အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒေါ်ဖြူလွင်လွင်သန်း
လွန်ခဲ့သော ၆ နှစ် က · ရမည်းသင်း

ကျနော်ငါးရံံ့မွေးဖို့ ပေ၅၀ ပေ၂၅ ကန်ထပ်တူးနေပါတယ် ငါးအကောင်ရေဘယ်လောက်ထည့်ရပါမလဲ အရွယ်အစားနဲ့တကွ ပြောပြပေးပါဦး။

မွေးမြူကန်ပြင်ဆင်ခြင်း ငါး
5

ဖြေကြားချက် ၅ ခု

Kyaw Swar
Kyaw Swar အတည်ပြုပြီး 116,259 လွန်ခဲ့သော ၆ နှစ် က

အစာပေါ်မူတည်ပြီး ၁လကို ၂ လက်မကနေ၃လက်မထိတက်ပါတယ် ၆ လဆို ၁၄ လက်မ ၄၀ သားအထက်ထိတက်ပါမယ် အနည်းဆုံး ၂ လက်မကနေစထည့်သင့်ပါတယ် အကောင်ရေ ၁၇၀၀ လောက်ထည့်သင့်ပါတယ်

ဒေါ်ဖြူလွင်လွင်သန်း
ဒေါ်ဖြူလွင်လွင်သန်း 232 လွန်ခဲ့သော ၆ နှစ် က

ဘယ်နှစ်လမွေးရပါသလဲ ကျနော်က မိုးရေနဲ့မွေးရမှာဆိုတော့၆လလောက်ထားလို့ရပါမယ် ဘယ်အရွယ်လောက်စထည့်ရမလဲ၆လလောက်ဆို ဘယ်လောက်သားလောက်ရှိမလဲမသိဘူး အခုမှငါးရံ့စမွေးမှာပါ လမ်းညွန်ပေးကြပါဦး

Kyaw Swar
Kyaw Swar အတည်ပြုပြီး 116,259 လွန်ခဲ့သော ၆ နှစ် က

ဘယ်အရွယ်ထိထားမလဲပေါ်မူတည်ပါတယ်

နှင်းဖြူဖြူ
နှင်းဖြူဖြူ အတည်ပြုပြီး 17,536 လွန်ခဲ့သော ၆ နှစ် က

ငါးရံ့က အသားစားငါးမို့ တကောင်နဲ့ တကောင်ပြန်စားတတ်တာမို့ အရွယ်မတူရင် အကြီးအသေးခွဲပီး ငါးကန်တွေထဲ အရွယ်တူရာချင်း ခွဲထည့်​​ပေးရပါမည်

နှင်းဖြူဖြူ
နှင်းဖြူဖြူ အတည်ပြုပြီး 17,536 လွန်ခဲ့သော ၆ နှစ် က

၂ လက်မ အရွယ် ကောင်ရေ ၁၀၀၀ လောက်ဆိုပိုအဆင်ပြေနိုင်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။