အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၆ ခု

စိုးပိုင်
စိုးပိုင် 643 လွန်ခဲ့သော ၆ နှစ် က

နှမ်းမျိုးဘယ်လိုခေါ်လဲဗျ ဘယ်မှာဝယ်လို့ရလဲပြောပေးပါဗျ

U Hla Tin
U Hla Tin 10,510 လွန်ခဲ့သော ၆ နှစ် က
Aung Ko Win
Aung Ko Win 174 လွန်ခဲ့သော ၆ နှစ် က

ပုံပို့ထားတဲ့အတိုင်းဖြစ်​နေလို့ဘာ​ဆေးပတ်ရမှာလဲဗျာ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၆ နှစ် က

ဦးနိုင်လင်းအောင်ခင်ဗျာ..မမေမြတ်မော်ညွှန်းထားတဲ့"နှမ်းစိုက်ပျိုးနည်း" စာတန်းလေးကိုထောက်ကြည့်လိုက်ရင်သိနိုင်ပါတယ်။ကျွန်တော်ကတော့ အဓိကအချက်လေးတွေတင်ပြပါ့မယ်. ပထမဦးဆုံးနှမ်းရဲ့သဘော သဘာဝကိုသိသင့်ပါတယ်။နှမ်းပင်က အပူချိန်နဲ့အလင်းရောင်ကိုကြိုက်ပါတယ်.အစိုဓာတ်ကိုနှစ်သက်ပေမဲ့ရေဝပ်တာကိုတော့မခံနိုင်ပါ။အစိုဓာတ်ကလည်းများစွာမလိုဘဲမိုဖွဲဖွဲရွာထားသလောက်မျိုးအစိုဓာတ်ရှိရင်ကိုဘဲအဆင်ပြေပါတယ်။ နှမ်းပင်မှာအစိုဓာတ်အလိုအပ်ဆုံးက ပန်းပွင့်ချိန်နဲ့ပန်းပွင့်မှုကုန်ဆုံးချိန်တို့ဖြစ်တာကြောင့်အဲဒီအချိန်တွေ​မှာရေအစိုဓာတ်ရှိနေအောင်ပြုလုပ်ပေးရပါမယ်။ဒါကြောင့်အစိုဓာတ်ထိန်းနိုင်တဲ့ နုံးစနယ်မြေ,မြေစေးဆန်တဲ့မြေတွေမှာစိုက်ရင်ပိုသင့်လျော်ပါတယ်။နောက် တစ်ခုက သူ့ရဲ့ရေသောက်မြစ်က ၁ပေခွဲခန့်ရှိတာမို့ ထယ်ရေထယ်နက်နက်ထိုးပေးသင့်ပါတယ်။မြေဆီကျွေးတဲ့အခါမှာအသုံးပြုမဲ့ပုလဲယူရီးယားတစ်ဝက်ရယ်..တီစူပါနဲ့ပိုတ်အားလုံးကိုမြေခံမှာထည့်သွင်းပေးသင့်ပါတယ်။ကျန်တဲ့ ပုလဲယူရီးယားတစ်ဝက်ကို ပန်းစပွင့်ချိန်မှာဒုတိယအကြိမ် ကျွေးသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ နှမ်းပင်က ဆင့်ကဲဆင့်ကဲပွင့်သီးမှုသဘာဝရှိတာမို့ နောက်ထပ်ပွင့်မဲ့အပွင့်တွေအားကောင်းစေမှာဖြစ်ပါတယ်. အသီးတောင့်ဖြစ်မှုလည်း ကောင်းပါတယ်။အခုအခါမှာတော့မြေထဲကိုဒုတိယအကြိမ်ထည့်မကျွေးတော့ဘဲ ပန်းပွင့်ပြီဆိုတာနဲ့ ပုလဲ+လက်ချားရွက်ဖျန်းအားဆေးကို ၅ရက်ကိုတစ်ကြိမ်နှုန်းနဲ့ ၂ကြိမ်.၃ကြိမ် ပက်ဖျန်းပေးကြပါတယ်။နှမ်းရိတ် သိမ်း..နှမ်းခါပြီးတာနဲ့ ကျန်တဲ့နှမ်ရိုးတွေကိုမီးမရှို့ပစ်ဘဲ နုပ်နုပ်ဆင်းပြီးစိုက်ခင်းထဲပြန်ထည့်ထားပေးမယ်ဆိုရင် ပိုတက်ဓာတ်ကိုပြန် လည်ရရှိမှာဖြစ်ပါတယ်။နောက်တစ်ချက်ကနှမ်းအပင်မှုန်းတာပါ။အပင်၂ပါတ်သားခန့်ကစပြီး အပင်မကြပ်အောင်မှုန်းပေးရပါမယ်..ပက်ပက်စက်စက်မှုန်းရပါမယ်.မနှမြောရပါဘူး။တစ်ကျင်း/ တစ်မြုံမှာ အသန်ဆုံး ၂ပင်ဘဲအများဆုံးထားသင့်ပါတယ်။အပင်ငယ်စဥ် ပေါင်းရှင်းရင်း နှမ်းမှုန်း တဲ့အလေ့အကျင့်ပြုမူသင့်ပါတယ်။စိုက်တဲ့အခါမှာလည်း တန်းကြားကို ကိုင်းဖြာမျိုးဆိုရင် ၁၅လက္မထက်ပိုမထားသင့်ပါဘူး။

မေမြတ်မော်
မေမြတ်မော် 47,133 လွန်ခဲ့သော ၆ နှစ် က

နှမ်း စိုက်ပျိုးနည်း စာတန်းလေးဖိလေ့လာပေးပါ။

နိုင်လင်းဦး
နိုင်လင်းဦး 116 လွန်ခဲ့သော ၆ နှစ် က

ဘယ်လိုအစာကျွေးရသလဲ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။