ဖြေကြားချက် ၁၀ ခု
ပုလဲ+လက်ချားရွက်ဖျန်းအားဆေးက ပဲမျိုးရင်းဝင်အပင်တွေကိုရေဆင်းသုတေသနဌာနမှာစမ်းသပ်ပြီးမှရလဒ်တွေကောင်းမွန်တာမို့ တောင်သူတွေအသုံးပြုနိုင်အောင်နည်းပညာပေးခဲ့တာကြာပါပြီ။မြေပဲကလည်းပဲမျိုးရင်းဝင်အပင်ဖြစ်တာမို့အသုံးပြုနိုင်ပါတယ်။အခြားသီးနှံတွေမှာလည်းစမ်းသုံးကြည့်တာအထွက်နှုန်းတွေကောင်းတာတွေ့ရပါတယ်။စိတ်ချလက်ချသုံးပါ။သုံးရမဲ့အချိန်က ပန်းစပွင့်တဲ့အချိန်ကနေပြီးမြေပဲတောင့်ဖြစ်စအချိန်ထိ ၅ရက်ကိုတစ်ကြိမ်နှုန်း အရွက်အပေါ်ဖက်..အောက်ဖက်တွေကိုရွှဲအောင်ဖျန်းပေးရပါတယ်။
ပုလဲ+မြေဆီကျွေးတာများသွားရင်အပင်ဟုန်ပြီးသီးပွင့်မှုအားနည်းတတ်ပါတယ်..ဖြစ်နိုင်ရင်စိုက်ခင်းရဲ့မြေနမူနာယူပြီးစိုက်ပျိုးရေးဌာန မြေဆီလွှာဓာတ်ခွဲခန်းကိုပေးပို့ပြီးစစ်ဆေးသင့်ပါတယ်..စစ်ဆေးမှုရလဒ်ပေါ်မူတည်ပြီးလိုအပ်တဲ့မြေဆီကိုသာကျွေးသင့်ပါတယ်။(အကြမ်းဖျင်းစစ်ဆေးနိုင်တဲ့မြေဆီလွှာဓာတ်ခွဲဆေးသေတ္တာတွေလည်း စျေးကွက်မှာရှိနေပြီမို့မိမိကိုယ်တိုင်အလွယ်တကူစစ်ဆေးနိုင်ပါပြီ..တိကျတဲ့အဖြေမရနိုင်ပေမဲ့ခန့်မှန်းအနီးစပ်ဆုံးတော့ရနိုင်ပါတယ်)
မြေပဲမှာပုလဲကျွေးမယ်ဆိုရင်ပန်းမပွင့်ခင်မှာတန်းကြားထဲကျွေးသင့်ပြီးထွန်နဲ့ပြန်ဖုံးပေးရပါမယ်.မြေပေါ်မှာဖြူးကျွေးရင်အငွေ့ပျံဆုံးရှုံးမှုတွေရှိနိုင်ပါတယ်.ကျွေးတဲ့အခါသူ့ချည်းကျွေးတာထက် တစ်ရက်ကြိုတင်ပြီး ပုလဲတစ်ဆ + နွားချေးဆွေး/ မြေဆွေး ၃ဆကိုသမအောင်ရောမွှေပြီး တာလပတ်/ပလတ်စတစ်စ နဲ့အုပ်ပြီးတစ်ညနှပ်ထားရပါမယ်.နောက်နေ့မနက်ခင်းမှာကျွေးပါက ဆုံးရှုံးမှုနည်းပြီးထိရောက်မှုရှိပြီးပိုမိုအကျိုးဖြစ်စေပါတယ်။အမြစ်ကအာဟာရကိုစုပ်ယူစားသောက်ရာမှာအပင်ရင်ရှိအမြစ်ရင်းက စားတာမဟုတ်ပါဘူး.အမြစ်ဖျားအမြစ်မွှားကလေးများကသာအပင်အတွက်စုပ်ယူစားသောက်တာပါ.အဲတာကလည်းပန်းပွင့်ပြီးနောက်ပိုင်းဆိုရင် အမြစ်ဟာမြေထဲမှအာဟာရကိုစုပ်ယူပြီးအပင်ကိုပို့ပေးမှုနည်းသွားတာကြောင့် ပန်းပွင့်ပြီးနောက်ပိုင်း သီးတောင့်ဖြစ်ချိန်ထိ ပုလဲ+လက်ချားရွက်ဖျန်းအားဆေးကို အနည်းဆုံး၃ကြိမ်ခန့်(၅ရက်ကိုတစ်ကြိမ်နှုန်း)ပက်ဖျန်းသင့်ပါတယ်။မြေကြီးကကျွေးတာကို ထိုးဆေး , အရွက်ကပက်ဖျန်းပြီးကျွေးတာကိုအကြောဆေးလို့တင်စားကြပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပုံပါအတိုင်းမြေပဲကတလကျော်ကျော်ပဲရှိပါသေးတယ် မိုးကတလခေါင်တာပါ ခုမှမိုးရွာတာပါ အပွင့်အားဆေးဖျန်းရမှာလား အပင်အား...
ဖြေကြားချက် 5 ခု
စွယ်ချနဲနေလားဗျ မိုးကတော့ဝေးနေသေးတယ် ဒီအတိုင်းဆို အထွက်တိုးပါ့မလား ဂျစ်ပစန်လည်းဖြူး ကော့မက်ပလပ်လည်းဖျန်း ထားပါ...
ဖြေကြားချက် 6 ခု
မြေပဲပင် အားဆေးအတွက် ယခု ပုံပါ ဆေးတွေ အသုံးပြုတဲ့ တောင်သူဦးကြီးများရှိကျလားဗျ
ဖြေကြားချက် 0 ခု
ပိုးတွေကြနေတယ် ဘာဆေးဖြန်းပေးရမလဲ ဆရာတို့ အပင်က ရက် 70 ရှိပါပြီ 6လပဲပါ ပြီတော့ ဥအားကောင်အောင် ဘာဆေးကြွေးရမလဲ...
ဖြေကြားချက် 2 ခု
မြေပဲဥကောင်းအောင် ဘာကျွေးသင့်လဲး?
ဖြေကြားချက် 2 ခု