တယ် ဘာကြောင့်လဲ 3က အရွက်ထိပ်ဖျားခြောက်ပြီး ထွက်လားတဲ့စပါး မဲကပ်များပြီး အဖျစ်များပါတယ် သိချင်ပါတယ်
ကျော်ထွေး • ဖြေကြားချက် 5 ခု
ဆောင်မှာစိုက်မှာမိုး ဘယ်နှမ်းမျိုတွေစိုက်ရင်ကောင်မလည်ခင်များ ပြောပေပါအုံးခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from ဒေါက်တာစန်းလှထွေး
အားလုံး
ရေကြီးနစ်မြုပ်စိုက်ခင်းမှ ရွှေပြန်သီးစေမယ့် နည်းလမ်း(၅) ချက်
08/08/2025
အာဟာရစုံပါဝင်သည့် တီကျစ်စာမြေဆွေး ထုတ်လုပ်နည်း
28/08/2024
ဆားပေါက်မြေတွင် သီးနှံအောင်မြင်အောင် စိုက်ပျိုးနည်း
21/08/2024
ရေကြီးနစ်မြှုပ်သွားတဲ့စိုက်ခင်းများ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်ဖြေရှင်းနည်း
14/08/2024
တောင်သူတွေကို အကျိုးပြုမယ့်မြေဆီလွှာ ဆိုတာ..
06/08/2024