အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,356
ရေးသားသူ
လွန်ခဲ့သော ၈ နှစ် က · အမရပူရ

ဒီနည်းနဲ့ ငါးမွေးတာ ခက်လား။ ကုန်ကျစရိတ်များလား ဖြေပေးပါ ဆရာတို့။

မွေးမြူနည်း ငါး
Post image
Post image
4

ဖြေကြားချက် ၄ ခု

Kyi Thar Myint
Kyi Thar Myint 116 လွန်ခဲ့သော ၈ နှစ် က

As I think, this method is one of the advance method to culture fish especially for Lates calcarifer in Thanintharyi. This method can use not only for sea bass but also for the other fishes. On my opnion, this methode have to use more money to set up and if you have to use this method you have to take the permission from Department of fisheries. If you want to apply this method, u have to study how to matain the water quality and some other factors can affect it.

လှလှ
လှလှ 2,335 လွန်ခဲ့သော ၈ နှစ် က

costly

မင်းမင်း
မင်းမင်း 406 လွန်ခဲ့သော ၈ နှစ် က

အားနည်းချက် (၁) နွေရာသီလိုကာလမျိုးမှာ ရေထဲက အောက်စီဂျင်ပါဝင်မှုကနည်းနေတတ်ပါတယ်။ အဲဒီလိုကာလမျိုးမှာ ကန်နဲ့မွေးတဲ့ငါးတွေကအောက်စီဂျင် ပြည့်ပြည့်ဝဝရတဲ့ ရေအပေါ်ယံမျက်နှာပြင်ဘက်တက်လာပြီး အသက်ဆက်နိုင်ပါတယ်။ လှောင်အိမ်နဲ့ မွေးတဲ့ငါးတွေမှာတော့ ငါးအရေအတွက်နဲ့ ရေမျက်နှာပြင်အကျယ်အဝန်းနဲ့ မမျှတဲ့အတွက်အောက်စီဂျင်မလောက်ငှဘဲ သေဆုံးနိုင်ခြေ မြင့်နိုင်ပါတယ်။ (၂) ငါးအစာကျွေးတဲ့အခါမှာလည်း အစာတွေက ပိုက်ကိုဖြတ်ပြီးအပြင်ထွက်သွားကာ ဆုံးရှုံးမှု ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် တစ်ရက်အကြိမ်ရေများများကျွေးဖို့လည်း လိုအပ်ပါတယ်။ (3) အခြားနည်းလမ်းနဲ့ မွေးတဲ့ ငါးတွေက သဘာဝစာအတွက်ရွေးချယ်စရာများပေမယ့် လှောင်အိမ်နဲ့မွေးတဲ့ငါးတွေကသဘာဝအစားစာ ရဖို့ မလွယ်ကူပါဘူး။

မင်းမင်း
မင်းမင်း 406 လွန်ခဲ့သော ၈ နှစ် က

ပုံအရဆိုရင်တော့ ဒီငါးမွေးနည်းကို လှောင်အိမ်နဲ့ မွေးနည်းလို့ခေါ်ပါတယ်။ မြစ်၊ ချောင်း၊ အင်းစတာတွေကို ပိုက်နဲ့ လှောင်အိမ်ပုံစံဖန်တီးပြီး ငါးမွေးတာပါ။ ဒီနည်းမှာ အားသာချက်အားနည်းချက်တွေရှိပါတယ်။ အားသာချက် ကုန်ကျစရိတ်သက်သာပါတယ်။ (မြေဈေးကြီးတဲ့ နေရာတွေအတွက်ပြောတာပါ။ မြန်မာနိုင်ငံမှာတော့ ကုန်ကျစရိတ်များပါလိမ့်မယ်) လှောင်အိမ်လုပ်ရတာ လွယ်ကူပါတယ်။ ရေကန်မှာလုပ်မယ်ဆိုလည်း ကန်ရဲ့ အစိတ်အပိုင်းတစ်ခုလောက်ပဲလုပ်သွားလို့ရပါတယ်။ အသုံးပြုမှာဖြစ်လို့ ကျန်တဲ့အပိုင်းတွေကို ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းထိန်းချုပ်ရတာလွယ်ကူပါတယ်။ ငါးတွေနဲ့ သူတို့ အစာကျွေးတဲ့အခါမှာအလွယ်တကူလေ့လာစောင့်ကြည့်နိုင်ပါတယ်။ အရေးပေါ်အခြေအနေဆိုရင်လည်း အခြားတစ်နေရာတစ်ခုကိုရေကန်နဲ့မွေးတာထက်စာရင် ရောဂါကုသရတာ လွယ်ကူပါတယ်။ ရွေ့ပြောင်းရတာ လွယ်ကူပါတယ်။ ငါးတွေက ပိုက်လှောင်အိမ်ထဲမှာ ရှိနေတဲ့အတွက်ကြောင့်အခြားလာစားမယ့် ငါးရိုင်းတွေရန်ကနေ ကင်းဝေးပါတယ်။ ငါးတွေကို ဖမ်းရတာ လွယ်ကူပါတယ်။ လိုအပ်တဲ့အချိန်မှာ ကိုယ်လိုချင်တဲ့ အရေအတွက်လောက်သဘာဝရေမှာ ဖမ်းတာကလွဲရင် ကျန်တဲ့ ငါးမွေးနည်းတွေထက်စာရင်ဖမ်းနိုင်တဲ့အတွက် ငါးတွေကို အချိန်မပြတ် ရရှိအောင် စီမံနိုင်ပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်လှပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။