ဖြေကြားချက် ၄ ခု
ကျောက်မှုန့်မှာပါဝင်တဲ့ ထုံးဓာတ်(ကယ်လ်ဆီယမ်) နဲ့ ကန့်ဓာတ်(ဆာလ်ဖာ)တွေဟာအဓိကအားဖြင့် အစေ့အဆန်အောင်မှု..အဆန်ပြည့်ဝမှု..နဲ့ စွယ်ဖြစ်ထွန်းမှုတွေကိုများစွာအထောက်အကူဖြစ်စေတာကြောင့် နောက်ဆုံးကြားတိုက်ချိန်မှာထည့်သွင်းပေးခြင်းဖြင့်ပိုမိုထိရောက်စေပါတယ်။အစောပိုင်းကြားတိုက်ချိန်မှာလည်းထည့်နိုင်ပါတယ်။အပွင့် .. စွယ်.. အတောင့် ကောင်းမွန်စေဖို့အတွက် အဲဒီအချိန်မှာထက်နောက်ဆုံးကြားဝင်ချိန်က အချိန်ကိုက်ဖြစ်စေတာကြောင့်ပါ။တချို့တောင်သူတွေကတော့ မြေပြင်ချိန်မှာတစ်အိတ်..နောက်ဆုံးကြားဝင်ချိန်မှာတစ်အိတ်ထည့်ပေးကြပါတယ်။အိတ်အသေး ၂၅ကီလိုအိတ်ပါ။အထူးသတိပြုရမှာက ထည့်ပေးချိန်မှာ မြေအစိုဓာတ်ရှိနေရပါမယ်..အမှုန့်ဖြစ်တာမို့ နွားချေးဆွေး/မြေဆွေး အမှုန့်နဲ့ရောပြီးဖြူးချသင့်ပါတယ်.. လေတိုက်ရင်လေနဲ့အတူလွင့်ပါနိုင်တာမို့ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေပဲဥကောင်းအောင် ဘာကျွေးသင့်လဲး?
ဖြေကြားချက် 2 ခု
ပိုးတွေကြနေတယ် ဘာဆေးဖြန်းပေးရမလဲ ဆရာတို့ အပင်က ရက် 70 ရှိပါပြီ 6လပဲပါ ပြီတော့ ဥအားကောင်အောင် ဘာဆေးကြွေးရမလဲ...
ဖြေကြားချက် 2 ခု
ဆရာတို့ခဗျ ယူရီးယား ပုလဲကိုမြေပဲခင်းကို ကြဲပက်တာနဲ့ တန်းပေါ်ဖြူး တာနဲ့ဘယ်ဟာကမြေပဲပင်ကိုပိုကောင်းစေတာလဲ နှိုင်း...
ဖြေကြားချက် 10 ခု
စိုက်ပျိုးရက်က 25ရက်သားပါ အပင်အတွက်အဟာရပြည့်ဝစေရန်နှင့်အပင်ကြီးထွားစေရန်မည့်သို့သောမြေဆီမြေဘြဇာများသုံးရပါ်မလဲ...
ဖြေကြားချက် 7 ခု
မြေပဲ 40 ရက်သားကို ကျောက်မှုန့်ကျွေးချင်တာ ဘယ်လိုပုံစံကျွေးမှ ကောင်းမလဲ မြေပဲပင်ချေရင်းကြောင်းလိုက် ဖြူးရမလား...
ဖြေကြားချက် 5 ခု