ဖြေကြားချက် ၁ ခု
ရေဆင်းကုလားပဲ-၄ ကို ဒေသအခေါ်အဝေါ်အားဖြင့် ကုလားပဲလုံးဝါကြီးမျိုး ဟုလည်းကောင်း ခေါ်ဝေါ်သုံးစွဲကြောင်းလေ့လာသိရှိပါသည်။ ရေဆင်းကုလားပဲ-၄ သည် အသက်လျင်၊ အထွက်ကောင်း၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိခြင်း၊ လယ်သီးထပ် အတွက် စိုက်ပျိုးသင့်သောမျိုးဖြစ်ပါသည်။ ရေဆင်း-၆ ကို ဒေသအခေါ်အဝေါ်အားဖြင့် ကုလားပဲတာဘွန်မျိုး ဟုလည်းကောင်း ခေါ်ဝေါ်သုံးစွဲကြောင်းလေ့လာသိရှိရပါသည်။ ရေဆင်း-၆ သည် အသက်လျင်၊ အထွက်ကောင်း၊ ညှိုးသေရောဂါနှင့် အပူဒဏ်ခံနိုင်ရည်ရှိခြင်း၊ ရေသွင်းစိုက်ဒေသနှင့် လယ်သီးထပ်အတွက် စိုက်ပျိုးသင့်သောမျိုးဖြစ်ပါသည်။ (အချက်အလက်များကို စိုက်ပျိုးရေးဦးစီးဌာန call center မှဖြေဆိုပေးထားတာဖြစ်ပါတယ်။) နှစ်မျိုးလုံးကတော့ ရောဂါဒဏ်ခံနိုင်တဲ့ဗီဇတွေပါဝင်တာကြောင့် လူကြီးမင်းရဲ့ဒေသမှာလည်းအစိုက်များပြီး ဈေးကွက်ပိုရတဲ့မျိုးကိုရွေးချယ်စိုက်ဖို့ အကြံပြုချင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ကုလားပဲရေဆင်း ၁၂ အကြောင်းသိချင်လို့ပါရှင့်
ဖြေကြားချက် 2 ခု
ကုလားပဲ 929 အပင်သက်ဘယ်ေလာက်ရှိသလဲ ဘယ်မှာဝယ်လို့ရလဲ ပဲခူးတိုင်အေနာက်ကြို့ပင်ေကာက်က
ဖြေကြားချက် 2 ခု
ကုလားပဲ စိုက်ချင်လို့ ဘယ်ဟာ ကောင်းလဲ အလင်းပြပေးပါ ဆရာတို့
ဖြေကြားချက် 1 ခု
ကုလားပဲ မျိုးစေ့ ရချင်လို့ဗျ
ဖြေကြားချက် 1 ခု
ကုလားပဲ 929မျိုးအကြောင်းသိရှိပါရစေ
ဖြေကြားချက် 1 ခု