အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

68,534 လွန်ခဲ့သော ၆ နှစ် က

ပဲတီစိမ်းကို မြန်မာပြည်အထက်ပိုင်းတွင် မိုးကြိုရာသီတွင် ဖေဖော်ဝါရီလလယ်မှ မတ်လလယ်၊ မိုးရာသီ၌ မေလလယ်မှ သြဂုတ်လလယ်များတွင် စိုက်ပျိုးရပါတယ်။ မြန်မာပြည်အောက်ပိုင်းတွင် မိုးနှောင်းသီးထပ်အဖြစ် စိုက်ပျိုးပါက အစိုဓာတ်မီစေရန် နိုဝင်ဘာလတွင်းအပြီး စိုက်ပျိုးတယ် လို့သိရပါတယ်။

82,997 လွန်ခဲ့သော ၆ နှစ် က

ပဲတီစိမ်းကို မိုးနှောင်းကာလမှာ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်းစိုက်ပျိုးနိုင်ပြီး အဝါရောင်မိုစေ့ ရောဂါဒဏ်ခံနိုင်သော ရေဆင်း ၁၁နှင့် ရေဆင်း၁၄ မျိုးများစိုက်ပျိုးသင့်ပါတယ်။ ပဲတီစိမ်း စိုက်ပျိုးခြင်း ဆောင်းပါး လေးထဲမှာ အသေစိတ်လေ့လာနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။