ဖြေကြားချက် ၃ ခု
ဆေးရွက်ကြီး(ဗမာဆေး)က သဲဆန်တဲ့မြေမှာစိုက်နိုင်ပေမဲ့ဗာဂျီးနီးယားဆေးကတော့နုံးစနယ်မြေမှာစိုက်သင့်ပါတယ်..မြေမာသဲဖုန်းမြေမှာလည်းစိုက်ကြပါတယ်။အရွက်အရောင်မလှဘူး..ထိပ်ဖျားဝါပြီးနီကြောင်ကြောင်အနားတွေဖြစ်ရတာ ပိုတက်ရှ်ဓာတ်နည်းပြီးပုလဲယူရီးယားများနေရင်ဖြစ်တတ်ပါတယ်။ဒါကြောင့်မြေဆီသုံးတဲ့အခါမှာယူရီးယားအချိုးနည်းတာကိုသုံးသင့်ပါတယ်..10:16:22မြေသြဇာသုံးသင့်ပါတယ်.ဒါမှအရွက်အရောင်လှပြီးဝယ်သူအကြိုက်ဖြစ်မှာပါ (တောင်သူအများစုကအရွက်အလေးချိန်စီးအောင်းပုလဲမြေသြဇာကိုပိုသုံးကြလို့ အရည်အသွေးမကောင်းလို့စျေးနှိမ်ခံရတာပါ). .မြေဆီကျွေးတဲ့အခါမြေခံမှာတစ်ကြိမ်,စိုက်ပြီး၁လသားမှာတစ်ကြိမ်(ကျင်းစနစ်). .၂ကြိမ်ခွဲကျွေးသင့်ပါတယ်ခင်ဗျာ။
ေဆးရွက်ကြီး စိုက်ပျိုးလျှင် မှိုဖြူရောဂါသည် ဆိုးရွားသောအပင်ရောဂါဖြစ် သည်။ ခါးရိရောဂါကျတတ်သော်လည်း ပျိုးပင်ဘဝမှာသာ ကျတတ်သည်။ ဆေးရွက်ကြီး ပင်တွင်လည်း ပိုးမွှား ကျရောက်ပါသည်။ ဆေးပင်စည် ဖြတ်ပိုးဖြစ်သည်။ ဆေးပင်ပျိုးရာတွင် ရေမဝပ်ဘဲ အစိုဓာတ်အမြဲရှိနေရန် ပြုလုပ်ပြီး ဘောင်နှင့်ပျိုးရသည်။ အလျားပေ ၃၀၊ အနံ သုံးပေခွဲ ပျိုးဘောင်တွင် ဆေးမျိုးစေ့နှင့်ပြာရောပြီး ပျိုးကြရသည်။ ပြီးလျှင် ပျိုးဘောင်ပေါ်၌ ကောက်ရိုး၊ ပဲစင်းငုံရိုးတို့ ဖုံးအုပ်ထားရ သည်။ ပျိုးသက် ၄၅ ရက်ရှိလျှင် စိုက်ခင်းကိုရွှေ့ပြောင်းစိုက်ကြရသည်။ စိုက်ပျိုးရာတွင် အမြစ်ကောက်နေသောပျိုးပင်များကို ဖယ်ထားရ သည်။ မစိုက်ကြ။စိုက်ခင်းသည် ထယ်ရေးနက်နက်၊ ညက်ညက်ပြုပြင်ပြီး ပင်ကြားနှစ်ပေ၊ တန်းကြားသုံးပေးခွဲဖြင့် စိုက်ကြသည်။ အဓိ ကမှာမြေပြုပြင်ရာတွင် မြေအောင်းပိုးသတ်ဆေးထည့်ရသည်။ ဓာတ်မြေဩဇာမှာလည်း ပေါ်ကာစ၊ အသုံးပြုကာစဖြစ်၍ နည်းပညာ ပေးကြရသည်။ တစ်ဧကလျှင် ယူရီးယား တစ်အိတ်၊ တီစူပါအိတ်ဝက်နှင့် ပိုတက် အိတ်ဝက် ထည့်ရန် ပြောကြားကြရသည်။ ဆေးပင် ပြုစုရာတွင် ခေါင်ဖူးနှိမ်ပေးမှု၊ အောက်လက်အရွက်များ ချွေပေးမှု ပြုလုပ်ကြရသည်။ ခေါင်နှိမ်ရာတွင် အရွက်ခူးရန် ၁၆ ရွက်မှ ၁၈ ရွက် ခန့်ချန်၍ နှိမ်ရသည်။ ခေါင်နှိမ်ပြီးလျှင် ဘေးတက်များ ထွက်လာတတ်၍ မရှည်ခင် ဖြတ်ပေးရသည်။ ဆေးပင်သည် မျိုးစေ့ခံယူရန်မှအပ အပင်ထိပ်၌ ပန်းခိုင်လုံးဝမထားရှိရပါ။ အရွက်ကိုသာ အဓိကယူပါသည်။ အပင်များ စိုက်ပျိုးပြီးလျှင် ပေါင်းသင်မြေဆွ လုပ်ကိုင်ရသည်။ ဆေးရွက်များကြီးလာပါက လုပ်ငန်းမဝင်ကြတော့ပါ။
ဆက်စပ်မေးခွန်းများ
ဆီအုန်းဆီသီးသန့်ရောင်းမယ်သူရှိလားခင်ဗျာ
ဖြေကြားချက် 1 ခု
အရွယ်ရောက်သောဆီအုန်းပင်မသီးဒါဘာကြောင့်လဲ
ဖြေကြားချက် 0 ခု
ကျွန်းပင်စိုက်ပျိုးရေးနဲ့ပတ်သတ်ပီး အသေးစိတ်လေ့လာချင်ပါတယ် လမ်းညွန်ပေးပါ
ဖြေကြားချက် 1 ခု
အုန်ပင်စိုက်ချင်လို့ ဘယ်လ ဘယ်အချိန် နှစ်ဘယ်လောက်ကြာမှသီးတာလေး သိချင်ပါတယ်
ဖြေကြားချက် 1 ခု
စိုက်ပျိုးရေးမူဝါဒ၅ချက်ကိုသိချင်လို့ပါခဗျ သိတဲ့ဆရာများပြောပေးကြပါခဗျ
ဖြေကြားချက် 2 ခု