အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Htun Htun
Htun Htun 525
လွန်ခဲ့သော ၆ နှစ် က · အောင်လံ

နှမ်းပင်က ခုမှ အပွင့်တွေဝေနေတာ အောက်ကအသီးလေးငါးယှဉ်းက ရင့်တော့မယ် ရက်လဲပြည့်တော့မယ် သီးယှဉ်းအပေါ်က နည်းနည်းခြားပီး အပွင့်တွေ ဝေလာတာ အခုမှ ဘယ်လိုဖြစ်နေတာလဲမသိတော့ဘူး အပေါ်ကပွင့်က အသီးတင်ပါ့မလား အပွင့်ကအသီး ရင့်အောင်စောင့်ရင် အောက်ကအသီးက ကျန်ပါ့မလား ဘယ်လိုလုပ်ရမလဲဗျာ

စိုက်ပျိုးနည်း နှမ်း နှမ်းပင်ပြုစုခြင်း
Post image
Post image
Post image
Post image
Post image
4

ဖြေကြားချက် ၄ ခု

Htun Htun
Htun Htun 525 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

Htun Htun
Htun Htun 525 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၆ နှစ် က

နှမ်းပင်ရဲ့သဘာဝအရနှမ်းမျိုးအများစုဟာ ပန်းပွင့်တာမဆုံးနိုင်ပါ..ရိတ်သိမ်းချိန်ထိပွင့်တတ်ပါတယ်။အောက်ခြေကစပွင့်ပြီးအပေါ်ဖက်ကိုတဖြေးဖြေးပွင့်သွားတာပါ။သီးတောင့်ကလည်းဒီအတိုင်းပါဘဲ.. အောက်ကနေ အပေါ်ဘက်ကိုရင့်မှည့်သွားတာပါ။ရိတ်ချိန်မှာ အလေ အလွင့်မရှိစေဖို့ဆိုရင်...ရိတ်ခါးနီးမှာ နှမ်းပင်ရဲ့အလယ်နားမှာရှိတဲ့နှမ်းသီးကိုခွဲပြီးအစေ့ကိုကြည့်ပါ..အရောင်ရှိတဲ့နှမ်းမျိုး(အညို..အနက်)က အစေ့တွေအရောင်ပြောင်းပြီဆိုရင်ရိတ်ဖို့အကောင်းဆုံးပါဘဲ။နှမ်းဖြူမျိုးဆိုရင် ခွဲကြည့်ပြီး တစ်ညထားလိုက်လို့အရောင်မပြောင်းသွားဘူးဆိုရင် ရိတ်သင့်ပါပြီ။(နှမ်းပင်ရဲ့သက်တမ်းပေါ်မှာလည်းမူတည်ပါတယ်)

Nyi Nyi Kyaw
Nyi Nyi Kyaw 871 လွန်ခဲ့သော ၆ နှစ် က

နောက်မိုးမလိုက်ရင် တော့ မမှီတော့ဘူးခင်ဗျား နောက်မိုးကောင်းရင်တော့ အားဆေးလေးပတ်ပေးဖို့ အကြံပြုချင်ပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။