အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

အမေးအဖြေ

9,737
လွန်ခဲ့သော ၂၅ မိနစ် က · ချောက်

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

စိုက်ပျိုးနည်း နံနံ
347,839 လွန်ခဲ့သော ၇ မိနစ် က
You
ဖြေလည်သော အဖြေရရှိပြီး
3
လွန်ခဲ့သော ၂၉ မိနစ် က

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

ပိုးမွှားရောဂါ ဂန္ဓမာ
Post image
347,839 လွန်ခဲ့သော ၁၇ မိနစ် က
ဤအဖြေဖြင့် ပြေလည်

ပုံပါ ဂန္ဓမာပျိုးပင်လေးများတွင် မြေကြီးနှင့်ထိစပ်နေသော ပင်စည်အောက်ခြေ၌ မည်းနက်ပြီး ရေစိုနာလို ပုပ်ပျက်နေသည့် အမြစ်နှင့် ပင်ခြေပုပ်ရောဂါ (Black leg / Basal stem rot) လက္ခဏာကို ထင်ရှားစွာ တွေ့ရပါတယ်။ ဤရောဂါသည် မြေကြီးထဲတွင် ရေဝပ်ခြင်းနှင့် စိုထိုင်းဆ အရမ်းများခြင်းတို့ကြောင့် အဓိကဖြစ်ပွားတတ်ပြီး ဆင်တူယိုးမှားရောဂါများအနေဖြင့် Rhizoctonia ၊ Pythiumပင်စည်ပုပ်ခြင်း သို့မဟုတ် Fusarium ပင်ညှိုးရောဂါတို့တည်းက ဖြစ်နိုင်ပါတယ်။ ကုသရန်အတွက် ရောဂါရအပင်များကို နှုတ်ယူဖျက်ဆီးပစ်ရန် လိုအပ်ပြီး ကျန်ရှိသော အပင်ကောင်းများကို ရောဂါသက်သာစေရန် Hymexazol မှိုသတ်ဆေးကို အပင်ခြေ မြေကြီးပါ စိမ့်ဝင်အောင် ပက်ဖျန်းပေးပြီး အပင်အပေါ်ပိုင်းကို Azoxystrobinမှိုသတ်‌ ဆေး ဖျန်းပေးရပါမယ်။ ထို့ပြင် စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေသွင်းမှုကို သေချာထိန်းညှိပေးရပါမယ်။

3 လွန်ခဲ့သော ၇ မိနစ် က

ကျေးဇူးပါဆရာ

You
94
လွန်ခဲ့သော ၄၂ မိနစ် က · ကျိုက်လတ်

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

စိုက်ပျိုးနည်း စပါး
347,839 လွန်ခဲ့သော ၃၅ မိနစ် က

ပုံတသ်မေးပေးပါ၊ စပါးအနှံမှာ အမဲရစ်ပါတာက ဂုတ်ကျိုးရောဂါဖြစ်နိုင်ခြေများပါတယ်၊ ဟုတ်မဟုတ်ကြည့်နိုင်ရန် ပုံတင်မေးပေးပါ

You
9,976
လွန်ခဲ့သော ၅ နာရီ က · မအူပင်

ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏

ပိုးမွှားရောဂါ ဂန္ဓမာ
Post image
Post image
9,976 လွန်ခဲ့သော ၃ နာရီ က

ဟုတျကဲ့ ပါ

347,839 လွန်ခဲ့သော ၄ နာရီ က

ဓာတ်မြေဩဇာနှင့် အမိုင်နိုအက်ဆစ် ပေးပြီး ၅ ရက်အကြာတွင် အပင်အခုလိုဖြစ်တာက ဓာတ်မြေဩဇာပမာဏလွန်ကဲ၍ အမြစ်လောင်ခြင်းအဓိက ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ထို့ပြင် နောက်ထပ် ၂ ပတ်ခန့်အထိ မည်သည့် မြေဩဇာနှင့် ဟော်မုန်းမှ ထပ်မကျွေးဘဲ အမြစ်များ ပြန်လည်နာလန်ထူလာအောင် စောင့်ကြည့်ရပါမယ်။ အပင် လောင်ရာမှတဆင့်မှိုနှင့်ဘက်တီးရီးယားရောဂါများဝင်ရောက်ခံထားရခြင်းကြောင့်အခုဖြစ်သွားသည့်၂ပင် စိုက်ခင်းအဝေးဖယ်ပေးပါ၊

You
71
လွန်ခဲ့သော ၆ နာရီ က · မိုးကောင်း

မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။

မြေဆီလွှာ ပြောင်း
347,839 လွန်ခဲ့သော ၂ နာရီ က

နှစ်မျိုးလုံးကသင့်တော်တာမို့ မိမိဘာသာ ဈေးကွက်အခြေနေကို ခန့်မှန်းပြီး ဆုံးဖြတ်ပါ၊ Sugar Kingက ပြောင်းချိုဖူးစားပြောင်းဖြစ်ပြီး သက်တမ်းတိုပါတယ်၊ CPကတော့ အစေ့ထုတ်ပြောင်းဖြစ်ပြီး သက်တမ်းရှည်ပါတယ်

347,839 လွန်ခဲ့သော ၂ နာရီ က

မိုးကောင်းမြို့နယ်တွင် အောက်တိုဘာလ၌ Sugar King ပြောင်းမျိုးနှင့် CP ပြောင်းမျိုးကို စိုက်ပျိုးခြင်းသည် အလွန်သင့်တော်သော မိုးကုန်ဆောင်းအကူး စိုက်ပျိုးချိန် ဖြစ်ပါတယ်။ အောက်တိုဘာလသည် မိုးရွာသွန်းမှု လျော့နည်းသွားပြီး နေရောင်ခြည် ကောင်းစွာရရှိသဖြင့် သက်တမ်းတိုသော Sugar King အချိုပြောင်းအတွက် ဒီဇင်ဘာလတွင် ဈေးကွက်ဝင် အဖူးလတ်လတ်ဆတ်ဆတ်များ ခူးဆွတ်နိုင်မယ်။ သက်တမ်းပိုရှည်သော CP အစေ့ထုတ်ပြောင်းအတွက်မူ အပင်ကြီးထွားချိန်နှင့် အစေ့အောင်ချိန်တွင် ခြောက်သွေ့အေးမြသော ရာသီဥတုနှင့် တိုးသဖြင့် မှိုရောဂါကင်းပြီး အစေ့အရည်အသွေး ကောင်းမွန်စေပါတယ်။ သို့သော် သီးနှံနှစ်မျိုးလုံးအတွက် အောက်တိုဘာလဆန်း ရေဝပ်ခြင်းကို သတိပြုရန်နှင့် ဆောင်းတွင်းပိုင်း မြေအစိုဓာတ် ထိန်းသိမ်းနိုင်ရန် ရေသွင်းပေးနိုင်မှု ရှိရပါမယ်။

ဖြေကြားချက် ၄ ခုလုံး ကြည့်ရန်
You
71
လွန်ခဲ့သော ၆ နာရီ က · မိုးကောင်း

ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။

စိုက်ပျိုးနည်း စပါး
347,839 လွန်ခဲ့သော ၂ နာရီ က

လက်သဲစောင်းမြက်ကို ကျွန်တော်ပြောသည့် Aiများက ပေါင်းပင်ငယ်စဉ်မှာဖျန်းရင်တက်ူထိရောက်ပါတယ်၊ အခုက ပေါင်းပင်သက်တမ်းက ၂လဆိုတော့လွန်သွားပါပြီ ဖျန်းလည်း ထိရောက်မှုနည်းပါလိမ့်မယ်၊ ပေါင်းပင်ကြီးတယ်ဆိုရင် မသေသည်အထိလည်းဖြစ်နိုင်ပါတယ်၊ အဒါကြောင့်မဖျန်းသင့်တော်ဘူးပြောတာပါ၊ တောင်သူက မဖြစ်မနေဖျန်းကြည့်ချင်တယ်ဆိုရင်တော့ အထက်ပါ ပါဝင်ပစ္စည်း ၂ခုထဲက တခုကိုရွေးပြီးဖျန်းဖို့ပြောတာ၊ သေချာတာတော့ပေါင်းပင်ကြီးသွားပြီဆိုရင်တော့ ဆေးဖိုးအကုန်မခံသင့်တော့ပါဘူး၊ လုပ်အားဖြင့်နိုင်သလောက်ရှင်းပြီး နောက်နှစ်မှ ပေါင်းပင်ငယ်စဉ်တည်းက ပေါင်းသတ်ဆေးစနစ်တကျအသုံးပြုနှိမ်နင်းဖို့အကြံပြုပါတယ်

71 လွန်ခဲ့သော ၄ နာရီ က

ဆရာညွန်းတဲ့ဆေးကလက်သဲစောင်းအပေါ်ထိရောက်မှု့ရှိပါသလားခင်ဗျာ

ဖြေကြားချက် ၃ ခုလုံး ကြည့်ရန်
You
107
လွန်ခဲ့သော ၁၉ နာရီ က · ပုသိမ်ကြီး

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

စိုက်ပျိုး ဗဟုသုတ ဂန္ဓမာ
အတည်ပြုပြီး 1,116,066 လွန်ခဲ့သော ၁၈ နာရီ က

ပရိုပီကိုနာဇိုး ဖျန်းရင်၊ကြပ်ခိုးမှိုအမဲတွေပြောင်ပါတယ်။

107 လွန်ခဲ့သော ၁၈ နာရီ က

ဆရာcopperပါတဲ့မှိုဆေးကရောအမံမပြောင်နိုင်ဘူးလားဗျာမဝယ်ရသေးလို့ပါဗျဘယ်ဟာကပိုကောင်း

ဖြေကြားချက် ၃ ခုလုံး ကြည့်ရန်
You
ဖြေလည်သော အဖြေရရှိပြီး
9,737
လွန်ခဲ့သော ၂၁ နာရီ က · ချောက်

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

မြေဆီလွှာ ခရမ်းချဉ်
347,839 လွန်ခဲ့သော ၁၉ နာရီ က
ဤအဖြေဖြင့် ပြေလည်

၉၀၉ ခရမ်းချဉ်မျိုးသည် အဆုံးရှိပန်းခိုင်မျိုး (Determinate Type) ဖြစ်သဖြင့် အပင်အမြင့် ၃-၄ ပေဝန်းကျင်တွင် အဖူးအပွင့်များဖြင့် အဆုံးသတ်ကာ တန့် (ထိုင်) သွားခြင်းမှာ သဘာဝပင် ဖြစ်ပါတယ်။ လက်ရှိသက်တမ်း ၃ လတွင် ဂွသီးစတင်ဆွတ်ခူးနေရပြီဖြစ်ရာ ပုံမှန်အားဖြင့် ဤမျိုးသည် စတင်ခူးရချိန်မှစ၍ ၄ ပတ်မှ ၆ ပတ် (၁ လမှ ၁ လခွဲ) မျှသာ သီးပွင့်မှုအားကောင်းကောင်းဖြင့် ဆက်တိုက်ခူးရလေ့ရှိတယ်။ ထို့ကြောင့် စက်တင်ဘာလကုန်တွင် ဂွသီးစခူးရပါက ရှေ့ဆက်၍ အောက်တိုဘာလတစ်လလုံးနှင့် နိုဝင်ဘာလလယ်အထိ ဆက်လက်ဆွတ်ခူးနိုင်ပါလိမ့်မယ်။ လက်ရှိတွင် တစ်ပိဿာ ၃,၅၀၀ ကျပ်ဝန်းကျင် ဈေးကောင်းရနေသော်လည်း မုန်တိုင်းကြောင့် မိုးဆက်တိုက်ရွာသွန်းနေသဖြင့် ရွက်ခြောက်/ပင်စည်ပုပ်မှိုရောဂါ ကာကွယ်ရန် မိုးစဲချိန်၌ မှိုသတ်ဆေးကြိုတင်ဖျန်းခြင်း၊ အသီးမကွဲစေရန် ရေနုတ်မြောင်းဖော်ခြင်းနှင့် အသီးအရွယ်အစားကောင်းမွန်စေရန် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဘိုရွန်ဓာတ်မြေဩဇာ သိူ့မဟုတ် ရွက်ဖျန်းအား ဆေးများ ကျွေးပေးရန် အထူးလိုအပ်ပါတယ်။

9,737 လွန်ခဲ့သော ၁၉ နာရီ က

ဟုတ်ဆရာကျေးဇူးပါခင်ဗျ

You
138
လွန်ခဲ့သော ၂၂ နာရီ က · စလင်း

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

အပင်အာဟာရ နှမ်း
အတည်ပြုပြီး 1,116,066 လွန်ခဲ့သော ၁၈ နာရီ က

0:52:34 နဲ့ အနည်းလိုအာဟာရ ဖျန်းပါ။

138 လွန်ခဲ့သော ၁၉ နာရီ က

ဘယ်ဆေးအုပ်စုကိုသုံတာ အကောင်ဆုံဖြစ်မလည်ခင်များ

ဖြေကြားချက် ၃ ခုလုံး ကြည့်ရန်
You
9,976
လွန်ခဲ့သော ၂၃ နာရီ က · မအူပင်

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

ပိုးမွှားရောဂါ ဂန္ဓမာ
Post image
347,839 လွန်ခဲ့သော ၄ နာရီ က

ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်

9,976 လွန်ခဲ့သော ၅ နာရီ က

ကျေးဇူးပါ ခဗျာ

ဖြေကြားချက် ၅ ခုလုံး ကြည့်ရန်
You
အစိမ်းရောင်လမ်း အက်ပ် ရယူပါ
88
လွန်ခဲ့သော ၁ ရက် က · ဇလွန်

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

ပိုးမွှားရောဂါ ကွမ်း
Post image
347,839 လွန်ခဲ့သော ၂၃ နာရီ က

အရင်ဦးဆုံး ရွှေဟိုင်းမက်ကို အပင်ခြေစိုရွှဲအောင်ဖျန်းပေးပြီးနောက် ၅ရက်အကြာမှာ Azoxystrobin ကို အပင်အပေါ်အပိုင်း တစ်ပင်လုံးနှံ့စပ်အောင်ဖျန်းပေးပါဗျ

You
489
လွန်ခဲ့သော ၁ ရက် က · ယင်းမာပင်

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

အပင်အာဟာရ ကြက်သွန်နီ
94 လွန်ခဲ့သော ၁ နာရီ က

@Thein Soe Min ‌

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၄ နာရီ က

ကျောက်မှုန့်က အဟာရပါတယ်ဆိုပေမယ့် အချဉ်ဖောက်တဲ့လုပ်ငန်းစဉ်အတွက် အထောက်ကူမပြုနေလို့ပါ။ ကျွန်တော့်အမြင် သူက pH ကို ထိန်းညှိပေးတဲ့ ဓာတ်လည်းရှိတော့ အချဉ်ဖောက်တဲ့လုပ်စဉ်ကိုတောင်မှ အဟန့်အတားဖြစ်နိုင်ပါတယ်။ နောက် တဆေးက အဏုဇီလိုလို့ဆိုပေမယ့် သူ့မှာပါတဲ့ အမျိုးအစားက တစ်မျိုး နှစ်မျိုးပဲ အဓိကပါဝင်တာပါ။ ဒါကြောင့် ဂျီဗာမရုသမ်မှာ အပေါ်ယံမြေထည့်ခိုင်းတာပါ။ မြေကြီးထဲက ဒေသနဲ့ကိုက်ညီတဲ့ အဏုဇီဝပိုးကို ပွားများလိုက်တာမို့ ပိုသင့်တော်ပြီး လိုက်ဖက်ညီပါတယ်ဗျ။

ဖြေကြားချက် ၄ ခုလုံး ကြည့်ရန်
You
226
လွန်ခဲ့သော ၁ ရက် က · မအူပင်

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

စိုက်ပျိုးစီးပွား အိမ်တွင်းအလှစိုက်ပင်
Post image
226 လွန်ခဲ့သော ၁ ရက် က

‌ဖြေကြားပေးတဲ့ ဆရာများကို။ အထူးပဲကျေးဇူးတင်ပါတယ်ရှင့်။

347,839 လွန်ခဲ့သော ၁ ရက် က

နှင်းပန်းအဖူးများ ခါးမှပုပ်ပြီး ပုံပျက်သွားရခြင်းမှာ စိုစွတ်ဆွတ်ပြီး လေဝင်လေထွက် ညံ့ဖျင်းသော ပတ်ဝန်းကျင်ကြောင့် ဖြစ်ပွားတတ်သည့် ဘိုထရိုက်တစ် (Botrytis) သို့မဟုတ် ဖိုက်သော်သရာ (Phytophthora) မှိုရောဂါ ကြောင့် ဖြစ်တာပါ။ ရောဂါကို ထိရောက်စွာ ကုသနိုင်ရန်အတွက် ပုပ်နေသော အဖူးနှင့် အရွက်များကို ချက်ချင်း ဖြတ်တောက် ဖျက်ဆီးပစ်ရမည် ဖြစ်ပြီး၊ ကာဗင်ဒါဇင် (Carbendazim) သို့မဟုတ် သိုင်အိုဖနိတ်မီသိုင်း (Thiophanate-methyl) သို့မဟုတ် Azoxystrobin ကဲ့သို့သော ပင်လုံးပျံ့ မှိုသတ်ဆေးတစ်မျိုးမျိုးကို (၅) ရက်မှ (၇) ရက်ခြား တစ်ကြိမ် နှံ့စပ်အောင် ပက်ဖျန်းပေးရပါမယ်။( အရွက်နှင့် အပင်ခြေအထိ သေချာနှံ့စပ်အောင် ပက်ဖျန်းပေးပါ။ ထို့ပြင် အစိုဓာတ်လွန်ကဲမှုကို လျှော့ချရန်အတွက် ရေလောင်းရာတွင် အပင်အပေါ်မှ ပက်မလောင်းဘဲ အပင်ခြေကိုသာ လောင်းပေးရပါမယ်။ ဆေးဖျန်းရာတွင် နေပူရှိန်ပြင်းသော အချိန်ကို ရှောင်ကြဉ်ပြီး ညနေစောင်း သို့မဟုတ် မနက်စောစောတွင် ဖျန်းပေးပါ။ညနေပိုင်း ရေလောင်းခြင်းကို ရှောင်ပါ (ညဘက် အစိုဓာတ်တင်ကျန်ပါက မှိုပွားလွယ်သည်)။ အပင်များကို စိပ်လွန်းစွာ မစိုက်ဘဲ လေဝင်လေထွက် ကောင်းအောင် ဆောင်ရွက်ပေးပါ။ လုံလောက်သော နေရောင်ခြည် ရရှိပါစေ။

ဖြေကြားချက် ၃ ခုလုံး ကြည့်ရန်
You
702
လွန်ခဲ့သော ၁ ရက် က · မအူပင်

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

စိုက်ပျိုးနည်း မတ်ပဲ
32 လွန်ခဲ့သော ၂၀ နာရီ က

@သော်ဇင် Trichodermaကိုမျိုးစေ့လူးနယ်ဆေးအဖြစ်အသုံးပြုပြီး ဘယ်နရက်လောက်ခြားပြီးဓာတုဆေးတွေအသုံးပြုလို့ရပါသလဲဆရာ

347,839 လွန်ခဲ့သော ၁ ရက် က

မတ်ပဲစိုက်ပျိုးရာတွင် ထရိုင်ကိုဒါးမား (Trichoderma) အကျိုးပြုမှိုကို အဆင့်ဆင့် စနစ်တကျ အသုံးပြုခြင်းဖြင့် ပဲပင်ဝါးညှိုးသေခြင်းနှင့် အမြစ်ပုပ်/ပင်စည်ပုပ် ရောဂါများကို ကာကွယ်နိုင်ပါတယ်။ အသုံးပြုရာတွင် မြေပြင်ချိန်၌ သဘာဝမြေဩဇာနှင့်ရော၍ မြေခံထည့်ခြင်း၊ စိုက်ပျိုးခါနီးတွင် မျိုးစေ့လူးနယ်ခြင်းနှင့် အပင်ပေါက်ပြီး သက်တမ်းအလိုက် အပင်ခြေသို့ ရေဖြင့်‌ ရောစပ်ဖျန်းပေးခြင်းဟူ၍ အဆင့်ဆင့် ဆောင်ရွက်လို့ရပါတယ်။ ဤမှိုသည် ရောဂါမှိုများကို ရှာဖွေဖျက်ဆီးရုံသာမက အမြစ်စနစ်ကို အားကောင်းစေကာ ပဲအထွက်နှုန်းကို တိုးတက်စေပါတယ်။ သို့သော် ၎င်းသည် သက်ရှိမှိုဖြစ်၍ ဓာတုမှိုသတ်ဆေးများနှင့် တွဲဖက်သုံးစွဲခြင်းကို လုံးဝရှောင်ကြဉ်ရပါမယ်။

You
574
လွန်ခဲ့သော ၁ ရက် က · ပြည်

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

အပင်အာဟာရ စပါး
Post image
347,839 လွန်ခဲ့သော ၁ ရက် က

ပုံပါ ကျောက်စိမ်းပဒေသာစပါးခင်းသည် နိုက်ထရိုဂျင် (အာဟာရ) ဓာတ် အလွန်အမင်း ချို့တဲ့နေပြီး အရွက်များ ဝါကြန့်နေခြင်း ဖြစ်ပါတယ်။ တောင်သူမေးမြန်းထားသော နွားသေး (နွားကျင်ငယ်ရေ) မှာ နိုက်ထရိုဂျင် ပါဝင်သော်လည်း ယခုကဲ့သို့ အပြင်းအထန် ချို့တဲ့နေချိန်တွင် အရွက်ဖြန်းရုံဖြင့် လုံလောက်သော အာဟာရကို ချက်ချင်းမရနိုင်ပါဘူး။ ထို့ကြောင့် အပင်များ အမြန်ဆုံး ပြန်လည်နာလန်ထူပြီး အစိမ်းရောင်တောက်လာစေရန်အတွက် တစ်ဧကလျှင် ယူရီးယား (ပုလဲ) မြေဩဇာ အိတ်ဝက် (၂၅ ကီလိုဂရမ်ခန့်) ကို မြေအစိုဓာတ်ရှိချိန်တွင် ချက်ချင်း ပက်ကျဲကျွေးရပါမယ်။ ၎င်းအပြင် အာဟာရစုပ်ယူမှု ပိုမိုမြန်ဆန်စေရန် ဇင့်ဆာလဖိတ် သို့မဟုတ် ပုလဲ မကျွေးချင်ပါကအမိုနီယမ်ဆာလဖိတ်ကို တွဲဖက်ကျွေးခြင်းခြင်းဖြင့် အရွက်များ ဝါခြင်းကို အမြန်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ပုလဲနှင့်ကွန်ပေါင်းမြေဩဇာတစ်မျိုးမျိုးကိုထည့်သွင်းပေးပါခင်ဗျာ၊ ‌အဟာရချို့တံလွန်းရင် နောက်ဆိုမှိုရောဂါကျရောက်ခြင်းပါခံရပါလိမ့်မယ်ခင်ဗျာ၊ အရင်ကဘာမြေဩဇာတွေကျွေးပေးပြီးပြီလဲ၊ နောက်ဆုံးမြေဩဇာကျွေးပြီးတာရောရက်ပေါင်းဘယ်လောက်ကြာပြီလဲခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။