ဖြေကြားချက် ၁ ခု
အင်္ဂလိပ်အမည် ….. Coffee ရူပဗေဒ ……… Cofea spp. မျိုးရင်းအမည် ……… Rubiaccae ၁။ ကော်ဖီမျိုးများ ရူပဗေဒလက္ခဏာကွဲပြားခြားနားချက်များအရ Coffee Arabica မျိုး C.liberica မျိုးနှင့် C.excelsa မျိုးဟူ၍(၄)မျိုးရှိသည်။ မြန်မာနိုင်ငံတွင် ပင်လယ်ရေမျက်နှာပြင်အထက်မြင့် အလိုက်ဖြစ်ထွန်းမှုအေခြအနေပေါ်မူတူ၍ ကုန်းမြင့်ကော်ဖီမျိုးနှင့် ေမြနိမ့်ကော်ဖီမျိုးဟူ၍ (၂)မျိုးခွဲ ထားပါသည်။ ကုန်းမြင့်မျိုးများမှာ C.arabica မျိုးများဖြစ်ပြီး ေမြနိမ့်ကော်ဖီမျိုးများမှာ အများအားဖြင့် C.robusta နှင့် C.liberica မျိုးများဖြစ်ပါသည်။ ကုန်းမြင့်ကော်ဖီမျိုးများမှာ အများအားဖြင့် C.robusta နှင့် C.liberica မျိုးများဖြစ်ပါသည်။ ကုန်းမြင့် ကော်ဖီမျိုးများမှာပင်လယ်ရေမျက်နှာပြင်အထက် ပေ(၂၇၀၀)မှ (၅၄၀၀)အတွင်း ဖြစ်ထွန်းပြီး ေမြနိမ့် ကော်ဖီမျိုးများမှာ ပင်လယ် ရေမျက်နှာပြင်မှ အထက်ပေ(၂၇၀၀)အထိအတွင်း ဖြစ်ထွန်းသည်။ ၂။ မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့်ဒေသ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် အကြီးအကျယ်စိုက်ပျိုးကြသည်။ ကယားပြည် နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်လည်းအနည်းငယ်စီ စိုက်ပျိုးကြသည်။ ေမြနိမ့်ကော်ဖီမျိုးများကို ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ တနလာင်္ရီတိုင်းများတွင်စိုက်ပျိုးဖြစ်ထွန်းပါသည်။ မှတ်ချက်။ ။ ကော်ဖီမျိုး(၄)မျိုး၏ ရူပဗေဒလက္ခဏာကွဲပြားခြားနားချက်များကို နောက်ဆက်တွဲ(၂)ဖြင့်ဖော်ပြထားပါသည်။ ၃။ ေမြနေရာ ရွေးချယ်ခြင်း ကော်ဖီစိုက်ခင်းေမြနေရာသည် ရေစီးဆင်းမှုကောင်းမွန်သည့်ပြန့်ပြူးညီညာသောေမြနေရာဖြစ်သင့်ပါသည်။ တောင်စောင်းများတွင်စိုက်ပျိုးပါက ဆင်ေခြလျှော(၁၀ မှ ၁၅)ရာခိုင်နှုန်းသာရှိသင့်ပြီးတော်စောင်းရှည်လျားပါက (၃၅)ရာခိုင်နှုန်း ထိစိုက် ပျိုးနိုင်ပါသည်။ တောင်စောင်းမတ်စောက်လွန်းပါက ကွန်တိုနှင့် လှေကားတစ်များဖော်ထုတ်စိုက်သင့်ပါသည်။ ၃။ ေမြအမျိုးအစား အပေါ်ယံေမြသားနက်ပြီး သစ်ဆွေးဓာတ်ကြွယ်၀သော ေမြမျိုးသည်အသင့်တော်ဆုံးဖြစ်ပါသည်။ လေ၀င်လေထွက်ကောင်းမွန်ပြီး ရေမ၀ပ်သောအေခြအနေရှိရန်လိုအပ်ပါသည်။ ေမြအချဉ်ငံဓာတ် pH(၇)အောက်တွင်စိုက်ပျိုးဖြစ်ထွန်းသော်လည်းPH(၄.၅) မှ (၅.၅) အတွင်းမှာအကောင်းဆုံးဖြစ်ပါသည်။ ၅။ ရာသီဥတု အကြမ်းအားဖြင့်တစ်နှစ်ပတ်လုံး ညီမျှစွာမိုးရွာသွန်းသည့်အေးမြသောရာသီဥတုကိုနှစ်သက်ပါသည်။ အစိုဓာတ် (၇၈ မှ ၈၅ရာခိုင်နှုန်း) အပူချိန်(၁၃ မှ ၂၆)ဒီဂရီစင်တီဂရိတ်နှင့် တစ်နှစ်မိုးရေချိန် (၁၉၀၀ မှ ၂၀၀၀)မီလီမီတာ ရှိရန်လိုအပ်ပါသည်။ ကော်ဖီသည် လင်းတာကို ကြိုက်ပ်သဖြင့်တစ်ရက် (၁၃)နာရီထက် ကျော်သည့်ဒေသများတွင်သီးပွင့်မှုမရှိသဖြင့် လင်းတာတိုဗေဒများတွင်သာစိုက်ပျိုးဖြစ်ထွန်းနိုင် ပါသည်။ ၆။ မျိုးစေ့ခံယူရေးနှင့် ပြုပြင်ခြင်း မိ်ျုးစေ့ခံယူမည့်အမိပင်သည် သက်တမ်း(၆)နှစ်မှ(၈)နှစ်ခန့်ရှိပြီး အပင်ရှင်သန်ကြီးထွားမှုအသီးတင်မှုနှင့် အပင်ပုံသဏ္ဍန်စသည့် လက္ခဏာ များကောင်းမွန်သော အပင်များကို ရွေးချယ်ဆွတ်ခူးရပ်မည်။ ဆွတ်ခူးပြီးသည့် အသီးများကို ရေစည်ပိုင်းတွင်ထည့်၍ရေစိမ့်ပြီး ရေပေါ်နေသော အပင်မပေါက်နိုင်သည့် အသီးညံ့များကိုဖယ်ပစ်ရမည်။ ရွေးချယ်ထားသောအသီးများကို အခွံချွတ်၍ အချဉ်ပေါက်စေရန်၊ တစ်ညခန့်ရေစိမ်ထားရမည်။ နောက်တနေ့တွင်ရိနေသော အသီးခွံနှင့် အသီးများကို အသားများကိုရေဖြင့်စင်အောင်ဆေးေကြာဖယ်ရှားပစ်ရသည်။ ဆေးေကြာပြီးအစေ့များကို အရိပ်အောက်တွင် (၁၀)ရက် ကြာခန့် လေသလပ်အေခြာက်ခံရသည်။ အစိုဓါတ် ရာခိုင်နှုန်း(၁၅ မှ ၁၈)ကျန်သည်အထိအေခြာက်ခံရသည်။ မျိုးစေ့များကို ဆွတ်ခူး ပြုပြင်ပြီးမကြာမီ အချိန်အတွင်းစိုက်ပျိုးသင့်သည်။ သို့ရာတွင်ပြာဖြင့်လူးနယ်၍ ေခြာက်သွေ့သောနေရာတွင်သိုလှောင်ခြင်းဖြင့် အချိန် ကာလအတန်ကြာသည်အထိ အပင်ပေါက်နှုန်းများစွာ မကျဆင်းအောင် ထိန်းသိမ်းနိုင်ပါသည်။ Credit:
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အပင်လေးတွေက ဝါနေပါတယ် ဘာအားဆေးဖျန်းရင်ကောင်းမလဲ ရိုဘတ်စတာကော်ဖီပါရှင့်
ဖြေကြားချက် 2 ခု
Bokashi..အကြောင်းဆွေးနွေးသွားပေးကြပါလားဗျ
ဖြေကြားချက် 3 ခု
လျှော်ဖြူပင်ကြား ကော်ဖီစိုက်လို့ရလား
ဖြေကြားချက် 1 ခု
အရည်အသွေးညံ့ဖျင်းမှု ကိုဘယ်လိုကာကွယ်ရမလဲ။
ဖြေကြားချက် 0 ခု
ေကာ်ဖီပင်ဝါေနတာေရာဂါေကြာင့်လားသိချင်ပါတယ်ခင်မျ
ဖြေကြားချက် 0 ခု