အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၆ နှစ် က · မော်လမြိုင်ကျွန်း

ဘာလို့အပ်နေတာလဲ မသိလိုပါ ပျိုခင်မှ နုတဲဆိုက်တာပါ ပျိုးထောင်တဲ့ အသက် ရက် စုစုပေါင်း 60 ကျော်နေပါပြီခဗျ

Post image
Post image
Post image
1

ဖြေကြားချက် ၁ ခု

82,997 လွန်ခဲ့သော ၆ နှစ် က

အပင်ရဲ့အနေအထားအရ ယူရီးယားမြေသြဇာ (နိုက်ထရိုဂျင်) မြေသြဇာ မကျွေးရသေးရင် ထည့်စေချင်ပါတယ်။ ယူရီးယားမြေသြဇာ ကို တစ်ခါးတည်း အများကြီး မသုံးစေချင်ပါဘူးဗျ။ လိုတာထက်ပိုသွားရင် ပိုးမွှားတွေကျရောက်နိုင်ပါတယ်။) နိုက်တြိုဂျင် စီမံခန့်ခွဲမှု နိုက်တြိုဂျင်သည် အပင်ကြီးထွားမှုအတွက် အဓိကလိုအပ်သော ဒြပ်စင်တစ်ခု ဖြစ်ပါ သည်။ စပါးပင်များသည် ယင်းတို့၏ လိုအပ်သော နိုက်တြိုဂျင်အများစုကို ဇီဝပစ္စည်း များနှင့် မြေဆီလွှာမှ ရယူနိုင်ပါသည်။ သို့ရာတွင် သဘာဝအရင်းအမြစ်မှ ဖြစ်ပေါ်ရရှိ သည့် နိုက်တြိုဂျင် အထောက်အပံ့သည် တစ်ခါတစ်ရံတွင် စပါးအထွက်နှုန်း မြင့်မားမှု အတွက် လုံလောက်ပါသည်။ မြေဩဇာများမှ ရသည့် ဖြည့်စွက်ပေးသော နိုက်တြိုဂျင် သည် ရေတော် မိုးတော် မိုးစပါးစိုက်ခင်းများနှင့် ရေသွင်းစိုက်ခင်းများမှ အကျိုးအမြတ်နှင့် မြင့်မားသော အထွက်နှုန်း တို့အတွက် မဖြစ်မနေ အဓိကကျပါသည်။  စပါးပင်၏ နိုက်တြိုဂျင် လိုအပ်မှုသည် ကြီးထွားမှုအဆင့်နှင့် ဆက်စပ်နေပါသည်။ စပါးပင်သည် ပြည့်ဝသော စပါးနှံ အရေအတွက် ရရှိရန်နှင့် ပင်ပွားဖြစ်ပေါ်သည့် အစောပိုင်းနှင့် အလယ်ပိုင်း အဆင့်များတွင် နိုက်တြိုဂျင်ဓာတ်ကို လိုအပ်ပါသည်။ အနှံဖြစ်စအချိန်တွင် စုပ်ယူရရှိသော နိုက်တြိုဂျင်သည် စပါးနှံရှိ ပန်းပွင့်၊ ပန်းခိုင် အရေအတွက်ကို တိုးပွားစေပါသည်။ ရင့်မှည့်ချိန်တွင် စုပ်ယူရရှိသော နိုက်တြိုဂျင် သည် နေရောင်ခြည်ရရှိမှု လုံလောက်ပါက အစေ့အဆန် တည်မှုကို တိုးပွားစေ ပါသည်။ အကျိုးရလာဒ်ကောင်း အတွက် လယ်သမားများသည် ပင်ပွားထွက်သည့် ကာလ၊ အနှံဖြစ်မှု စတင်သည့်ကာလနှင့် အစေ့အဆန် ဖြစ်တည်သည့် ကာလများ တွင် အပင်မှ လိုအပ်သော နိုက်တြိုဂျင်ကို ထိထိမိမိ ရရှိစေရန် နိုက်တြိုဂျင် ဓာတ် မြေဩဇာကို အကြိမ်များစွာခွဲ၍ ထည့်သွင်း ပေးသင့်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။