အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လှလှ
လှလှ 2,335
လွန်ခဲ့သော ၈ နှစ် က · သင်္ဃန်းကျွန်း

မင်္ဂလာပါ ကျနော်ကအလှပန်းပင်စိုက်ပျိုးတာပါ ကျနော်ခြံကမှိုအရမ်းကျပါတယ် ဆေးအမျိုးမျိုးသုံးပါတယ် အဆင်မပြေပူး ဘယ်လိုဆေးမျိုးနဲ့ဘယ်လို့ကာကွယ်ရမလဲ?

ပိုးမွှားရောဂါ ပန်းမန်
1

ဖြေကြားချက် ၁ ခု

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

အလှပန်းပင်က စပယ် နှင်းဆီ သစ်ခွ ရွက်လှ ဇော်မွှား စသဖြင်ါ အမျိုးမျိုးရှိမှာ မှိုရောဂါကျတယ်ဆိုရင် ဘယ်လိုပုံစံလဲ ပုံပါတင်ပေးရင် အဆင်ပြေမှာပါ မှိုသတ်ဆေးဖြန်းရတာရှိစလို တချို့ရောဂါတွေက အင်းဆက် သယ်ဆောင်လို့ ပြန့်ပွားတာ ဖြစ်တဲ့အတွက် ရောဂါဖြစ်တဲ့နေရာ ဖြတ်တောက်ဖယ်ရှားပြီး ပိုးသတ်ဆေးဖြန်းရတာလည်းရှိပါတယ် ဥပမာ စပယ်ပင်ဖိုရောဂါ ( Phyllody - Phytoplasma) ဟာ အရွက်တွေသေးပြီး ပုံပျက်ကာ အပင်ချုံပုတ်လိုဖြစ်သွားတာ ပန်း ပွင့်တွေနေရာမှာ အစိမ်းရွက်နဲ့တူတဲ့ ပုံမမှန်တဲ့ပန်းတွေဖြစ်လာတာ။ ဒါဟာ ရောဂါသယ်ဆောင်နဲ့ အင်းဆက်ကြောင့်ဖြစ် တာပါ။ ဒါဆိုရင် ကိုင်းဖြတ်ပြီး ရောဂါကျစေတဲ့ပိုးသတ်ဖို့ ပိုး သတ်ဆေးဖျန်းရမှာပါ။ စပယ်အပင်ငယ်ရော အပင်ကြီးတွေမှာပါ အောက်ဖက်အရွက် တွေ စတင်ဝါလာပြီး ဆက်၍အရွက်ငယ်တွေဝါလာမယ် နောက် အပင်သေသွားမယ် သေတဲ့အပင်နှုတ် ကြည့်ရင် အမြစ်တွေ အနက်ရောင်ဖြစ်နေမယ်ဆိုရင် မြစ်ဆွေးခြောက်ရောဂါပါ ဒါဆိုရင် မြေဆွေးနဲ့ ထရိုင်ခိုဒါးမားမှို ထည့်ရမှာပါ။ အရွက်ပေါ် အညို ဒါမှမဟုတ် အနီး အကွက်တွေ ဖြစ်နေရင် မှို ရောဂါဖြစ်လို့ ai Mancozeb သို့ Carbendazin မှိုသတ်ဆေး ကို အညွှန်းပါအတိုင်း ဖြန်းရမှာပါ မှိုသတ်ဆေး ဖြန်းတာ ဆေးရဲ့ ai တစ်မျိုးတည်း ဆက်တိုက်ဖြန်းရင် ဆေးဖြန်းနှုန်းထားဖျော်တာ နည်းတာ များတာ ဖြစ်ရင်လည်း အကျိုးသက်ရောက်မှု မရှိပါဘူး ဆေးမဖြန်းခင် ရောဂါကျ ကြွေကျ အရွက်တွေကို ဖယ်ရှားရမှာပါ။ အလှစိုက်ပန်းပင်ရဲ့ မှိုရောဂါကျရောက်နေပုံကို ပုံနဲ့တကွ ဖော်ပြ မေးစေချင်ပါတယ် အဓိကကတော့ မှိုကျတယ်ဆိုတာ ဘယ်လိုပုံစံလဲ ဘာကြောင့်ကျတာလဲ ဆိုတာ သိဖို့လိုပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။