ဖြေကြားချက် ၇ ခု
စပါးပင်ကို ကြည့်မယ်ဆိုရင် ပင်စည်အနေအထားက မှို့မကပ်ခင်မှာဆိုရင် ပြားယောင်လုံးယောင်ရှိနေတတ်ပါတယ်။မှို့ကပ်ပြီဆိုရင်အရွက်အောက်ခြေပင်စည်ထိပ်ဖျားမှာဖောင်းလာပါတယ်။အဲဒီအချိန်ကတော့ စပါးသက်တမ်းအလိုက်ကွာခြားမှုရှိနိုင်ပါတယ်။ဓာတ်ပုံရိုက်ထားတာမရှိပေမဲ့ မမေမြတ်မော် ပြထားတဲ့ပုံကိုကြည့်ရင်သိရှိနိုင်ပါတယ်..ကိုယ့်စပါးခင်းမှာလက်တွေ့စမ်းသပ်ပြီးကြည့်ချင်တယ်ဆိုရင် ကိုယ့်စပါးရဲ့သက်တမ်းထဲကနေရက် (၆၅..၇၀) ရက်ကိုနှုတ်လိုက်လို့ အကြွင်းကျန်တဲ့ရက်ဝန်းကျင်ခန့်အချိန်မှာ ဖောင်းကားလာတဲ့ပင်စည်ထိပ်နေရာကို ခဲတံချွန်တဲ့ဓားထက်ထက်နဲ့ထက်ခြမ်းခွဲကြည့်မယ်ဆိုရင်အဖြူရောင်အနှံသန္ဓေလောင်းကိုမှို့တွေကပ်နေသလိုတွေ့ရပါလိမ့်မယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပေါ်ဆန်းရင်မှို့လာချိန်တွင်ဆေးအဖြူနှင့်ပေါ်တက်သက်သက်ဆီပက်ကမလားအဖြူပေါ်တက်ကွန်ပေါင်းပက်ကမလား၊N.kဖြေပေးပါခဗျာ
ဖြေကြားချက် 3 ခု
ဆရာတို့ စပါးပင် မိှု့ကပ်ချိန်ဘယ်လိုသိနိုင်မလဲဗျ။
ဖြေကြားချက် 1 ခု
ဖုံးတုံးလုံးချိန်မှာဘာမြေဩဇာသံးသင့်ဘာသလဲ
ဖြေကြားချက် 3 ခု
စပါးဒီအချိန်ကမှို့ကပ်ချိန်လာ
ဖြေကြားချက် 0 ခု
မဂ်လာပါဗျာ။ သိချင်တာလေးမေးချင်လို့ပါ။ စပါးပင်များတွင် မှို့ကပ်ချိန်နှင့်ဖုံးတုံးလုံးတုံးချိန် ဘယ်အချိန်မှာ အစာ...
ဖြေကြားချက် 1 ခု