ဖြေကြားချက် ၃ ခု
သံပုရာနဲ့ ရှောက် ကနှစ်ရှည်ပင်မျိုးဖြစ်တာကြောင့် မြေပြင်ကတည်းကသေချာစွာလုပ်ရပါမယ်။စိုက်ကျင်းကိုပြင်ဆင်ရာမှာ ၂ပေပတ်လည်ကျင်းတူးပြီး ထွက်လာတဲမြေနဲ့ နွားချေးဆွေး ၈ပြည်..ကြက်ချေး၈ပြည်..စက်ဖွဲပြာ၁ပြည်..ဂျစ်ပဆမ်ကျောက်မှုန့်နို့ဆီဘူး ၁ဘူး..၁၅ပတ်လည်ကွန်ပေါင်းမြေသြဇာနို့ဆီဘူး၃ဘူး..ဖျူရာဒမ်၃ဂျီဆေးမှုန့်စတီးထမင်းစာဇွန်း၁ဇွန်း တို့နဲဲ့သမအောင်ရောမွှေရပါမယ်။ရောပြီးသောမြေတွေကိုကျင်းထဲပြည့်အောင်ထည့်ပြီးခြေထောက်နဲ့ဖွဖွနင်းပေးပါ။နင်းပြီးရင်ကျင်းပြည့်အောင်မြေထပ်ထည့်ပေးပါ။ပြီးရင်ရေဝအောင်လောင်းပါရေကိုတစ်ရက်ခြားလောင်းပေးပြီး ၂ပတ်ခန့်နှပ်ထားပေးပါ။(ရေလောင်းလို့မြေအိကျသွားရင်မြေထပ်ထည့်ပေးပါ)။၂ပတ်ကြာပြီးနောက်အပင်ကိုချစိုက်လို့ရပါပြီ။အပင်ပတ်ပတ်လည်ကိုခြေဖနောင့်ဖြင်နင်းပေးပါ(အမြစ်စွဲမြန်စေပါတယ်)။စိုက်ထားတဲ့အပင်နဲ့၆လက္မအကွာမှာအရှည် ၃ပေရှိတဲ့ဝါးသေးသေးကိုချွန်ပြီးစိုက်ထားပေးပါ..စိုက်ထားသောဝါးချောင်းနဲ့အပင်ငယ်ကိုကြိုးဖြင့်ချည်နှောင်ပေးထားခြင်းဖြင့်အပင်ငယ်ကိုမလှုပ်စေတော့ပါ။အပင်ခြေကိုကောက်ရိုးခြောက်/အရွက်.မြက်ခြောက်များဖုံးအုပ်ထားပေးပါ။စိုက်ပြီးနေ့စဥ်ရေလောင်းပေးမယ်ဆိုရင်၂ပတ်ခန့်အကြာမှာအရွက်နု/အညွန့်သစ်များထွက်လာပါလိမ့်မယ်။၁နှစ်အတွင်းမြေသြဇာထပ်မကျွေးရတော့ပါ။၁နှစ်ကျော်မှသာမြေသြဇာကျွေးရပါမယ်။ကျွေးတဲ့အခါမှာလည်း ၆လကိုတစ်ကြိမ်သာကျွေးရပါမယ်။၁နှစ်သားကျော်ပြီဆိုရင်ငါးအမိုင်နိုအက်စစ်ရွက်ဖျန်းအားဆေးဖျန်းပေးပါ..အပင်၃..၄ နှစ်သားအရွယ်(အစေ့စိုက်)မှာရေ၄ဂါလံနဲ့ယမ်းစိမ်း၁ဇွန်းရောပြီးပက်ဖျန်းပေးပါ။
ဆက်စပ်မေးခွန်းများ
သံပုရာကိုအစေ့ကနေစိုက်လို့ရလားပျိုးပင်ဝယ်ရတာလား
ဖြေကြားချက် 3 ခု
ရွက်ထွင်းပိုးအကြောင်းအရာ
ဖြေကြားချက် 5 ခု
မြေဆွေးတစ်ခုပြုလုပ်တယ်ဆိုရင် သက်တမ်းဘယ်လောက်ကြာမှ အသုံးပြုသင့်လဲခင်မျာ ဖြေကြားပေးပါ?
ဖြေကြားချက် 2 ခု
မန်ဂျာရှားမျိုးစေ့ကိုဘယ်နည်းစနှစ်နဲပျိုးရင်အပင်ပေါက်အားပိုကောင်းသလည်းသိချင်လိုပါေကျးဇူးပြု၍ဆရာတို့နည်းစနှစ်...
ဖြေကြားချက် 2 ခု
ကျနော့်သံပုရာပင်ဘာဖြစ်တာလဲဗျ...အရွက်တွေကမာကြမ်းကြမ်းနဲ့အရောင်ကမမှန်ဘူးဗျ...အရွက်နုထက်ထွက်လဲအဲ့လိုဘယ့်ဖြစ်နေတယ်...
ဖြေကြားချက် 5 ခု