အခုမှစစိုက်ဖူးတာ အထွက်ကောင်းအောင်ဘယ်လိုဆက်လက်ပြုစုရမယ်ဆိုတာအကြံပေးပါအုံ
Mdy ချန်းလုံ
mdy ချန်းလုံ
အကိုကြီ လက်တွန်ကြားလိုက်စက်ကို ဓါက်ပုံပြပေးပါလာ ဘယ်မှာဝယ်တာလဲ ကျနော်လဲဝယ်ချင်တယ်
ငရုတ်ပင်က မြေဆီသြဇာ နဲ့ သဘာဝမြေဆွေးကောင်းစွာ ထည့်ပေးရင် ကောင်းစွာ ကြီးထွားပြီး အထွက်နှုန်းကိုကောင်းစွာပေးနိုင်တဲ့သီးနှံဖြစ်ပါတယ်။ စီးပွားဖြစ် စိုက်ပျိုးပါက မြေကိုအရင်စမ်းသပ်ပြီး မြေချဉ်ငန်ဓာတ်ကို စစ်ဆေးရမည်။ ရရှိလာသော စစ်ဆေးချက်ကို လိုက်၍ လိုအပ်သည့် အာဟာရဓာတ်များကိုသေချာ စိစစ်ထည့်သွင်းသင့်သည်။ ယေဘုယျ အားဖြင့် သဘာဝအတိုင်းကောင်းစွာဆွေးမြည့်သော တိရစ္ဆာန် အညစ်အကြေးကို တစ်ဧကလျှင် ဆယ်တန်မှ ဆယ့်နှစ်တန်ထိ ထည့်သွင်းပါ။ မိုးအားကိုးစိုက်သောအခင်းတွင် ဖော့်စဖရပ် ခြောက်ပိသာနှင့် နိုက်ထရိုဂျင် ခြောက်ပိသာကို မြေပြင်ပြီး အပင်မရွှေ့ခင် စိုက်ခင်းထဲသို့ထည့်ပါ။ ဒုတိယတစ်ကြိမ်ခြောက်ပိသာကို အပင်ရွှေ့စိုက်ပြီး တစ်လအကြာတွင်ထည့်ပါ။ ရေသွင်းစိုက်ပျိုးရသော အခင်းတွင် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်ကို လေးကြိမ်ခွဲကျွေးပါ။ စိုက်ပြီးလျှင်ပြီးခြင်း တစ်ကြိမ် လေးပတ်ကြာလျှင် ဒုတိယကြိမ်၊ ခုနှစ်ပတ်ကြာလျှင် တတိယကြိမ် နှင့် ခြောက်ပတ်ကြာလျင် စတုတ္ထအကြိမ် ထည့်ပါ။ တစ်ကြိမ်တွင် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ် အချိုးကို ခြောက်ဆယ်သား၊ သုံးဆယ်သား၊ သုံးဆယ်သား အချိုးဖြင့်ကျွေးပါ။ ကြားပေါင်းလိုက်ခြင်းကို အမြစ်တိမ်သော အပင်ဖြစ်၍ ပေါက်ပြားအသေးဖြင့်သာ လိုက်သင့်ပါတယ်။ ပေါင်းသတ်ဆေး သုံးလိုပါက သုံးပါ။ မသုံးလိုပါက ကောက်ရိုးဖြင့်မြေကို ဖုံးအုပ်၍စိုက်ပါ။ ပန်းမပွင့်မှီ မြေဘောင်တင်ခြင်းကို ပြုလုပ်ခြင်းဟာ အပင်ရဲ့ အသီးသီး နှုန်းကို ပိုစေတာမို့ ပေါင်းနှိမ်ခြင်း ပြုလုပ်ရင်း တစ်ပါတည်း လုပ်သင့်ပါတယ်။ ပိုးမွှားအနေနဲ့ စုပ်စားပိုး၊ သီးလုံးဖောက်ပိုးတွေ ကျတတ်ပြီး၊ မိုးများပြီး စိုစွတ်တဲ့ ရာသီတွေမှာ မှိုရောဂါကို သတိထားသင့်ပါတယ်။ စိုက်ပျိုးပြုစုပုံ အသေးစိတ်ကို အခုပေးထားတဲ့ လင့်ခ်ထဲဝင်ပြီးလည်း လေ့လာနိုင်ပါတယ်ရှင့်။ ငရုတ်သီး အစပ်တောင့် အရှည် စိုက်ပျိုးနည်း
ဆက်စပ်မေးခွန်းများ
ငရုပ် ပင်အာဟာရမတွက်ဘာဆေးဖျန်းသင့်ပါလဲထင်ဗျာ
ဖြေကြားချက် 6 ခု
ပေါင်းမြက်နဲ့ အရိုင်း ပင်များ ကို နိမ်ချင်လို့ ဘာဆေးသုံးရမလဲ သိချင်ပါတယ်
ဖြေကြားချက် 4 ခု
ငရုတ်သီးတွေကိုအသီးတွေပွအောင်ဘယ်လိုလုပ်ရမလဲရှင်းပြပေးပါနော်
ဖြေကြားချက် 0 ခု
အရွက်ကြွေ ဘာလုပ်ရမယ်မသိလို့ပါ
ဖြေကြားချက် 2 ခု
အားလုံးပဲမဂ်လာပါဗျ ကျွန်တော်တို့ရွာငြုတ်တေသည် အသီးများသီးနေပါပြီဒါပေမယ့်အသီးအတောင့်လေးတွေမှာပိုးများဖောက်ပြီး...
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။