FAAလုပ်ရန် ပုံထဲကထန်လျက်၊ငါးဆိုအစင်ပြေပြီပေါ့ ထန်လျက်ကိုချေဖို့လိုအပ်သေးလားဗျ စဥ့်အိုး၃ပုံ၂ပုံစစ်ရည်လီတာဘယ်လောက်ပါလဲဧက၄၀ဘယ်နှအိုးလုပ်ဖို့လိုလဲ ဖြေပေးကြပါအုံးဗျာ နောက်၈ရက်လောက်ဆိုလုပ်တော့မှာမို့။ပုံထဲကမေးခွန်တွေလဲဖြေပေးပါအုံးဗျာ။
FAAပြုလုပ်နည်းတွေအမျိုးမျိုးရှိပါတယ်..အဆင်ပြေနိုင်မဲ့နည်းကိုပြောပြပါ့မယ်..ငါး၁ပိဿာအသုံးပြုမယ်ဆိုရင်ထန်းလျက်ကိုလည်းဆတူအသုံးပြုသင့်ပါတယ်။ထန်းလျက်၁ပိဿာကိုရေ၁လီတာ(ရေသန့်၁ဗူးစာ)ထည့်ပြီးကြိုပါ..ထန်းလျက်အရည်ပျော်သွားရင်ပြီးအအေးခံ..ပြုလုပ်မဲ့အိုး/ပုံးထဲထည့်..လုံအောင်ပိတ်ထားရပါမယ်(တချို့တွေက ထန်းလျက်ကိုမကြိုတော့ဘဲဒီအတိုင်းထည့်ပါတယ်..ကြိုက်သလိုလုပ်နိုင်ပါတယ်။)ငါး၁ပိဿာအသုံးပြုအချဥ်ဖောက်မယ်ဆိုရင် စစ်ရည်က ရေသန့် ၁ဗူးခွဲ..၂ဗူးနီးပါးရနိုင်ပါတယ်။၁ဗူးခွဲဘဲရမယ်ဆိုရင် ဆေးဖျန်းပုံး၁ပုံးကိုFAAစစ်ရည် ၅ဇွန်းနှုန်းထည့်သုံးမယ်ဆိုရင် ဆေးဖျန်းပုံး ပုံး(၃၀)နီးပါးအသုံး ပြုနိုင်မှာဖြစ်ပါတယ်။၁ဧကကို ၅ပုံးဖျန်းမယ်ဆိုရင် ၆ဧကစာအသုံးပြုနိုင်တာပေါ့။ဒါကလည်း၁ကြိမ်ဖျန်းဖို့အတွက်ဘဲရှိသေးတယ်နော်။ဒါကြောင့်၁ကြိမ်စအသုံးပြုပက်ဖျန်းဖို့အတွက် ဧက၄၀အတွက် ပိုပိုသာသာလေးအဖြစ် ငါးနဲ့ထန်းလျက်ကို ၈ပိဿာမှ ၁၀ပိဿာစီ အသုံးပြုသင့်ပါတယ်။အိုးထဲထည့်ရာမှာ အိုးအပြည့်မထည့်ရဘဲအိုးရဲ့၃ပုံ၂ပုံထိဘဲထည့်ပြီး၃ပုံ၁ပုံခန့်ကိုလေဟာနယ်အဖြစ်ထားပြီးလေလုံအောင်ပိတ်ထားရပါမယ်။EMကတော့ ငါးပိုမိုဆွေးမြေ့အောင်ထည့်ကြတာပါ.၅ဇွန်းခန့်ဆိုရင်ရပါတယ်(တချို့ကယူရီးယားပုလဲထည့်ကြပါတယ်)။တချို့တောင်သူတွေဆိုရင် ဆားခါး ၁ဇွန်းထည့်ကြပါတယ်..အနည်းလိုအာဟာရ မဂ္ဂနီဆီယမ်ဓာတ်ပါလို့လေ။အချဥ်ဖောက်တာပိုမြန်ချင်ရင် ထန်းလျက်ပိုထည့်ပေးပါ။FAAကစနစ်တကျသိုလှောင်သိမ်းဆည်းမယ်ဆိုရင် ၆လခန့်ထိအထားခံပါတယ်.. ထန်းလျက်ရည်ထည့်ပေးခြင်းဖြင့်တာရှည်ခံမှုကိုဆွဲဆန့်နိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ငါးအမိုင်နိုအက်စစ်ကအချင်ဖောက်ပြီးတဲ့အချိန်ကစပြီးဘယ်နှစ်လလောက်ခံမလဲ အချင်ဖောက်ပြီးအရည်စစ်ထုပ်ရင်ဘယ်အချိန်စစ်စစ်...
ဖြေကြားချက် 2 ခု
အပင်ဖြစ်ထွန်းဖို့ဘာဆေးသုံးရမလဲ?အပင်သက်တန်း၁၅ရက်ရပြါပီ
ဖြေကြားချက် 2 ခု
ငါးအမိုင်နိုလုပ်တာ လောက်တတ်ရင်ပျက်စီးလား
ဖြေကြားချက် 2 ခု
စိုက်ပျိုးရေးပညာရှင်အကိုအမတို့ပဲတီစိမ်းအတွက် ဇီဝ ပိုးသတ်ဆေးပြုလုပ်နည်းနဲ့ငါးအမိုင်နို ပြုလုပ်ပုံလေးအသေးစိတ်...
ဖြေကြားချက် 2 ခု
ငါးအမိုင်နှိအက်စ်လုပနည်းလေးသိ ချင်လို့ပါကျေးဇူးပါ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။